Myanmar Safeguards Information

ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်

အခြေခံစည်းမျဉ်း - ဆ

အခြေခံစည်းမျဉ်း ဆ။  မြန်မာနိုင်ငံရှိ REDD+ မူဝါဒများနှင့် နည်းလမ်းများအား ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ရာတွင် ကာဗွန်ထုတ်လွှတ်မှု များ နေရာရွှေ့ပြောင်းဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရန် သို့မဟုတ် အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် ရေးဆွဲဆောင်ရွက်သင့်ပါသည်။ 

စံသတ်မှတ်ချက် ဆ-၁။  အဆိုပြုထားသော REDD+ မူဝါဒ များနှင့် နည်းလမ်းများ၏ ဖြစ်နိုင် ခြေရှိမှု နှင့် အကျိုးသက်ရောက် နိုင်ခြေများကို လေ့လာဆန်းစစ် သောအခါတွင် ကာဗွန်ထုတ်လွှတ်မှု များ နေရာရွှေ့ပြောင်းဖြစ်ပေါ်မှု (displacement of emission) များ ဖြစ်နိုင်ခြေကို ထည့်သွင်းဆန်းစစ်သင့် ပါသည်။ ထိုသို့ဆန်းစစ်ရာတွင် မြေအသုံးချမှုများ သွယ်ဝိုက်ပြောင်း လဲနိုင်ခြေ (ဥပမာ မြေအသုံးချမှု သည် နေရာတစ်နေရာမှ အခြား တစ်နေရာသို့ ကူးပြောင်းသွားခြင်း) နှင့် PaM တစ်ခု၏ မှန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း အပေါ်သက်ရောက်မှု (ဥပမာ – သစ်တောပြုန်းတီးမှုအား အောင်မြင်စွာ လျှော့ချနိုင်သော PaM များပင်လျှင် မြေအသုံးချမှုသည် ကာဗွန်ကြွယ်ဝသော အခြားဂေဟ စနစ်များသို့ ကူးပြောင်းသွားခြင်းမျိုး ရှိပါက ကာဗွန်ထုတ်လွှတ်မှုများ အပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်၊ ဥပမာ သစ်ဆွေးမြေ သို့မဟုတ် သစ်အခြေခံသော လောင်စာများ သို့မဟုတ် ထုတ်ကုန် ပစ္စည်းများကို အစားထိုးသော အရာများကိုယ်တိုင်က ကာဗွန် ထုတ်လွှတ်မှု မြင့်မားနေခြင်း) တို့ကို ထည့်သွင်း ဆန်းစစ်သင့်ပါသည်။

  • နိုင်ငံအဆင့် REDD+ မဟာဗျုဟာ ရေးဆွဲသည့် လုပ်ငန်းစဉ်တွင် သစ်တောပြောင်းလဲမှုများကို ဖြစ်စေသော အကြောင်းတရားများ (သွယ်ဝိုက် အကြောင်းတရားများအပါအဝင်) ကို ဆန်းစစ်မှုပါဝင်ပြီး မူဝါဒများနှင့် နည်းလမ်းများ (PaMs) များကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေကို ဆွေးနွေးခြင်းအပါအဝင် အကျိုးသက်ဆိုင်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ နိုင်ငံအဆင့် နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ အကျိုးသက်ဆိုင်သူများထံမှ အကြံပြုချက်များကို PaM များ၏ ဒီဇိုင်းတွင် ထည့်သွင်းရေးဆွဲခဲ့ပါသည်။ (တိုင်ပင်ဆွေးနွေးမှုများအကြောင်း ကို စံသတ်မှတ်ချက် ဃ-၁ တွင် ဖတ်ရှုနိုင်ပါသည်)
  • အမျိုးသားအဆင့် အကျိုးကျေးဇူးများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ ဆန်းစစ်လေ့လာမှုတွင် အဆိုပြုထားသော REDD PaM များအတွက် နေရာရွှေ့ပြောင်းဖြစ်ပေါ်နိုင်ခြေများ (displacement သို့မဟုတ် leakage) ကိုလည်း ထည့်သွင်းဆန်းစစ်ခဲ့ပါသည်။ (ဆန်းစစ်ခြင်းအကြောင်း အသေးစိတ် ကို စံသတ်မှတ်ချက် င-၂ တွင် ဖတ်ရှုနိုင်ပါသည်) ထို့ပြင် REDD+ PaM များ အကောင်အထည်ဖော်ရန် စဉ်ဆက်မပြတ်လုပ်ဆောင်နေသည့် စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်တွင်လည်း အကျိုးသက်ရောက်မှုများ ဆန်းစစ် လေ့လာခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အချို့ PaM များအတွက် ဆန်းစစ်မှုများတွင် IEE/EIA ကဲ့သို့သော ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများ (EIA ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ၂၀၁၅ နှင့်အညီ) နှင့် ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထား တောင်းခံခြင်း (FPIC) လုပ်ငန်းစဉ်များ ပါဝင်နိုင်ပါသည်။
  • ဤစံသတ်မှတ်ချက်နှင့် သက်ဆိုင်သည်ဟုယူဆသည့် အခြားဦးစားပေးဂေဟစနစ်များနှင့် ဆက်နွှယ်သောအပိုင်း ကဏ္ဍများကို အကျိုးသက်ဆိုင်သူများနှင့် ဆွေးနွေးခဲ့ပါသည်။ ထည့်သွင်း စဉ်းစားရန် အလားအလာရှိသည့် အခြားသောဦးစားပေးဂေဟစနစ်များထဲတွင် သစ်ဆွေးမြေ/စိမ့်မြေကဲ့သို့ ကာဗွန်ကြွယ်ဝသောဂေဟစနစ်များ၊ ဒီရေတောများကဲ့သို့ သီးခြားသစ်တောဂေဟစနစ်များ၊ မြက်ခင်းပြင်များနှင့် ရေတိမ်/ ရေဝပ်ဒေသများကဲ့သို့ စိုက်ပျိုးရေးနှင့် သက်မွေးမှုလုပ်ငန်းဖိအားများ နေရာပြောင်းရွှေ့လုပ်ကိုင်နိုင်ခြေရှိ သည့် သစ်တောမဟုတ်သောဂေဟစနစ်များ ပါဝင်ပါသည်။
  • အမျိုးသားအဆင့် သစ်တောစောင့်ကြည့်လေ့လာခြင်းစနစ် (NFMS) သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့်စနစ်ဖြစ်သောကြောင့် နိုင်ငံ၏ကုန်းမြေဧရိယာ အတွင်းရှိ နေရာပြောင်းရွှေ့ဖြစ်ပေါ်မှုများ၏အရွယ်အစားနှင့် ပုံပန်းသွင်ပြင်သည် တိုင်းတာနိုင်လောက်အောင် ကြီးမား၍ အကြိမ်ရေစိတ်စိတ်ဖြစ်ပေါ်ပါက ဖော်ထုတ်သိရှိနိုင်သည့် အလားအလာရှိပါသည်။ (NFMS ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားမှုနှင့်စပ်လျဉ်းသော အချက်အလက်များကို စံသတ်မှတ်ချက် ဆ-၃ တွင် ဖတ်ရှုပါရန်)
  • အဆင့်သင့်ပြင်ဆင်ပြီး အဆင့်တွင် ဆောင်ရွက်ခဲ့သော အမျိုးသားအဆင့် အကျိုးကျေးဇူးများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို အများပါဝင်ဆန်းစစ်ခြင်းတွင် displacement (ဥပမာ စိုက်ပျိုးမြေဆိုင်ရာ ဖိအားများ၏ ပြောင်းရွှေ့ခြင်းများ၊ အစားထိုးလောင်စာများ၏ ကာဗွန်ထုတ်လွှတ်မှု၊ အခြားဒေသများမှ တရားမဝင်သော/ရည်ရှည်တည်တံ့သည့်နည်းဖြင့်မဟုတ်သော သစ်တောထွက်ပစ္စည်းများ လိုအပ်ချက်များသည်) များ ဖြစ်ပေါ်နိုင်ခြေကိုလည်း ဆန်းစစ်ခဲ့ပြီး ထိုဖြစ်နိုင်ခြေများကို လျှော့ချရန်နည်းလမ်းများကို ဖော်ထုတ်၍ PaM များ၏ ဒီဇိုင်းများအတွက် အကြံပြုချက်များကို တင်ပြခဲ့ပါသည်။
  • REDD+ PaM များ၏ အကျိုးကျေးဇူးများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများဆိုင်ရာ သတင်းအချက်အလက်များကို စနစ်တကျ သို့မဟုတ် ပုံမှန် အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်သည့် တရားဝင်လုပ်ငန်းစဉ်တစ်ခု မရှိသေးပါ။ နိုင်ငံအဆင့် REDD+ မဟာဗျုဟာ ကို ပုံမှန် ပြန်လည်သုံးသပ်မှုများ ပြုလုပ်စဉ်အတွင်းတွင် displacement များ ဖြစ်ပေါ်နိုင်ခြေကို ထည့်သွင်းစဉ်းစား နိုင်ရန်အတွက် တရားဝင်လုပ်ငန်းစဉ်တစ်ခု မရှိပါ။ REDD+ အကောင်အထည်ဖော်သော ဌာနအဖွဲ့အစည်းများ၏ ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင် မှုများ လိုအပ်ပါသည်။
  • ထိန်းသိမ်းစောင့်ရှောက်ရန်/ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်လုပ်ကိုင်ရန် အရေးကြီးသည်ဟု ယူဆသည့် အခြား ဂေဟစနစ်များ၏ တည်နေရာ၊ ကျန်းမာသန်စွမ်းမှုနှင့် အတိုင်းအတာကို သိရှိနိုင်သည့် အချက်အလက်များ (spatial data များ အပါအဝင်) မရှိပါ (အခြေခံစည်းမျဉ်း င ကို ကြည့်ပါရန်) ။

အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အကြံပြုချက်များ မှာ –

  • REDD+အကောင်အထည်ဖော်သည့်ဌာနအဖွဲ့အစည်းများသို့ပေးမည့် လမ်းညွှန်ထဲတွင် displacement ဖြစ်နိုင်ခြေ များကို သတ်မှတ်ဖော်ထုတ်စီမံကိုင်တွယ်ခြင်းအပါအဝင်၊ သစ်တောနှင့် အခြားဂေဟနစ်များ အပါအဝင် ကာကွယ် စောင့်ရှောက်မှုများအားလုံးနှင့် သက်ဆိုင်သည့် စည်းကမ်းသတ်မှတ်ချက်များအကြောင်း သတင်းအချက်အလက် များ ပါဝင်သင့်ပါသည်။ ။
  • မြန်မာနိုင်ငံရှိ ဦးစားပေးဂေဟစနစ်များဆိုင်ရာ အချက်အလက်များကို ဖြစ်နိုင်ပါက ရှာဖွေဖော်ထုတ်၊ မျှဝေ ပေးသင့် ပါသည်။ ဥပမာ အဓိကအရေးပါသည့် ဇီဝမျိုးစုံမျိုးကွဲဒေသများ၊ ဂေဟစနစ်များ၏ Red List ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ စသည်။
  • REDD+ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း (M&E) မူဘောင်တွင် REDD+ PaM များမှ displacement ဖြစ်နိုင်ခြေများအတွက် ရွေးချယ်ထားသော ညွှန်ကိန်းများ ပါဝင်သင့်ပါသည်။
  လိုက်နာကျင့်သုံး ဆ.၁.၁။ မြေအသုံးချမှုများ သွယ်ဝိုက်ပြောင်းလဲမှု၊ သစ်တော မဟုတ်သော ဂေဟစနစ်များသို့ ဖိအားများ ပြောင်းလဲကျ ရောက်မှု၊ ရုပ်ကြွင်းလောင်စာများကဲ့သို့ မြေအခြေပြုခြင်း မဟုတ်သ ည့် ရင်းမြစ်များမှ ကာဗွန်ထုတ်လွှတ်မှုများ ပြောင်း လဲဖြစ်ပေါ်ခြင်းတို့နှင့် စပ်လျဉ်းသည့် displacement  ဖြစ်နိုင်ခြေများအပါအဝင် displacement ဖြစ်ပေါ်ခြင်းကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများ ကို ဖော်ထုတ်ရန်နှင့် လေ့လာစိစစ်ရန် ဆောင်ရွက်ခဲ့သော ဆန်းစစ်လေ့လာ မှု/ လုပ်ငန်းစဉ်များ အရေအတွက်

စံသတ်မှတ်ချက် ဆ-၂။ ကာဗွန် ထုတ်လွှတ်မှုများ နေရာရွှေ့ပြောင်း ဖြစ်နိုင်ခြေအန္တရာယ်ကို ဖော်ထုတ် တွေ့ရှိသော နေရာများတွင် မူဝါဒ များနှင့် နည်းလမ်းများအား သင့် လျော်သည့် ပုံစံဖြင့် ရွေးချယ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ခြင်းတို့မှတစ်ဆင့် ယင်းတို့အား ကိုင်တွယ်ဆောင် ရွက်သင့်ပါသည်။

  • REDD+ PaM များနှင့်စပ်လျဉ်း၍ ထိခိုင်နိုင်ခြေများကို ယခုအချိန်အထိ မည်သို့သတ်မှတ်ဖော် ထုတ်ခဲ့ကြောင်း သတင်းအချက်အလက်များကို စံသတ်မှတ်ချက် စ-၁ တွင် ကြည့်ပါရန်။ REDD+ မူဝါဒများနှင့် နည်းလမ်းများ (PaMs) များ၏ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်သည့်လုပ်ငန်းစဉ်တို့တွင် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချရန်နှင့် အကျိုးကျေးဇူး များကို မြှင့်တင်ရန် နည်းလမ်းများကို အများပါဝင်မှုဖြင့် အကြံပြုတင်ပြခြင်း၊ အကြံပြုချက်များ ပေးခြင်းတို့ကို ထည့်သွင်းလုပ်ဆောင်ပါသည်။
  • PaM အတွက် ရင်းနှီးမြှုပ်နှံမှု/လုပ်ငန်း အစီအစဉ်များ မူကြမ်းထဲသို့ ပေါင်းစပ် ထည့်သွင်း သွားမည်ဖြစ်သည်။
  • မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် REDD+အတွက် လက်ခံကျင့်သုံးသွားမည့် အခြားသော နည်းလမ်းအချို့ကလည်း displacement ဖြစ်နိုင်ခြေများကို လျှော့ချရာတွင် အထောက်အကူဖြစ် ပါလိမ့်မည်။ ဥပမာ REDD+ PaM များအတွက် ဒေသခံပြည်သူများ၏ ရေရှည်ထောက်ခံပံ့ပိုးမှုရရှိစေရန် ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထား တောင်းခံခြင်း (FPIC) ကို ကျင့်သုံးခြင်း နှင့် သာတူညီမျှရှိသော အကျိုးအမြတ်ခွဲဝေခြင်းစနစ် တစ်ခု ထူထောင်ခြင်း။
  • ထို့ပြင် အဆိုပါဖြစ်နိုင်ခြေအန္တရာယ်များကို လျှော့ချရာတွင် အထောက်အကူပြုနိုင်မည့် တရားဝင် မူဘောင်အစိတ်အပိုင်း အချို့ (ဥပမာ မြန်မာနိုင်ငံ NDC အတွင်းရှိ သစ်တောဖုံးလွှမ်းမှု၊ သန့်ရှင်းသောစွမ်းအင်နှင့် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ဖွံ့ဖြုးမှုဆိုင်ရာ ရည်မှန်းချက်များ) နှင့် PaM အချို့ရှိပါသည်။
  • နိုင်ငံအဆင့် REDD+ မဟာဗျုဟာ ရေးဆွဲစဉ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းအဆင့်နှင့် REDD+ ၏ အကျိုးအမြတ်အလားအလာနှင့် ထိခိုက်ဆုံးရှုံးနိုင်မှုများကို အကဲဖြတ်နိုင်ရန် ထိုခိုက်ဆုံးရှုံးမှုများကို လျော့ချရန်နှင့် အကျိုးအမြတ်များကို တိုးပွားရန် အကြံပြုထားသည့် ပူးပေါင်းပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်/လုပ်ငန်း အစီအစဉ်များမူကြမ်းတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အကြံပြုချက်များ၏ ဖော်ထုတ်ပုံကို တို့ ပါဝင်ပါသည်။
  • REDD+ PaMs များသည် ကာဗွန်ထုတ်လွှတ်မှု ၏ ထိခိုက်မှုများ ဖြေရှင်းရန်အတွက် အထောက်အကူပြနိုင်ပါသည်။ တရားဝင်နှင့် ရေရှည်တည်တံ့သော သစ်ထုတ်လုပ်ခြင်း၊ မတူကွဲပြားသော ကာကွယ်တောထိန်းသိမ်းခြင်း အစီအစဉ်များ အထောက်အပံ့ပေးခြင်း၊ ကျေးလတ်ဒေသ လျှပ်စစ်မီးရရှိရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များအား အရှိမ်မြှင့်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။
  • အမျိုးသားမူဝါဒပြောင်းလဲခြင်းကဲ့သို့ အဆင့်မြင့်ပိုင်းမှ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် လူမှုစီးပွားဆိုင်ရာ အပြောင်းအလဲများ သည်လည်း REDD+ ရလဒ်များ ရေရှည်တည်တံ့ရေး အပေါ် ထိခိုက်နိုင်ပါသည် (သို့သော် ယင်းသည် REDD+ အစီအစဉ်မှ ကိုင်တွယ် ဖြေရှင်းနိုင်သည့် အတိုင်း အတာ ပြင်ပတွင် ရှိနေနိုင်ပါသည်)
  • တိုင်းဒေသကြီး/ပြည်နယ်နှင့် အောက်အဆင့်များရှိ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ဌာနအဖွဲ့အစည်းများကြား ပေါင်းစပ်ညှိနှိုင်းမှုများသည် REDD+ အတွက် displacement ဖြစ်နိုင်ခြေများအပေါ် သက်ရောက်မှု ရှိနိုင် ပါသည်။
အဆိုပါစိန်ခေါ်မှုများ ဖြေရှင်းရန် အကြံပြုချက်များမှာ –
  • စံသတ်မှတ်ချက် ဆ-၁ အောက်တွင် အဆိုပြုထားသော နည်းလမ်းများကို ကြည့်ပါ။
  • PaMs နှင့် သက်ဆိုင်သော ကဏ္ဍများကြား ပေါင်းစပ်ညှိနှိုင်းမှု (ဥပမာ စွမ်းအင်နှင့် မြေအသုံးချမှု)၊ အသက် မွေးဝမ်းကျောင်းမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
လိုက်နာကျင့်သုံးဆ.၂.၁။ displacement ဖြစ်နိုင်ခြေများကို လျှော့ချရန် ညှိနှိုင်း ပြင်ဆင်မှုများ သို့မဟုတ် တွဲဖက် ဆောင်ရွက်ရမည့် နည်းလမ်း များကို ဖော်ထုတ်ခဲ့သည့် PaM များ ရာခိုင်နှုန်း၊
ဆ.၂.၂။ အကောင်အထည်ဖော်စဉ်ကာလအတွင်း displacement  များ ဖြစ်ပေါ်နိုင် ခြေများကို လျှော့ချရန် ဖော်ထုတ်ထားသည့် နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများရှိသည့် PaM များ ရာခိုင်နှုန်း၊
ဆ.၂.၃။ ရေရှည်လုပ်ကိုင်စား သောက်နိုင်သော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ညွှန်းကိန်း (င.၄.၂ နှင့်ချိတ်ဆက်)၊
ဆ.၂.၄။ စီမံကိန်းများ ရေးဆွဲခြင်း ကိရိယာနှင့်ဆိုင်သည့် ညွှန်းကိန်း (ခ.၃.၂ နှင့် ချိတ်ဆက်)၊

စံသတ်မှတ်ချက် ဆ-၃။ နိုင်ငံအဆင့် သစ်တောစောင့်ကြည့် လေ့လာမှု စနစ်ကို ဒီဇိုင်းရေး ဆွဲရာတွင် မြေအသုံးချမှု သွယ်ဝိုက်ပြောင်း လဲခြင်းကြောင့် ဖြစ်ပေါ်လာသော ကာဗွန်ထုတ်လွှတ်မှုများ နေရာရွှေ့ ပြောင်းဖြစ်ပေါ်မှုကို ဖော်ထုတ် သိရှိ၍ စီမံကိုင်တွယ်နိုင်သည့် စနစ်မျိုးဖြစ်အောင် ရေးဆွဲ သင့်ပါသည်။

  • အမျိုးသားသစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း (NFI) နှင့် အမျိုးသားသယံဇာတ စောင့်ကြည့်စစ်ဆေးခြင်းစနစ် (NFMS) နှင့်သတင်းစနစ် တို့ကို ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ၅ နှစ် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပါသည်။ (စံသတ်မှတ်ချက် ခ-၄ ကိုကြည့်ပါ)
  • NFMS တွင် အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။ ခေတ်မီ open source နှင့် open access အခြေခံသော အဝေးမှ စူးစမ်းလေ့လာခြင်းစနစ်များ နှင့် စွမ်းဆောင်ရည်များ အသုံးပြုခြင်းအပါအဝင် ဂြိုလ်တုဓာတ်ပုံများအခြေခံသည့် မြေယာစောင့်ကြည့်စစ်ဆေးသည့်စနစ်ကို အားကောင်းအောင် လုပ်ဆောင်ခြင်း၊ NFI အသစ်တစ်ခုကို ဘက်စုံဆောင်ရွက်ခြင်း အပါအဝင် သစ်တောသယံဇာတများကို ကွင်းဆင်းဆန်းစစ်နိုင်မှု စွမ်းရည်များမြှင့်တင် ခြင်းတို့ ပါဝင်ပါသည်။
  • နိုင်ငံအဆင့် REDD+ မဟာဗျုဟာ အရ မြန်မာနိုင်ငံသည် အဓိကကျသော မြေဖုံးလွှမ်းမှုအမျိုးအစားများ၏ မြေအသုံးချမှုပြောင်းလဲခြင်းများကို စောင့်ကြည့်စစ်ဆေးနိုင်စွမ်းရှိပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC) လမ်းညွှန်ချက်များအရ approach 2 ဖြင့် လုပ်ဆောင်မှုဆိုင်ရာ အချက်အလက်များ (activity data) ကို တိုင်းတာတွက်ချက်နိုင်ပါသည်။ ရည်မှန်းထားသည်မှာ အနာဂတ်တွင် activity data များကို approach 3 ဖြင့် တိုင်းတာနိုင်မည့် စွမ်းဆောင်ရည်များ ရရှိရန်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နယ်မြေဒေသဆိုင်ရာ အပြောင်းအလဲ များကို တိကျစွာဖော်ထုတ်သိရှိနိုင်စွမ်းကို ဆိုလိုပါသည်။ Displacement များကို ဖော်ထုတ်သိရှိရန်နှင့် စီမံခန့်ခွဲရန် သီးခြားစွမ်းရည်များနှင့် အသုံးပြုမည့် နည်းစနစ်များကို ပြုစုမြှင့်တင်ခြင်း မပြုရသေးသည့်တိုင် အနာဂတ် NFMS စနစ်တည်ထောင်သောအခါတွင် ယင်းကို အဆိုပြုသွားမည်ဖြစ်ပါသည်။
  • REDD+ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း (M&E) မူဘောင်တွင် REDD+ PaM များ၏ ရေရှည်တည်တံ့နိုင်မှုနှင့် သက်ရောက်မှုများအတွက် ရွေးချယ်ထားသော ညွှန်ကိန်းများ ပါဝင်ရပါမည်။ ထိုညွှန်ကိန်းများကို SIS စနစ်တွင်လည်း ထည့်သွင်းရန် မျှော်မှန်းထားပါသည်။
  • ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • NFMS ၏ ဒီဇိုင်းမူကြမ်းတွင် displacement များကို အဓိပ္ပါယ်ဖွင့်ဆိုရန်၊ ဖော်ထုတ်သိရှိနိုင်ရန်နှင့် စီမံကိုင်တွယ် နိုင်ရန်နည်းစနစ်များ ယခုအချိန်အထိ အတိအကျမပါရှိသေးပါ။ Displacement များကို ဖော်ထုတ်သိရှိ စီမံခန့်ခွဲနိုင်မှုစွမ်းရည်များကိုသော်လည်းကောင်း၊ သစ်တောဦးစီးဌာနရှိအချက်အလက်များကို အခြေခံ၍ လုပ်ဆောင်မှုဆိုင်ရာ အချက်အလက်များ (activity data) တွက်ချက်ခြင်းနှင့် ပိုမိုအသေးစိတ်သော ထုတ် လွှတ်မှုဆိုင်ရာ အချက်အလက်များ တွက်ချက်ခြင်းတို့အတွက် စွမ်းရည်များကိုသော်လည်းကောင်း မြှင့်တင် ပေးရန် လိုအပ်ပါသည်။

အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် –

  • NFMS အတွက် လမ်းညွှန်ချက်/ စံလုပ်ထုံးလုပ်နည်းများတွင် က) displacement များ၏ အဓိပ္ပါယ်ဖွင့်ဆို ချက်နှင့် displacement ဖြစ်ရပ်များကို ဖော်ထုတ်သိရှိရန် စံသတ်မှတ်ချက်များ၊ ခ) အဆိုပါဖြစ်ရပ်များကို အစီရင်ခံတင်ပြရန် နှင့် နောက်ဆက်တွဲ စီမံကိုင်တွယ်ရန် လုပ်ငန်းလမ်းညွှန်များကို ပေါင်းစပ်ထည့်သွင်း ပေးသင့်ပါသည်။
  လိုက်နာကျင့်သုံး ဆ.၃.၁။ ဖော်ထုတ်သိရှိသည့် displacement ဖြစ်ပေါ်မှု အရေ အတွက်နှင့် ထိခိုက်သည့်
 ဧရိယာ၊ နောက်ဆက်တွဲ စီမံအုပ် ချုပ်မှုလုပ်ငန်းများမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းခဲ့သည့်
 displacement အရေအတွက်/ ယင်းသို့ ဆောင်ရွက်ခဲ့သည့် ဧရိယာ

စံသတ်မှတ်ချက် ဆ-၄။  ကာဗွန် ထုတ်လွှတ်မှုများ ရွှေ့ပြောင်း ဖြစ် ပေါ်မှုကို ဖော်ထုတ်တွေ့ရှိရာမှ ရရှိခဲ့သော သင်ခန်းစာများအား အနာဂတ် မူဝါဒများနှင့် နည်းလမ်း များကို ဒီဇိုင်း ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားကာ ရေးဆွဲ သင့်ပါသည်။

  • REDD+ မူဝါဒများနှင့် နည်းလမ်းများ (PaMs) များအကောင်အထည်ဖော်မှုနှင့် ရရှိလာသော ရလဒ်များကို လုပ်ငန်းစဉ်းများနှင့် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းတို့ ဆောင်ရွက်ပါမည်။ ပုံမှန် စောင့်ကြည့်လေ့လာခြင်းနှင့် REDD+ အကောင်အထည်ဖော်မှုအား သုံးသပ်ခြင်း (စံသတ်မှတ်ချက် င-၆ ကို ကြည့်ပါရန်)၊အမျိုးသားသစ်တောသယံဇာတ စောင့်ကြည့်စစ်ဆေးခြင်းစနစ် NFMS မှတစ်ဆင့် သစ်တောဖုံးလွှမ်းမှုနှင့် မြေဖုံးလွှမ်းမှုအပြောင်းအလဲကို စောင့်ကြည့်စစ်ဆေးခြင်း နှင့် REDD+ ရလဒ်များကို တွက်ချက်ခြင်း (စံသတ်မှတ်ချက် ဆ-၃ ကို ကြည့်ပါရန်)နှင့် ကာကွယ်စောင့်ရှောက်မှုများအားလုံးကို ကိုင်တွယ်ဆောင်ရွက်ပုံနှင့် လေးစားလိုက်နာပုံများကို SIS စနစ်မှ တစ်ဆင့် စောင့်ကြည့်စစ်ဆေးခြင်းတို့ ပါဝင်ပါသည်။
  • အသုံးပြုမည့်နည်းစနစ်များနှင့် စွမ်းရည်များကို ဖော်ထုတ်မြှင့်တင်ရန် လိုအပ်နေဆဲဖြစ်သော်လည်း ဖော်ထုတ် တွေ့ရှိသော မည်သည့် displacement ကိုမဆို ဆန်းစစ်လေ့လာသွားရန် မျှော်မှန်းထားပြီး ၎င်းတို့ဖြစ် ပေါ်ရခြင်း အကြောင်းရင်းများ နှင့် သင့်လျော်သည့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများကို သိရှိအောင် ဆောင်ရွက်မည်ဖြစ်ကာ ထိုဖြစ်ရပ်များ ဖြစ်ပွားမှုကို ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြမည်ဖြစ်သည်။ အဆိုပါဆန်းစစ်လေ့လာမှုများမှ ရရှိသော သင်ခန်းစာများကို နိုင်ငံအဆင့် REDD+ မဟာဗျုဟာ ၏ ပုံမှန်သုံးသပ်မှုတွင် ထည့်သွင်းသုံးသပ်သွားမည်ဖြစ်သည်။
  • ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • နိုင်ငံအဆင့် REDD+ မဟာဗျုဟာ အတွက် စောင့်ကြည့်စစ်ဆေးမှုနှင့် သုံးသပ်လေ့လာမှု လုပ်ငန်းစဉ်များ၊ စွမ်းဆောင်ရည်နှင့် အသုံးပြုမည့်နည်းလမ်းများသည် ရေးဆွဲနေဆဲ ဖြစ်ပါသည်။
အဆိုပါ စိန်ခေါမှုများကို ဖြေရှင်းရန် –
  • နိုင်ငံအဆင့် REDD+ မဟာဗျုဟာ ၏ ပုံမှန် ပြန်လည်သုံးသပ်မှုအတွက် လုပ်ငန်းလမ်းညွှန် (Terms of reference) ထဲတွင် reversal များ နှင့်/သို့မဟုတ် displacement များ (အခြေခံစည်းမျဉ်း စ ကိုလည်း ကြည့်ပါရန်) ဖြစ်ပေါ်မှု ရရှိသော သင်ခန်းစာများကို မှတ်တမ်းတင်ရန်နှင့် ဆန်းစစ်လေ့လာရန် ပါရှိရပါမည်။ ဤပြန်လည် သုံးသပ်မှုတွင် REDD+ PaM များ၏ ရေရှည်တည်တံ့နိုင်မှုနှင့်စပ်လျဉ်း၍ မှတစ်ဆင့် စုဆောင်းရရှိသော အချက်အလက်များပေါ်တွင်လည်း အခြေခံသုံးသပ်နိုင်မည်ဖြစ်ပါသည် (စံသက်မှတ်ချက် ဆ-၁ ကို ကြည့်ပါရန်) ။
  လိုက်နာကျင့်သုံး ဆ.၄.၁။ အနာဂတ်တွင် displacement များ ဖြစ်ပေါ်မှုကို ရှောင်ရှား နိုင်ရန် PaM များ နှင့်/
 သို့မဟုတ် REDD+ လုပ်ငန်းစဉ်များကို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် အရေအတွက်၊