Cancun ကာကွယ်စောင့်ရှောက်မှုများ (Cancun safeguards) ဆိုသည်မှာ ၂၀၁၀ခုနှစ်တွင် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းထိန်းချုပ်ရေးဆိုင်ရာသဘောတူညီချက် (UNFCCC)၏ ၁၆ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံတွင် REDD+ အတွက် ချမှတ်ပေးခဲ့သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ ဖြစ်ပါသည်။ ထိုကာကွယ်စောင့်ရှောက်မှုများသည် REDD+ လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးဖြစ်အောင် လျှော့ချ၍ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
The Cancun ကာကွယ်စောင့်ရှောက်မှုများ
[REDD+] လုပ်ငန်းများကို ဆောင်ရွက်သောအခါတွင် အောက်ပါ ကာကွယ်စောင့်ရှောက်မှုများကို အားပေးမြှင့်တင်ခြင်းနှင့် ပံ့ပိုးခြင်းများ ပြုလုပ်ပေးသင့်ပါသည် –
(က) ထိုလုပ်ငန်းများသည် နိုင်ငံအဆင့် သစ်တောအစီအစဉ်များ၏ ရည်ရွယ်ချက်များ၊ သက်ဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များကို ဖြည့်စွက်ထောက်ပံ့ပေးခြင်း သို့မဟုတ် ကိုက်ညီစေခြင်း၊
(ခ) နိုင်ငံ၏ ဥပဒေများနှင့် အချုပ်အခြာအာဏာကို ထည့်သွင်းစဉ်းစားလျက် ပွင်လင်းမြင်သာရှိပြီး ထိရောက်သော နိုင်ငံအဆင့် သစ်တောစီမံအုပ်ချုပ်ဖွဲ့စည်းပုံများ ထားရှိခြင်း၊
(ဂ) သက်ဆိုင်ရာ နိုင်ငံတကာဝတ္တရားများ၊ နိုင်ငံအခြေအနေများနှင့် ဥပဒေများကို ထည့်သွင်းစဉ်းစားလျက်၊ ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြေငြာစာတမ်းကို ထောက်ခံအတည်ပြုထားခြင်း အား သိရှိသတိပြု၍ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အသိပညာဗဟုသုတများနှင့် အခွင့်အရေးများကို အလေးထာလေးစားခြင်း၊
(ဃ) ဆီလျော်ဆက်စပ်သည့် အကျိုးသက်ဆိုင်သူများ၊ အထူးသဖြင့် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အပြည့်အဝနှင့် ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုရှိခြင်း၊
(င) အဆိုပါလုပ်ငန်းများသည် သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်သည့်လုပ်ငန်းများနှင့် လိုက်လျောညီထွေမှုရှိပြီး [REDD+] လုပ်ငန်းများကို အသုံးပြု၍ သဘာဝတောများကို ပြောင်းလဲအသုံးပြုခြင်း မပြုအောင် ဆောင်ရွက်ရန်နှင့် ထိုလုပ်ငန်းများကို သဘာဝတောများနှင့် ၎င်းတို့၏ ဂေဟစနစ်ဝန်ဆောင်မှုများအား ထိန်းသိမ်းကာကွယ်ရန် နှင့် အခြားလူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများ တိုးမြှင့်ရရှိစေရေးအတွက်သာ ဖြစ်စေခြင်း။*
(စ) ကာဗွန်ထုတ်လွှတ်မှုလျော့ကျသွားမှုများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မှု (reversals) ကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ဆောင်ချက်များ၊
(ဆ) ကာဗွန်ထုန်လွှတ်မှုများ နေရာပြောင်းရွှေ့ဖြစ်ပေါ်မှု (displacement) ကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ဆောင်ချက်များ၊
*ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်းနှင့် အပြည်ပြည်ဆိုင်ရာမိခင်ကမ္ဘာမြေနေ့တို့တွင် ပါရှိသည့်အတိုင်း နိုင်ငံအများစုရှိ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် ဒေသခံပြည်သူများ၏ ရေရှည်လုပ်ကိုင်စားသောက်နိုင်မည့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများနှင့် ၎င်းတို့၏ သစ်တောများအပေါ် အပြန်အလှန်မှီခိုနေမှုများကို ထည့်သွင်း စဉ်းစားရန် ဖြစ်ပါသည်။
ရည်ညွှန်း – UNFCCC ဆုံးဖြတ်ချက်အမှတ် 1/CoP 16
UNFCCC ၏ ဆုံးဖြတ်ချက်များအရ REDD+ ကို အကောင်အထည်ဖော်နေသောနိုင်ငံများသည် ကာကွယ်စောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍ အဓိကသတ်မှတ်ချက် သုံးခုကို ပြည့်မီအောင် ဆောင်ရွက်သင့်ပါသည် –
– မည်သည့်ရန်ပုံငွေရင်းမြစ်နှင့် ရန်ပုံငွေအမျိုးအစားဖြင့်ဆောင်ရွက်သည်ဖြစ်စေ REDD+ လုပ်ငန်းများကို အကောင်အထည်ဖော်နေ သည့်ကာလတစ်လျှောက်လုံးတွင် Cancun ကာကွယ်စောင့်ရှောက်မှုများကို အားပေးမြှင့်တင်ပံ့ပိုးရန်၊
– Cancun ကာကွယ်စောင့်ရှောက်မှုများကို မည်သို့ ကိုင်တွယ်ဆောင်ရွက်နေကြောင်းနှင့် လေးစားလိုက်နာလျက်ရှိကြောင်း သတင်း အချက်အလက်များကို ပံ့ပိုးပေးသည့်စနစ်တစ်ခု (ကာကွယ်စောင့်ရှောက်မှုသတင်းစနစ်၊ SIS) တည်ထောင်ရန်နှင့်၊
– REDD+ လုပ်ငန်းများ အကောင်အထည်ဖော်နေသည့် ကာလတစ်လျှောက်လုံးတွင် Cancun ကာကွယ်စောင့်ရှောက်မှုများအားလုံး ကို ကိုင်တွယ်ဆောင်ရွက်ပုံနှင့် လေးစားလိုက်နာပုံ အချက်အလက်အနှစ်ချုပ်အစီရင်ခံစာများ တင်သွင်းရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံအစိုးရသည် မြေအသုံးချမှုနှင့် သစ်တောကဏ္ဍရှိ အသွင်ကူးပြောင်းမှုများမှ တစ်ဆင့် ရာသီဥတုဒဏ်ကိုခံနိုင်သော၊ ကာဗွန်ထုတ် လွှတ်မှုနည်းသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက် မှု ရရှိရေးအတွက် အထောက်အကူဖြစ်စေရေး REDD+ ကို အသုံးပြု ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။ REDD+ ကို အသုံးပြုခြင်းဖြင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းကို လျှော့ချပြီး တစ်ချိန်တည်းတွင် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင် အားပေးနိုင်မည်ဖြစ်ပါသည်။ မြန်မာ့သစ်တောများသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးတွင် ပါဝင် ကူညီပေးနိုင်သလို ၎င်းတို့ ပံ့ပိုးပေးလျက်ရှိသော ဂေဟစနစ်ဝန်ဆောင်မှုများမှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ပြုနိုင်သဖြင့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDGs)များ၏ ရည်မှန်းချက်အများ အပြား ပြည့်မြောက်ရေး ကူညီပေးနိုင်ပါသည်။
မြန်မာနိုင်ငံသည် အမျိုးသားအဆင့်ကာကွယ်စောင့်ရှောက်မှုများ ချဉ်းကပ်ခြင်းများကို ၂၀၁၇ခုနှစ်တွင် စတင်ခဲ့ပါသည်။ နိုင်ငံအဆင့်တွင် အထက်ဖော်ပြပါ ကာကွယ်စောင့်ရှောက်မှုများကို ကျင့်သုံးရန်အတွက် ပွင့်လင်းမြင်သာ၍ ထိရောက်မြန်ဆန်သောလုပ်ငန်းစဉ်တစ်ခုကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအစိုးရသည် သစ်တောနှင့် မြေအသုံးချမှုကဏ္ဍများရှိ လုပ်ဆောင်ချက်များသည် ပတ်ဝန်းကျင် ရေရှည်တည်တံ့ခြင်းနှင့် လူမှုသာတူညီမျှမှုတို့ကို အထိခိုက်ခံကာ ဆောင်ရွက်မည်မဟုတ်ကြောင်း သေချာစေရန် ဆောင်ရွက်နိုင်ဖြစ်သည်။
This website is made possible through support from the REDD+ Naga Project, and the UN-REDD Programme Myanmar