Myanmar Safeguards Information

ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်

အခြေခံစည်းမျဉ်း - ဂ

အခြေခံစည်းမျဉ်း ဂ  မြန်မာနိုင်ငံရှိ REDD+ မူဝါဒများနှင့် နည်းလမ်းများအား ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ရာတွင် ဌာနေတိုင်းရင်းသား များ[1]နှင့် ဒေသခံလူထု[2]၏ အသိပညာဗဟုသုတနှင့် အခွင့်အရေးများကို လေးစားရန် ရေးဆွဲအကောင်အထည်ဖော်သင့်ပါသည်။

စံသတ်မှတ်ချက် ဂ-၁။  REDD+ မူဝါဒများနှင့် နည်းလမ်းများသည် ဆန္ဒမပါသော နေရာရွှေ့ပြောင်း ရမှုများ မဖြစ်အောင် ရှောင်ရှားသင့် ပြီး ဌာနတိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများ၏ မြေယာနှင့် သယံဇာတများ အသုံးပြုခွင့်ကို လေးစားသင့်သည် (ယင်းသည် ဥပဒေက ပြဋ္ဌာန်းပေးထားသော အခွင့်အရေးများနှင့်သာမက ဒေသခံ လူမှုအသိုင်းအဝိုင်းက အသိအမှတ် ပြုထားသည့် မိရိုးဖလာ ရိုးရာ အခွင့်အရေးများနှင့်လည်း သက်ဆိုင်ပါသည်) ။

ဌာနေတိုင်းရင်းသားလူမျိုးများ” အား အဓိပ္ပါယ်ဖွင့်ဆိုချက်

  • မြန်မာနိုင်ငံ၏ တရားဝင် မူဘောင်ထဲတွင် ‘ဌာနေတိုင်းရင်းသားလူမျိုးများ’ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မတွေ့ရပါ။ ထို့ကြောင့် ကာကွယ်စောင့်ရှောက်မှုများကို နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီစေရန် အဓိပ္ပါယ်ရှင်းလင်းဖွင့်ဆိုချက်ကို ဆောင်ရွက်သောအခါ ရှင်းလင်းတိကျသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကို သဘောတူ သတ်မှတ်ရန် လိုအပ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပါသည်။ သို့သော် ‘ဌာနေတိုင်းရင်းသားများ’ နှင့် ‘တိုင်းရင်း သားလူမျိုးများ’ ကို ရည်ညွှန်းဖော်ပြထားသည့် စာရွက်စာတမ်းအချို့တော့ ရှိနေပါသည်။
  • နိုင်ငံအဆင့် REDD+ မဟာဗျူဟာ နောက်ဆုံးမူကြမ်းတွင် တွင် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပါဝင်ပါသည်။ ‘ဌာနေကိစ္စရပ်များ ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းဖိုရမ်မှ ပြဋ္ဌာန်းထားသည့် “ဌာနေတိုင်းရင်းသားလူမျိုးများ” အဖြစ် သတ်မှတ်ရန် လိုအပ်သည့် အခြေအနေများနှင့် ကိုက်ညီသော လူမျိုးစုများကို မြန်မာနိုင်ငံ၏ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း များတွင် အခေါ်အဝေါ်အမျိုးမျိုးကို အသုံးပြု၍ ရည်ညွှန်းထားသည်ကို တွေ့ရပါသည်။ ဤမဟာဗျူဟာတွင် ထိုလူမျိုးစု များကို “တိုင်းရင်းသားလူနည်းစု(များ)” ဟု ခေါ်ဝေါ်သုံးနှုန်းထားပါသည်။’
  • EIA လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် “တိုင်းရင်းသားမျိုးနွယ်စု” ဆိုသည်မှာ “ပင်မလူ့အဖွဲ့အစည်းနှင့် လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများ ကွဲပြားခြားနားမှုရှိပြီး ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များမှ ဖြစ်ပေါ်သော ဆိုးကျိုးသက်ရောက်မှုများကြောင့် ယင်းတို့၏အကျိုးစီးပွားကို ထိခိုက်လွယ်စေသည့် မျိုးနွယ်စု” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။
  • အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဒေသခံတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်း (UNDRIP) နှင့် ဌာနေတိုင်းရင်းသားနှင့် မျိုးနွယ်စုများ ကွန်ဗင်းရှင်း၊ ၁၉၈၉ (ILO No. 169) (ဤကွန်ဗင်းရှင်းကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထားခြင်း မရှိသော်လည်း) ကဲ့သို့ နိုင်ငံတကာမှ လက်ခံထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း ရည်ညွှန်းကိုးကားကြပါသည်။

‘တိုင်းရင်းသားလူမျိုးစုများ’ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “တိုင်းရင်းသားများ” နှင့် “တိုင်းရင်းသားလူမျိုးများ” ဟူ၍ ရည်ညွှန်းသုံးစွဲထား ခြင်းများကို တွေ့ရပြီး မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုစာရင်းရှိပါသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေတွင် ပါရှိသည့် “တိုင်းရင်းသားလူမျိုး များ” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့ကြသော လူမျိုးများကို ဆိုသည်” ဟု ဖြစ်ပါသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူ များ နှင့် ဧည့်နိုင်ငံသားများ မပါဝင်ပါ။

“ဒေသခံပြည်သူများ” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

  • မြန်မာနိုင်ငံ တရားဝင် မူဘောင်ထဲတွင် ‘ဒေသခံပြည်သူများ’ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိပါ။ ဒေသခံအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၂၀၁၉) တွင် အသုံးပြုသူများအဖွဲ့တွင် ပါဝင်ခွင့် ရှိသူတွင် ပြည့်မီရမည့် အရည်အချင်းအဖြစ် သစ်တောများအတွင်း သို့မဟုတ် သစ်တောများအနီး ငါးမိုင်ပတ်လည် အတွင်း ငါးနှစ်ကြာ တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်ခဲ့သူဟူ၍ သတ်မှတ်ထားပါသည်။ ။

မြေယာနှင့် သယံဇာတများ အသုံးပြုခွင့် 

  • မြန်မာနိုင်ငံ၏ တရားဝင် မူဘောင်တွင် တရားဝင်အသိအမှတ်ပြုထားသော မြေယာပိုင်ဆိုင် လုပ်ကိုင်ခွင့်များ၊ အထူးသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် သို့မဟုတ် အခြားတရားဝင် စာရွက်စာတမ်းများ ကိုင်ဆောင်ထားသူများအတွက် ကာကွယ်စောင့်ရှောက်မှုများ ပေးထားပါသည်။ ဥပမာ ကြိုးပြင် ကာကွယ်တော၊ ကြိုးဝိုင်းသစ်တော သို့မဟုတ် သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ကြေညာခြင်းကဲ့သို့ အများပြည်သူအကျိုးအလို့ငှာ မြေသိမ်းယူမှု လုပ်ထုံးလုပ်နည်းများ (ဥပမာ သစ်တောဥပဒေ၊ ၂၀၁၈ နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေ၊ ၂၀၁၈ အရ) သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုစီမံချက်တစ်ခုအတွက် လိုအပ်ချက်အရ မြေသိမ်းယူ ရသောအခါ (မြေသိမ်းအက်ဥပဒေ၊ ၁၈၉၄၊ မြေသိမ်းယူခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြည်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ၊ ၂၀၁၇)၊
  • လယ်ယာမြေဥပဒေ (၂၀၁၂) သည် တောင်သူလယ်သမားများကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ (LUC’s) လျှောက်ထားခွင့်ပြုခြင်းဖြင့် မြေယာလုပ်ပိုင်ခွင့် ခိုင်မာမှုရှိအောင် ပံ့ပိုးပေးထားပါသည်။ LUC များမှ ကာကွယ် ပေးထားသော အခွင့်အရေးများထဲတွင် လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်ကို ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်တို့ ပါဝင်ပါသည်။ LUC မှ သတ်မှတ်ထားသော ကန့်သတ်ချက်များထဲတွင် လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်း မပြုရန်နှင့် လယ်ယာမြေကို လှပ်ထားခြင်း မပြုရန်တို့ ပါဝင်ပါသည်။
  • အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် မြေအသုံးချမှုစီမံကိန်းရေးဆွဲသည့်လုပ်ငန်းစဉ် ကို အများပါဝင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်သင့်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမတင်ထားသည်ဖြစ်စေ မြေအသုံးချမှုအခွင့်အရေးများ အားလုံးကို အကာအကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် အဆိုပါမူဝါဒတွင် အလှည့်ကျအနားပေး တောင်ယာစိုက်ပျိုးခြင်းကို အခြေခံစားဝတ်နေရေးအတွက် စိုက်ပျိုးခြင်းနှင့် အလားတူဟုယူဆရန် လိုအပ်ပြီး ရိုးရာ မြေအသုံးချမှုအခွင့်အရေးများနှင့် စပ်လျဉ်း၍ အပြည့်အဝထည့်သွင်းစဉ်းစားပေးသင့်သည့် တရားဝင်စိုက်ပျိုးခြင်း ပုံစံတစ်ခုအဖြစ် အသိအမှတ်ပြုထားပါသည်။
  • ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှာက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈) တွင်လည်း ဒေသခံပြည်သူများ၏ အခွင့်အရေးများကို ဖော်ပြထားချက် ပါဝင်ပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် သတ်မှတ်တည်ထောင်မည့် နယ်မြေဒေသရှိ အများပြည်သူတို့၏ အခွင့်အရေးထိခိုက် နစ်နာမှုများအတွက် သင့်လျော်သော အခွင့်အရေးများ၊ အကျိုးခံစားခွင့်များကို ဝန်ကြီးဌာန (MONREC) ၏ သဘောတူညီချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပါသည်။
  • ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ (၂၀၁၉) တွင် အချို့သောသစ်တော မြေများပေါ်၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရန် ခွင့်ပြု ထားသည်။ အသုံးပြုသူအဖွဲ့ဝင်များအား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧရိယာများတွင် အခြားစီမံကိန်းများ ဆောင်ရွက် ပါက သစ်တောသစ်ပင်၊ စိုက်ပျိုးသီးနှံတန်ဖိုးနှင့် ဆုံးရှုံးမှုများအတွက် လျော်ကြေးများ တောင်းဆိုခွင့်နှင့် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းမှ ပိုင်ဆိုင်ပစ္စည်းများကို အမွေဆက်ခံသူ (များ) ထံ တရားဝင်လွှဲပြောင်း ပေးခွင့်များ ပေးထားပါသည်။ ထို့ပြင် အသုံးပြုသူအဖွဲ့ဝင်များသည် ၎င်းတို့၏ ဧရိယာအတွင်း ပြင်ပမှဝင်ရောက် ထုတ်ယူခြင်း၊ ကျူးကျော်ခြင်းများကို ကာကွယ်ရာတွင် သစ်တောဦးစီးဌာန၏ အကူအညီကို ရယူခွင့်ရှိပါသည်။
  • မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) တွင် အောက်ပါမြေအမျိုးအစားများကို VFV မြေများအဖြစ် မသတ်မှတ်နိုင်ဟု ပါရှိပါသည် – (က) တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့်အညီ တောင်ယာ လုပ်ပိုင်ခွင့် ပေးအပ်ထားသည့်မြေများ၊ (ခ) ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊ (ဂ) အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့်မြေများ။
  • REDD+ အကောင်အထည်ဖော်မှုများသည် ဒေသခံပြည်သူများနှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို အားပေးထောက်ပံ့ကြောင်း သေချာအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းအချို့ကို နိုင်ငံအဆင့် REDD+ မဟာဗျူဟာ တွင် ဖော်ပြထားပါပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော နှင့် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်း စောင့်ရှောက်ထားသောနယ်မြေများ (ICCAs) ကို အတိအကျ ဖော်ပြထားပါသည်။

ဆန္ဒမပါသော နေရာရွှေ့ပြောင်းရမှု၊ မြေအသုံးချမှုကန့်သတ်ချက်များနှင့်သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ

  • EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် အိမ်ရာရွှေ့ပြောင်းရမှု သို့မဟုတ် တိုင်းရင်းသားမျိုးနွယ်စု များအပေါ် ထိခိုက်မှုရှိနိုင်သည့်စီမံကိန်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများက သီးခြားထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများ မရှိလျှင် အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရမည်ဟု ဆိုထားပါသည်။ စီမံကိန်းကြောင့် အိမ်ရာရွှေ့ပြောင်းရသူများ အတွက် စီမံချက်ဆောင်ရွက်သူသည် လက်ရှိ သို့မဟုတ် စီမံကိန်းမဆောင်ရွက်မီကာလထက် မနိမ့်ကျသော လူမှုစီးပွားရေးတည်ငြိမ်မှု ရရှိသည့်အထိ ဆောင်ရွက်ပေးရန် တာဝန်ရှိ သည်ဟုလည်း ပြဋ္ဌာန်းထားပါသည်။
  • မြေအသုံးချမှုအခွင့်အရေးများနှင့် နစ်နာမှုများကို ဖြေရှင်းပေးရန် လုပ်ထုံးလုပ်နည်းများနှင့် လျော်ကြေးများကို လယ်ယာမြေဥပဒေ (၂၀၁၂)၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သော ဥပဒေ (၂၀၁၈)၊ သစ်တောဥပဒေ (၂၀၁၈) နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈)နှင့် မြေသိမ်းအက် ဥပဒေ (၁၈၉၄) တို့တွင် ပြဋ္ဌာန်းပေးထားပြီးထားပါသည်။
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၂၀၁၅) တွင် မြေနှင့် အရင်းအမြစ်များ ဆိုင်ရာ အခွင့်အရေးများအကြောင်း မပါရှိသော်လည်း တိုင်းရင်းသား လူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ၊ စီးပွားရေးလုပ်ငန်းများ၊ သဘာဝသယံဇာတထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက စီမံကိန်းအကြောင်းအရာများကို သက်ဆိုင်ရာဌာနေ တိုင်းရင်းသားများအား ပြည်စုံ တိကျစွာ ကြိုတင်ချပြအသိပေး၍ ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပါရှိပါသည်။
  • မြန်မာနိုင်ငံရှိ အချို့စီမံချက်များသည် ဤစံသတ်မှတ်ချက်နှင့် ဆက်စပ်မှုရှိသည့် အခြားသော နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှု မူဘောင်များ သို့မဟုတ် စာရွက်စာတမ်းများကို ကျင့်သုံးဆောင်ရွက်နေကြပါသည်။ ဥပမာ- ကမ္ဘာ့ဘဏ်၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာမူဝါဒများအောက်တွင် မြေသိမ်းယူရန် လိုအပ်သော သို့မဟုတ် ဌာနေ တိုင်းရင်းသားများ အိမ်ရာရွှေ့ပြောင်းရမှု နှင့်/သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်စေနိင်သော လုပ်ဆောင်ချက်များအားလုံးအတွက် ဌာနတိုင်းရင်းသားများထံမှ လွတ်လပ်သော၊ ကြိုတင်အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း (FPIC) ကို တောင်းခံရန် သတ်မှတ်ထားပါသည်။
  • မြန်မာနိုင်ငံ UN-REDD အစီအစဉ်သည် ဒေသန္တရအဆင့်တွင် သက်ရောက်မှုများရှိနိုင်သည့် REDD+ စီမံချက်များအတွက်  လမ်းညွှန်ချက်မူကြမ်းကို ရေးဆွဲပြုစုပြီး သဘောထားရယူမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်နှင့် ရရှိထားသော သဘောတူညီမှုကို ဆက်လက် FPIC ထိန်းသိမ်းထားနိုင်ရန် ရပိုင်ခွင့်ရှိသူများနှင့် ထိရောက်စွာဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ သစ်တောဦးစီးဌာနကလည်း အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့် ပတ်သက်သည့် အဖွဲ့အစည်း (ITTO) ၏ အကူအညီဖြင့် FPIC လမ်းညွှန်ချက်များကို ရေးဆွဲထားပါသည်။ (စံသတ်မှတ်ချက် ခ-၁ ကိုလည်း ကြည့်ပါရန်)။
  • မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း (NRRP) (၂၀၁၇-၂၀၂၇) တွင် အတန်းအစားကျဆင်း နေသော သစ်တောဧရိယာများတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်းနှင့် သစ်တော စိုက်ခင်းအသစ်များပျိုးထောင်ခြင်း၊ သဘာဝတောများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဆန္ဒမပါသောနေရာရွှေ့ပြောင်းရမှုများမရှိစေရန် NRRP စီမံကိန်းကို ဒေသခံပြည်သူများ နေထိုင်ခြင်းမရှိသည့် နေရာများတွင်သာ အကောင်အထည်ဖော်ဆောင်ရွက် ပါသည်။ အကယ်၍ သစ်တောဧရိယာများအတွင်းသို့ ဒေသခံပြည်သူများ ကျူးကျော်ဝင်ရောက်မှုများ ရှိနေလျှင် သစ်တောဦးစီးဌာနက အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ပေးရန်ကမ်းလှမ်းပြီး ပြည်သူများကို အဆိုပါ သစ်တောဧရိယာများအတွင်းမှ ဖယ်ရှားပေးဖို့မလိုရလေအောင် ကူညီပေးပါသည်။
  • တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားများကို ၎င်းတို့၏အခွင့်အရေးများအား နားလည် သိရှိစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေအကြောင်း အသိအမြင်ဖွင့်ပေးသည့်အစီအစဉ် ၆၄ ခုကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ (၁၀ နှစ်လျာထား၊ ၂၀၁၉-၂၀၂၈) ကို ရေးဆွဲလျက်ရှိပါသည်။
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့် အခြားအချက်အလက်များ မရရှိနိုင်သေးပါ။
  • မြန်မာနိုင်ငံတွင် ယခု နိုင်ငံအဆင့်၌ ‘ဌာနေတိုင်းရင်းသားများ’ သို့မဟုတ် ‘တိုင်းရင်းသားလူမျိုးစုများ’ အတွက် အများလက်ခံသဘောတူသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခု မရှိပါ။ ထိုအခေါ်အဝေါ်နှစ်ခုသည် ကွဲပြားသော အဓိပ္ပါယ်များ ရှိသော်လည်း အဓိပ္ပါယ် တူညီသကဲ့သို့ အသုံးပြုလေ့ရှိပါသည်။ အလားတူပင် တရားဝင်စာရွက်စာတမ်းများတွင် ‘ဒေသခံပြည်သူများ’ ဆိုသည်ကိုလည်း ပြည့်ပြည့်စုံစုံ အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိပါ။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၂၀၁၉) တွင် ပါရှိသည့် ၅ နှစ်ကြာ နေထိုင်သူဖြစ်ရမည်ဟူသည့် သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ အကျိုးသက်ဆိုင်သူ များက စိုးရိမ်ပူပန်မှုများရှိပါသည်။ ကာကွယ်စောင့်ရှောက်မှုများအတွက် national clarification တွင် ဖော်ပြထားသည့်အတိုင်း REDD+ စီမံကိန်းရေး ဆွဲမှုနှင့် အကောင်အထည်ဖော်မှုများ ပြုလုပ်သောအခါ ‘ဒေသခံပြည်သူများ’ နှင့် ‘ဌာနေတိုင်းရင်းသားများ’ ကို သတ်မှတ်ရာတွင်ပဋိပက္ခ သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများကို ဖယ်ချန်မထားမိစေရန် သတိပြုဆောင်ရွက်သင့်ပါသည်။
  • ဌာနေတိုင်းရင်းသားများ၊ တိုင်းရင်းသား လူနည်းစုများနှင့် ဒေသခံပြည်သူများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးသည့် လုပ်ငန်းစဉ်များ သည် လက်တွေ့တွင် စိန်ခေါ်မှုများ ရှိနေပါသည်။ တရားဝင်အသုံးပြုခွင့် စာရွက်စာတမ်းများ မရှိသော အခြားမြေအသုံးပြုသူများ၏ အသုံးပြုမှုဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးမှုများ နည်းပါးနေပါသည်။
  • NLUP တွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကို တရားဝင်မိရိုးဖလာမြေအသုံးချမှု ပုံစံတစ်ခုအဖြစ် အသိအမှတ် ပြုထားသော်လည်း အခြားသော မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ အများစုတွင် ရွှေ့ပြောင်းတောင်ယာသည် သစ်တောများနှင့် ပတ်ဝန်းကျင်အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ယူဆထားပါသည်။ အချို့နေရာများတွင် မြေပိုင်ဆိုင်မှု မှတ်တမ်းများမရှိခြင်းများကြောင့် မြေငှားရမ်းခွင့်များသည်လည်း အဟန့်အတားဖြစ်နေပါသည်။
  • သစ်တောနှင့် မြေယာ ကဏ္ဍများတွင်ဆောင်ရွက်နေသည့် အစီအစဉ်များ တွင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများ (ဥပမာ IEE/EIA/SEA ဆိုင်ရာ သတ်မှတ်ချက်များ) သို့မဟုတ် FPIC လမ်းညွှန်ချက်များကို အပြည့်အဝကျင့်သုံး ဆောင်ရွက် ခြင်း မရှိသေးပါ။

စိန်ခေါ်မှုများအား ဖြေရှင်းရန် အကြံပြုချက်များမှာ –

  • ရှင်းလင်း၍ တစ်ပြေးညီသုံးစွဲသွားမည့် ‘ဌာနေတိုင်းရင်းသားများ’ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကို အဓိကအစိုးရဌာနများနှင့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များပါဝင်သော အကျိုးသက်ဆိုင်သူများနှင့် ဘက်စုံဆွေးနွေးဖလှယ်မှု လုပ်ငန်းစဉ်တစ်ခုဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (self-determination) စံသတ်မှတ်ချက်ကို ရည်ညွှန်း၍ သဘောတူသတ်မှတ် သင့်ပါသည်။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲနေမှုသည် ဤကွာဟချက်ကို ဖြည့်ဆည်းနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်ပါသည်။
  • ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူဘောင်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင် သင့်ပါသည်။ ဥပမာ ဌာနေတိုင်းရင်းသးများအခွင့်အရေးအက်ဥပဒေတစ်ရပ် ရေးဆွဲခြင်း သို့မဟုတ် ဆောင်ရွက်နေ ဆဲဖြစ်သည့် မြေဥပဒေရေးဆွဲမှုနှင့် သစ်တောဥပဒေ (၂၀၁၈) ပြင်ဆင်မှုတို့တွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းခြင်း သို့မဟုတ် ထိုနည်းလမ်းနှစ်မျိုးစလုံးဖြင့် လုပ်ဆောင်နိုင် ပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင်လည်း အဆိုပြုသည့် သက်ဆိုင်ရာဥပဒေစာသာများကို အတည်ပြုရန်အတွက် အပါအဝင် ဌာနေတိုင်းရင်းသားကိုယ်စားလှယ်များစွာ၏ ပါဝင်ဆောင်ရွက်မှုကို ရယူ သင့်ပါသည်။
  • လိုအပ်သည့်နေရာများတွင် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၏ သတ်မှတ်ချက်များ ပြည့်မီစေရန်နှင့် FPIC ကို ကျင့်သုံးရန်အတွက် အများပါဝင်သော၊ အားလုံးပါဝင်နိုင်မှုရှိသော စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များကို ဆောင်ရွက် နိုင်ရန် အစိုးရဝန်ထမ်းများကို စွမ်းရည်မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ဒေသခံအကျိုးသက်ဆိုင်သူများ (အထူးသဖြင့် ထိခိုက်လွယ်သောအုပ်စုများ) ကို အဆိုပါအကြောင်းအရာများ၊ အခြားသက်ဆိုင်ရာ REDD+ လုပ်ထုံး လုပ်နည်းများ၊ REDD+ တွင် ပါဝင်ဆောင်ရွက်နိုင်သည့် ၎င်းတို့၏ အခွင့်အရေးများ၊ ၎င်းတို့၏ အခွင့်အရေးများကို လေးစားလိုက်နာမရှိဟု ခံစားရပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ (ဥပမာ GRM၊ အောက်ပါ စံသတ်မှတ်ချက် ဂ-၅ ကို ကြည့်ရန်) ကို သိရှိစေရန် အသိပညာ ဖြန့်ဝေပေးရပါမည်။ မြေအသုံးချမှုစီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များ အားကောင်းစေရေးဆိုင်ရာ REDD+ PaM များကလည်း ဤကွာဟချက်ကို ဖြည့်ဆည်းရာတွင် အထောက်အကူ ပြုနိုင်ပါသည်။
  • မြေယာလုပ်ပိုင်ခွင့်၊ မြေအမျိုးအစားသတ်မှတ်ခြင်း နှင့် မြေအသုံးချမှု အခွင့်အရေးများဆိုင်ရာ သတင်းအချက် အလက်များရရှိနိုင်မှုနှင့် လက်လှမ်းမီမှုကို တိုးတက်ကောင်းမွန်စေရန် REDD+ ကို အထောက်အပံ့ပြုရန် ဆောင်ရွက် နေသော သတင်းစနစ်များ တည်ထောင်မှု (ဥပမာ NFMS) နှင့် အခြားဆက်စပ်လုပ်ငန်းများ (ဥပမာ One Map) ကို အသုံးပြုသင့်ပါသည်။
လိုက်နာကျင့်သုံးဂ.၁.၁။ FPIC ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် လိုအပ်ပြီး စနစ်တကျ ဆောင်ရွက်ရမည့် FPIC လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ပြည့်စုံစွာ ရေးသားထားသော စာရွက်စာတမ်းများ ရှိသည့် PaM များ ရာခိုင်နှုန်း၊
ဂ.၁.၂။ REDD+ PaM များနှင့်ဆက်စပ်၍ ပြန်လည်နေရာချ ထားပေးရမှု အရေအတွက်၊ ပြန်လည်နေရာချထားပေးရမှု ဖြစ်ရပ်များ ရှိပါက FPIC လုပ်ထုံးလုပ်နည်းများနှင့် လျော် ကြေးပေးသည့် လုပ်ငန်းစဉ်များကို သဘောတူညီချက် ရယူ ဆောင်ရွက်ထားကြောင်း ပြသ နိုင်သည့် မှတ်တမ်း အပြည့် အစုံ ရှိသော ဖြစ်ရပ် အရေအတွက်
ဂ.၁.၃ REDD+ မူဝါဒများကြောင့် ဒေသခံများ၏ အသုံးပြုခွင့် (ယင်းဒေသမှ အသိအမှတ်ပြု ထားခြင်း နှင့် မိရိုးဖလာ ရပိုင် ခွင့်များအပါအဝင်) ကန့်သတ်ခြင်းခံရသော မြေဧရိယာ
ဂ.၁.၄ မြေနှင့်သယံဇာတများ အသုံးပြုခွင့်နှင့် ပြန်လည်နေရာချထားခြင်းဆိုင်ရာ နစ်နာချက်/ မကျေနပ်ချက်များ လက်ခံရရှိသော အရေအတွက်နှင့် ဖြေရှင်းပေးပြီးသောအရေအတွက်

စံသတ်မှတ်ချက် ဂ-၂။ REDD+ မူဝါဒများနှင့် နည်းလမ်းများတွင် လက်ရှိ မြေအသုံးချမှုများကို ထည့် သွင်းစဉ်းစားသင့်ပြီး မြေယာနှင့် အရင်းအမြစ်များကို အသုံးချခွင့်ပြု သည့် တရားဝင် စာရွက်စာတမ်းများ မရှိသော ထိခိုက်လွယ်သည့် အကျိုး သက်ဆိုင်သူများ (ဥပမာ မိရိုးဖလာ မြေယာလုပ်ကိုင်ခွင့်သာရှိသော လူမှုအသိုင်းအဝိုင်းများ) အပေါ် ဆိုးကျိုးသက်ရောက်မှုများ မရှိရ လေအောင် ရှောင်ရှားသင့်ပါသည်။ ထို့ပြင် ဖြစ်နိုင်လျှင် မြေယာလက်ဝါး ကြီးအုပ် သိမ်းပိုက်မှုများကို ရှောင် ရှားနိုင်ရန် အတွက် အသုံးချပိုင်ခွင့် များကို တရားမျှတ၍ ပွင့်လင်း မြင်သာစွာ ဖွင့်ဆိုရှင်းလင်းမှုများ ပြုနိုင်အောင် ပံ့ပိုးကူညီ သင့်ပါသည်။ လိုအပ် သည့် နေရာများတွင် REDD+ PaM များအတွက် EIA/SEA ကို ဆောင်ရွက်သင့်ပါသည်။

‘ထိခိုက်လွယ်သောအုပ်စုများ’ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

  • အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက် (၂၀၁၄) တွင် မိဘမဲ့များ၊ အထူးလိုအပ်ချက်ရှိနေသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်လွယ်သော ရပ်ရွာများတွင် နေထိုင်သူများ၊ ပြန်လည်ထူထောင်ရန် လိုအပ်သူများနှင့် နာတာရှည်ရောဂါ ဖြစ်သူ/နာမကျန်းသူများကို ထိခိုက်လွယ်၍ ပစ်ပယ်ခံရသော အုပ်စုများအဖြစ် သတ်မှတ်ထားပါသည်။

လက်ရှိမြေအသုံးချမှုများနှင့် အခွင့်အရေးများကို ထည့်သွင်းစဉ်းစားခြင်း

  • စံသတ်မှတ်ချက် ဂ-၁ တွင် မြေယာနှင့် အရင်းအမြစ်များဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်းသည့် ပိုမိုအသေးစိတ်သော သတင်းအချက်အလက်များကို ဖော်ပြပေးထားပါသည်။
  • အမျိုးသား မြေအသုံးချမှု မူဝါဒ (NLUP)(၂၀၁၆) သည် မြေယာဥပဒေများ သဟဇာတဖြစ်ရေးကို ရည်ရွယ်ပါသည်။ မြေယာလုပ်ပိုင်ခွင့်များ ခိုင်မာရေး၊ တိုင်းရင်းသားများ၏ ရိုးရာမြေအသုံးချမှုအခွင့်အရေးများနှင့် တိုင်းရင်းသားနှင့် ဆက်စပ်သော လုပ်ထုံးလုပ်နည်းများအပါအဝင် မှတ်ပုံတင် ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ မြေအသုံးချမှုအခွင့်အရေးများအားလုံးကို ကာကွယ်စောင့်ရှောက်ပေးရေး တို့ ပါဝင်ပါသည်။NLUPကို အကောင်အထည်မဖော်ရသေးသော်လည်း လူထုပါဝင်ဆောင်ရွက်သည့် မြေအသုံးချမှုစီမံကိန်း ရေးဆွဲမှုများကို ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နေပါသည်။
  • ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) တွင် မိရိုးဖလာမြေအသုံးချခွင့်များကို အတိအကျ အသိအမှတ်ပြုထားခြင်းမရှိသော်လည်း နယ်မြေဒေသ တစ်ခုတွင် သဘာဝထိန်းသိမ်းနယ်မြေများ သတ်မှတ်တည်ထောင်ရန် အဆိုပြုမှုရှိပါက ထိုဒေသရှိ အများပြည်သူတို့၏ အခွင့်အရေး ထိခိုက်နစ်နာမှုများအတွက် သင့်လျော်သော အခွင့်အရေးများ၊ အကျိုးခံစားခွင့် များကို စီစဉ်ဆောင် ရွက်ပေးရမည်ဟူသည့် ပြဋ္ဌာန်းချက် ပါဝင်ပါသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေများကို အုပ်ချုပ်ရေးအာဏာပိုင် များနှင့်အတူ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်စီမံအုပ်ချုပ်မှုကို ခွင့်ပြုထားပြီး ကြားခံနယ်မြေကို အဓိပ္ပါယ်ဖွင့် ဆိုရာတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ကို ဆောင်ရွက်ရန် ခွင့်ပြုနိုင်သည့် နယ်မြေအဖြစ် ဖွင့်ဆိုထားပါသည်။
  • လယ်ယာမြေဥပဒေ (၂၀၁၂) တွင် တောင်သူလယ်သမားများကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ လျှောက် ထားခွင့်ပြုထားပြီး ရာသီသီးနှံ သို့မဟုတ် နှစ်ရှည်သီးနှံများ စိုက်ပျိုးခွင့် ပြုထားပါသည်။ “မြေလွတ်၊ မြေလပ် သို့မဟုတ် မြေရိုင်း” (VFV) အဖြစ် သတ်မှတ်ထားသော မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုးခွင့်အား VFV စီမံခန့်ခွဲရေး ဗဟိုကော်မတီက ခွင့်ပြုပေးနိုင်ပါသည်။ VFV မြေများ စီမံခန့်ခွဲရေးနည်းဥပဒေများ (၂၀၁၂) တွင်လည်း ထိုကဲ့သို့သော မြေများသည် အမှန်တကယ် မြေလွတ်များ ဖြစ်ကြောင်း သေချာစေရန် စုံစမ်းစစ်ဆေး ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါသည်။
  • သစ်တောမြေများ တရားဝင်အသုံးပြုခွင့်နှင့် သစ်တောသယံဇာတများ လက်လှမ်းမီအသုံးပြုခွင့်ကိုမူ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၂၀၁၉) [1] အရ ဆောင်ရွက်ခွင့်လက်မှတ် ထုတ်ပေးခြင်း ဖြင့် အသိအမှတ်ပြုပါသည်။ သစ်တောစိုက်ခင်းများ ထူထောင်ခွင့်ကိုမူ သစ်တောဥပဒေ (၂၀၁၈) အရ ခွင့်ပြုပေးနိုင် ပါသည်။
  • စံသတ်မှတ်ချက် ဂ-၁ တွင် တင်ပြခဲ့သည့်အတိုင်း REDD+ မူဝါဒများနှင့် နည်းလမ်းများ (PaMs) များအတွက် FPIC ကို လိုက်နာကျင့်သုံး ရမည်ဖြစ်ပါ သည်။ ကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထား တောင်းခံခြင်း (FPIC) လုပ်ငန်းစဉ်တွင် လက်ရှိမြေအသုံးချမှုများကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး၊ မြေနှင့် သယံဇာတအရင်း အမြစ်များကို တရားဝင်အသုံးပြုခွင့် အထောက်အထားများမရှိသူများအပါအဝင် ထိခိုက်လွယ်သော အကျိုးသက်ဆိုင်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများမရှိအောင် ရှောင်ရှားရန် ရည်ရွယ်ပါ သည်။

IEE/EIA/SEA ကို ဆောင်ရွက်ခြင်း

  • ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းလုပ်ငန်း သတ်မှတ်ပြဋ္ဌာန်းချက်များအကြောင်း ပိုမိုအသေးစိတ်သော အချက်အလက်များကို စံသတ်မှတ်ချက် ခ-၂ တွင် ကြည့်ပါရန်။ သစ်တောကဏ္ဍအတွင်းနှင့် အစိုးရမှဆောင်ရွက်သော စီမံချက်များအပါအဝင် ဖွံ့ဖြိုးရေး စီမံချက် များအားလုံးသည် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) ကို လိုက်နာဆောင်ရွက်ကြရပါသည်။

အသုံးချပိုင်ခွင့်များကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ခြင်း

  • အချို့သော အဆိုပြု REDD+ PaM များတွင်လည်း စီမံကိန်း ရေးဆွဲခြင်း ကိရိယာများ အားကောင်းစေရန် အဆိုပြုထားပါသည်။ REDD+ အတွက် FPIC လုပ်ငန်းစဉ်များသည်လည်း မြေအသုံးချမှု ရပိုင်ခွင့်များ ၏ အဓိပ္ပါယ်ဖွင့်ဆိုခြင်းများကို ထောက်ပံ့မည်ဖြစ်ပါသည်။

REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။

  • ‘ထိခိုက်လွယ်သောအုပ်စုများ’၊ ‘စာရွက်စာတမ်းအထောက်အထားမရှိသော အခွင့်အရေး များ’ နှင့် ‘ရိုးရာအခွင့်အရေးများ’ အတွက် တစ်ပြေးညီအသုံးပြုနေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များမရှိပါ။ အမျိုးသား အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်တွင်ပါရှိသည့် ထိခိုက်လွယ်သောအုပ်စုများအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် တိုင်းရင်းသားလူမျိုးများနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများ မပါဝင်ခြင်း သို့မဟုတ် မြေယာလုပ်ပိုင်ခွင့် အနေအထားကို ရည်ညွှန်းထားမှုမရှိခြင်းတို့ကြောင့် ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်သည် လုံလောက်မှု မရှိနိုင်ပါသည်။ မြေယာလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်းသည့် တရားဝင်မူဘောင်များ သည် ရှုပ်ထွေးနေပြီး စာရွက်စာတမ်းများ ပြည့်စုံမှုရှိခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလိုအပ်ချက်နှင့် စပ်လျဉ်းသည့်စိန်ခေါ်မှုများ ရှိနေပါသည်။ VFV မြေများ နှင့်စပ်လျဉ်း၍ အသုံးပြုခွင့် ချထားပေးရာတွင် မြေလွတ် ဖြစ်/ မဖြစ် စုံစမ်းစစ်ဆေးမှုများကို အစဉ်အမြဲ ပြုလုပ်ခြင်းမရှိဘဲ ကဏ္ဍများကြား VFV မြေ အသုံးပြုခွင့်ချထားပေးမှုဆိုင်ရာ ပဋိပက္ခများကို မည်သို့ဖြေရှင်းသည်ဆိုသည်မှာလည်း ရှင်းလင်းမှုမရှိပါ။
  • မြေယာလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်းသည့် တရားဝင်မူဘောင်များ သည် ရှုပ်ထွေးနေပြီး စာရွက်စာတမ်းများ ပြည့်စုံမှုရှိခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလိုအပ်ချက်နှင့် စပ်လျဉ်းသည့်စိန်ခေါ်မှုများ ရှိနေပါသည်။ VFV မြေများ နှင့်စပ်လျဉ်း၍ အသုံးပြုခွင့် ချထားပေးရာတွင် မြေလွတ် ဖြစ်/ မဖြစ် စုံစမ်းစစ်ဆေးမှုများကို အစဉ်အမြဲ ပြုလုပ်ခြင်းမရှိဘဲ ကဏ္ဍများကြား ပဋိပက္ခများကို မည်သို့ဖြေရှင်းသည်ဆိုသည်မှာလည်း ရှင်းလင်းမှုမရှိပါ။
  • ထိခိုက်လွယ်သောအုပ်စုများနှင့် အစိုးရဝန်ထမ်းများသည် အချက်အလက်များနှင့် စွမ်းဆောင်ရည် မရှိမှုတို့ကြောင့် မြေအသုံးချမှုအခွင့်အရေးများကို အသိအမှတ်ပြုခြင်း သို့မဟုတ် စီမံခန့်ခွဲမှုစီမံကိန်းများရေးဆွဲခြင်း လုပ်ငန်းစဉ်များအတွင်းတွင် မြေယာလက်ဝါးကြီးအုပ်သိမ်းပိုက်မှု များ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိပါသည်။
  • သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများတွင် ကျားမခွဲခြားထားမှုများ မရှိသော်လည်း ရပိုင်ခွင့်များကို ကျင့်သုံးရာ တွင် သို့မဟုတ် တောင်းဆိုရာတွင် အမျိုးသားများနှင့် အမျိုးသမီးများသည် တူညီသောအခွင့်အရေးများ မရရှိနိုင်ပါ။ အကြောင်းရင်းအချို့မှာ ရိုးရာအစဉ်အလာကျင့်သုံးမှုများနှင့် စံသတ်မှတ်ချက်များ၊ အမျိုးသမီးများ၏ မြေယာနှင့် သယံဇာတ အရင်းအမြစ်များပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများနှင့် ပတ်သက်လာ လျှင် အုပ်ချုပ်ရေးနှင့် အဖွဲ့အစည်း ဆိုင်ရာမူဘောင်များ၏ ရှင်းလင်းမှုမရှိ ခြင်းများကြောင့် ဖြစ်ပါသည်။ ထို့ပြင် အမျိုးသမီးများတွင် များသောအားဖြင့် ၎င်းတို့၏ အခွင့်အရေးများအကြောင်း သတင်းအချက်အလက်များ မရှိတတ်ကြဘဲ သစ်တောစီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း အစည်းအဝေးများနှင့် ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်များတွင် ကိုယ်စားပြုပါဝင်နိုင်မှု နည်းပါးကြပါသည်။
အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အကြံပြုချက်များမှာ –
  • ဒေသခံအကျိုးသက်ဆိုင်သူများ (အထူးသဖြင့် အမျိုးသမီးများနှင့် ထိခိုက်လွယ်သောအုပ်စုများ) REDD+ လုပ်ထုံး လုပ်နည်းများ၊ ၎င်းတို့၏ REDD+ တွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အရေးများ၊ ၎င်းတို့၏ အခွင့်အရေးများကို လေးစားလိုက်နာမရှိဟု ခံစားရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသိအမြင်ဖွင့်ပေးခြင်း။ တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်သော အသိပညာဖြန့်ဝေမှု အစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက် ခြင်းသည် ဤကွာဟချက်ကို ဖြည့်ဆည်းနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။
  • လူထုပါဝင်ဆောင်ရွက်သည့် စီမံကိန်းရေးဆွဲမှုနှင့် စီမံအုပ်ချုပ်လုပ်ကိုင်မှုနည်းလမ်းများအတွက် စွမ်းရည်မြှင့်တင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည် (စံသက်မှတ်ချက် ဂ-၁တွင်ကြည့်ပါ)။ အဆိုပါ နည်းလမ်းများနှင့် FPIC ကို အထောက်အပံ့ဖြစ်စေမည့် နည်းလမ်းတစ်ခုအဖြစ် လူထုပါဝင်ဆောင်ရွက်သည့် mapping များ ပြုလုပ်ရန် စဉ်းစားသင့်ပါသည်။ အထူးသဖြင့် ယုံကြည်ကိုးစားနိုင်သည့်နယ်မြေဒေသဆိုင်ရာ အချက်အလက်များ (spatial data) ကို မရရှိနိုင်သည့် အခြေအနေများတွင် ဖြစ်သည်။
  • REDD+ အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများအတွက် ရေးဆွဲ၍ လမ်းညွှန်များထဲတွင် လက်ရှိမြေအသုံးချမှုများ၊ အဓိပ္ပါယ်သက်မှတ်ချက်များနှင့် လုပ်ငန်းစဉ်များနှင့် ထိခိုက်လွယ်သောအကျိုး သက်ဆိုင်သူအုပ်စုများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းအပါအဝင် IEE/EIA/SEA နှင့် FPIC နှင့် စပ်လျဉ်းသည့် တာဝန်များနှင့် လုပ်ထုံးလုပ်နည်းများအတွက် အသေးစိတ်လမ်းညွှန်မှုများကို ထည့်သွင်း ပေးသင့်ပါသည်။

လိုက်နာကျင့်သုံးဂ.၂.၁။ မြေယာလုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်းသည့် နိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများ
–  သစ်တောများနှင့် မြေယာလုပ်ပိုင်ခွင့်အမျိုးအစား အမျိုးမျိုး အောက်ရှိ အခြား မြေအသုံးချမှု
များ၏ အချိုးအစား
– အသုံးချပိုင်ခွင့် အထောက်အထားစာရွက်စာတမ်းများ မရှိဘဲ ဒေသခံအကျိုးသက်ဆိုင်သူများ အသုံးပြုနေသည့် မြေဧရိယာ၊ တိုင်းရင်းသားလူမျိုးစုအလိုက် ခွဲခြား၍ပြရန်။

ဂ.၂.၂။ REDD+ များအတွက် ဆောင်ရွက်ခဲ့သည့် EIA/SEA လုပ်ငန်းစဉ်များ အရေအတွက်နှင့်
လွှမ်းခြုံသည့် ဧရိယာ
ဂ.၂.၃။ နေရာဒေသအလိုက် ဆောင်ရွက်သော REDD+ PaM များထဲမှ လက်ရှိ မြေအသုံးချမှုများ(မြေအသုံးပြုခွင့်လက်မှတ် သို့မဟုတ် အခြား တရားဝင်စာရွက်စာတမ်းမရှိဘဲ အသုံးချမှုများအပါအဝင်) ကို ဖော်ထုတ်သိရှိရန်၊ ထိုမြေအသုံးချမှုများကို စီမံကိန်းရေးဆွဲမှုများထဲတွင် ထည့်သွင်းစဉ်းစားရန်နှင့် မြေအသုံးချမှု ပြောင်းလဲခြင်းများကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို ရှောင်ရှားရန် လုပ်ဆောင်သော လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးခဲ့ကြောင်း ပြသသည့် စာရွက်စာတမ်းမှတ်တမ်းများ ရှိသည့် REDD+ PaM များ ရာခိုင်နှုန်း၊
ဂ.၂.၄။ REDD+ များမှတစ်ဆင့် လူထုပါဝင်ဆောင်ရွက် သော၊ အားလုံးအကျုံးဝင်သော လုပ်ငန်းစဉဖြင့် ဒေသခံပြည်သူများ၏ မြေအသုံးချမှုအခွင့်အရေးများ (ဒေသခံလူမှု အသိုင်းအဝိုင်းမှအသိအမှတ်ပြုထားသော၊ မိရိုးဖလာ အခွင့်အရေးများ အပါအဝင်) ကို ရှင်းရှင်းလင်းလင်း ဖြစ်စေခြင်း၊ မြှင့်တင်ပေးခြင်း သို့မဟုတ် တရားဝင်အသိအမှတ်ပြု ခြင်းများ ဆောင်ရွက်ပေးခဲ့သည့် မြေဧရိယာ (ကိန်းဂဏန်းများကို မြေယာလုပ်ပိုင်ခွင့်အမျိုးအစား၊ ကျား/မ၊ တိုင်းရင်းသားလူမျိုးအလိုက်ခွဲခြားပြသထားသည်)။
ဂ.၂.၅ — ဂ.၁.၃ နှင့် ချိတ်ဆက် (အခွင့်အရေးများ ကန့်သတ်ခြင်း)
ဂ.၂.၆ —- ဂ.၁.၄ (နစ်နာမှုများ) နှင့် ချိတ်ဆက်

စံသတ်မှတ်ချက် ဂ-၃။   REDD+ မူဝါဒများနှင့် နည်းလမ်းများအား ဒီဇိုင်းရေးဆွဲ၊ အကောင်အထည် ဖော်ရာတွင် ဌာနေတိုင်းရင်းသား များနှင့် ဒေသခံပြည်သူများ၏ ယဉ်ကျေးမှုအမွေအနှစ်များ[1] နှင့် မိရိုးဖလာအစဉ်အလာ ကျင့်သုံးမှုများ ကို လေးစားမှုဖြင့် ဆောင်ရွက်သင့် ပါသည်။

‘ယဉ်ကျေးမှုအမွေနှစ်’ နှင့် ‘မိရိုးဖလာအစဉ်အလာကျင့်သုံးမှုများ’ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
  • မြန်မာနိုင်ငံ၏ တရားဝင်မူဘောင်ထဲတွင် ‘ယဉ်ကျေးမှုအမွေအနှစ်’ ကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပါ။ UNESCO ၏ ‘ယဉ်ကျေးမှုအမွေအနှစ်’ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ဒြပ်ရှိနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များဟူ၍ ပါရှိပြီး ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော၊ မြေအောက်ရှိယဉ်ကျေးမှု အမွေအနှစ်များ ပါဝင်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲတွင် နှုတ်ဖြင့်လက်ဆင့်ကမ်းလာသော ဓလေ့ထုံး တမ်းစဉ်လာများ၊ သုခုမအနုပညာနှင့် ရိုးရာဓလေ့များ ပါဝင်ပါသည်။
  • မြန်မာနိုင်ငံရှိ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအချို့တွင် မြေအသုံးချမှုစပ်လျဉ်းသော ရိုးရာအစဉ်အလာကျင့်သုံးမှုများ သို့မဟုတ် အခွင့်အရေးများကို ဖော်ပြထားပါသည်။ စံသတ်မှတ်ချက် ဂ-၂ ကို ကြည့်ပါရန်။
ယဉ်ကျေးမှုအမွေအနှစ်များနှင့် မိရိုးဖလာအစဉ်အလာကျင့်သုံးမှုများကို လေးစားခြင်း
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၂၀၁၅) တွင် တိုင်းရင်းသားလူမျိုး များ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်အခွင့်အရေးကို အသိအမှတ်ပြုထားပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး ဆောင်ရွက်ပေးရန် လုပ်ပိုင်ခွင့်နှင့် တာဝန်များအပ်နှင်းထားပါသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများတွင် စီမံကိန်းများ ဆောင်ရွက်ပါက တိုင်းရင်းသားများကို အသိပေးရန်နှင့် အဆိုပါ စီမံကိန်းများ တွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားပါသည်။ (စံသတ်မှတ်ချက် ဂ-၁ တွင် ကြည့်ပါရန်)
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) အရ နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တားမြစ်သည့်လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံသူများအားလုံးသည် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှု တို့ကို လေးစားလိုက်နာရမည်။
  • နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် (NBSAP)၊ ၂၀၁၅-၂၀၂၀ တွင် မိရိုးဖလာ အသိပညာများ၊ လက်လှမ်းမီမှုနှင့် အကျိုးကျေးဇူး ခွဲဝေခံစားမှုများဆိုင်ရာပန်းတိုင်များ ပါရှိပါသည်။ (ဥပမာ ရည်မှန်းချက် ၁၈)
  • နိုင်ငံအဆင့် နာဂိုယာသဘောတူညီချက် (Nagoya Protocol) အကောင်အထည်ဖော်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ထို သဘောတူညီချက်သည် မျိုးဗီဇအရင်းအမြစ်များကို လက်လှမ်းမီအသုံးပြုခြင်းနှင့် ၎င်းတို့ကို အသုံးပြုခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးများကို တရားမျှတ၍ သာတူညီမျှရှိစွာ ခွဲဝေခြင်းဆိုင်ရာသဘောတူညီချက် ဖြစ်ပါသည်။နာဂိုယာသဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရေး မူကြမ်းကို မိရိုးဖလာအသိပညာများ ကာကွယ်စောင့်ရှောက်ရေးလမ်းညွှန်ချက် များ၊ သုတေသနလုပ်ငန်းများအတွက် ကျင့်ဝတ်စည်းကမ်းများနှင့် ရပ်ရွာလူထု၏ အခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသည့် Community Protocol များနှင့် အတူ ပြင်ဆင်ရေးဆွဲနေပါသည်။
  • အဆိုပြု REDD+ PaMs များတွင် ဌာနေတိုင်းရင်းသားနှင့် ဒေသခံပြည်သူ ထိန်းသိမ်းစောင့်ရှောက်သော နယ်မြေများ (ICCAs) တိုးတက်စေခြင်းနှင့် REDD+ သည် FPIC ကဲ့သို့လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရပါမည်။ ယာဉ်ကျေးမှု အမွေအနှစ်နှင့် ဓလေ့များ လေးစားလိုက်နာခြင်းတို့ ပါဝင်ပါသည်။
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • စံသတ်မှတ်ချက် ဂ-၂ အောက်တွင် တင်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ PLR မူဘောင်ထဲတွင် ‘ရိုးရာမြေ အသုံးချမှု အခွင့်အရေးများ’ အတွက် တစ်ပြေးညီအသုံးပြုနေသော အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိပါ။ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများကြားတွင် ယဉ်ကျေးမှုအမွေအနှစ်များ၊ မိရိုးဖလာ ကျင့်သုံးလာသည့် အလေ့အထများနှင့်စပ်လျဉ်းသည့် ၎င်းတို့၏ အခွင့်အရေးများကို နားလည်သိရှိမှု မရှိဖြစ်နေပါသည်။
အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် –

REDD+ များကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများအတွက် လမ်းညွှန်များ ပံ့ပိုးပေးသောအခါ REDD+ များအတွက် စီမံကိန်းများရေးဆွဲစဉ်အတွင်း IEE/EIA/SEA  နှင့် FPIC တို့ကို ဆောင်ရွက်ရန် တာဝန်များနှင့် စပ်လျဉ်းသော လမ်းညွှန်ချက်များထဲတွင် လက်ရှိမြေအသုံးချမှုများကို နားလည်သိရှိ၍ မိရိုးဖလာကျင့်သုံးမှု အစဉ်အလာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို သင့်တင့်လျောက်ပတ်စွာ ထည့်သွင်းစဉ်းစားရန် သတ်မှတ် ပြဋ္ဌာန်းထားမည်ဖြစ်ပြီး REDD+ ကို အကောင်အထည်မဖော်မီ ယဉ်ကျေးမှုအရ အရေးကြီးသည့်နေရာများကို ရပ်ရွာလူထုနှင့်အတူ သတ်မှတ်ဖော်ထုတ်သွားမည်ဖြစ်သည်။

လိုက်နာကျင့်သုံးဂ.၃.၁။ တည်ထောင်ထားသည့် ICCA များအရေအတွက် – ဂ.၂.၅ နှင့် ချိတ်ဆက်၊
ဂ.၃.၂။ REDD+ မှတစ်ဆင့် ပံ့ပိုးထားသည့် ထုံးတမ်းစဉ်လာ အသိပညာဗဟုသုတနှင့် အလေ့အထများ ကို ရေရှည်အသုံး ပြုမှုများ ပါဝင်သော သဘာဝထိန်းသိမ်းရေး နယ်မြေ စီမံ အုပ်ချုပ်မှုအစီအစဉ်များ အရေအတွက် (သဘာဝထိန်းသိမ်း ရေး နယ်မြေ စီမံအုပ်ချုပ်မှုအစီအစဉ်များ ဆိုင်ရာ PaM ပေါ် တွင် အခြေခံ၍)၊
ဂ.၃.၃။ REDD+ သည် ၎င်းတို့၏ ဘဝအဆင်ပြေသာယာရေး ကို ကောင်းကျိုးပြုခဲ့သည်ဟု ဆိုသောဒေသခံပြည်သူ ရာခိုင်နှုန်း ၊ (အဓိကကျသော အုပ်စု များအလိုက် ခွဲခြားပြထားသော ရာခိုင်နှုန်းများအပါအဝင်) ဒြပ်မဲ့ အမွေအနှစ်များနှင့် အထွတ်အမြတ်ထား ရာ နေရာများအပေါ် REDD+ ၏ သက်ရောက်မှုများအကြောင်း မေးခွန်း
ဂ.၃.၄။ ယဉ်ကျေးမှုအမွေအနှစ်နှင့် မိရိုးဖလာအလေ့အထများ အတွက် နစ်နာမှုများကို တိုင်ကြားမှုများ လက်ခံရရှိသည့် အရေအတွက်နှင့် ဖြေရှင်းပေးခဲ့သည့် အရေအတွက်၊

စံသတ်မှတ်ချက် ဂ-၄။   မူဝါဒတစ်ခု သို့မဟုတ် နည်းလမ်းတစ်ခုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဌာနတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏အခွင့်အရေးများအပေါ် သက်ရောက်မှုများကို မရှောင်ရှားနိုင်ပါက ကောင်းစွာ ကြိုတင်အသိပေး၍ လွတ်လပ်သည့်သဘောထားရယူသည့် (FPIC) လုပ်ငန်းစဉ်များမှတစ်ဆင့် သဘောတူညီမှုရယူခြင်း၊ သင့်လျော်သည့် လျော်ကြေးပေးလျော်မှုပုံစံများကို အသိပေး၍ သဘောတူညီမှု ရယူပေးအပ်ခြင်းများ ပြုလုပ်သင့်ပါသည်။

  • ဒေသန္တရအဆင့်တွင် သက်ရောက်မှုများ ရှိနိုင်သည့် REDD+ PaM များအတွက် FPIC လုပ်ငန်းစဉ်ကို ကျင့်သုံးမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် REDD+ အတွက် FPIC လမ်းညွှန်ချက်များကို ရေးဆွဲနေပြီဖြစ်ပါသည်။
  • မြေသိမ်းယူမှုနှင့် လျော်ကြေးပေးမှုများဆိုင်ရာ တရားဝင် မူဘောင်များ များအကြောင်း အသေးစိတ်ကို စံသတ်မှတ်ချက် ဂ-၁ တွင် ကြည့်ပါရန်။ ဥပမာ – မြေသိမ်းအက်ဥပဒေ (၁၈၉၄) နှင့် မြေသိမ်းခြင်း၊ ပြန်လည်နေရာချထားခြင်း နှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေသစ်မူကြမ်းနှင့် လယ်ယာမြေဥပဒေ (၂၀၁၂)တို့တွင် သိမ်းယူသည့်မြေနှင့် အကျိုးစီးပွားစပ်ဆက်မှုရှိသူများကို လျော်ကြေးပေးရန် နည်းလမ်းအချို့ပြဋ္ဌာန်းထားပါသည်။
  • တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၂၀၁၅) နှင့် နည်းဥပဒေ (၂၀၁၉) အရ တိုင်းရင်းသားများ၏ ဒေသများတွင် စီမံချက်တစ်ခုကို ဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲထားပါက ထိုစီမံချက်၏ ကောင်းကျိုးဆိုးပြစ်များကို ဒေသခံတိုင်းရင်းသားများအား ၎င်းတို့ နားလည်နိုင်သည့် ဘာသာစကားများ၊ နည်းလမ်းများဖြင့် အပြည့်အဝရှင်းပြသင့်ပါသည်။
  • According to the Ethnic Rights Protection Law (2015) and Rules (2019), if a project is planned in the areas of ethnic groups, the benefits and risks of the project should be fully explained to the local ethnic people, using understandable languages and methods.

REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။

အဓိကစိန်ခေါ်မှုများနှင့် အကြံပြုချက်များ –

  • ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုနှင့် FPIC နှင့် မြေယာ/သယံဇာတအရင်းအမြစ်များဆိုင်ရာ အခွင့်အရေးများကို စံသတ်မှတ်ချက် ဂ-၁ နှင့် ဂ -၂ တို့ တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
  • အနာဂတ် REDD+ စီမံကိန်းများ ရေးဆွဲရာတွင် အသုံးပြုရန်အတွက် FPIC လမ်းညွှန်ချက်များ ရေးဆွဲမှုသည် မပြီးစီးသေးပါ။ အသုံးပြုခွင့်များ ဆုံးရှုံးရမှုအတွက် လျော်ကြေးပေးခြင်းကို အဆိုပါလမ်းညွှန်ချက်များ ထဲတွင် ထည့်သွင်းစဉ်းစားပေးသင့်ပါသည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန် –

  • FPIC အတွက်လည်းကောင်း၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ အခွင့်အရေးများ အသိအမှတ်ပြုမှု အားကောင်းစေခြင်းအတွက်လည်းကောင်း စွမ်းရည်မြှင်တင်မှုနှင့် အသိပညာမြှင့်တင်မှုများနှင့် စပ်လျဉ်း၍ အဆိုပြုထားသော နည်းလမ်းများကို စံသတ်မှတ်ချက် ဂ-၁ နှင့် ဂ-၂ တွင် ကြည့်ပါရန်။
  • REDD+ စီမံကိန်းများ ရေးဆွဲရာတွင် အသုံးပြုရန်အတွက် FPIC လမ်းညွှန်ချက်များ ရေးဆွဲမှုသည် မပြီးစီးသေးပါ။ အသုံးပြုခွင့်များ ဆုံးရှုံးရမှုအတွက် လျော်ကြေးပေးခြင်းကို အဆိုပါလမ်းညွှန်ချက်များ ထဲတွင် ထည့်သွင်းစဉ်းစားပေးသင့်ပါသည်။
လိုက်နာကျင့်သုံးဂ.၄.၁ — FPIC ဆိုင်ရာ စံသက်မှတ်ချက် ဂ.၁.၁ နှင့် ချိတ်ဆက်
ဂ.၄.၂။ ဒေသခံ ရပိုင်ခွင့်ရှိသူများ/ အကျိုးသက်ဆိုင်သူများ ထံ ပေးအပ်သော လျော်ကြေး ပမာဏ (လျော်ကြေးအမျိုးအစား (ဥပမာ ငွေကြေးဖြင့်၊ ငွေကြေးမဟုတ်သော အခြားပုံစံဖြင့်)၊ ကျား/မနှင့် တိုင်းရင်းသားလူမျိုးစုအလိုက် ခွဲခြားဖော်ပြရန်)၊
ဂ.၄.၃။ REDD+ PaM များကြောင့် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏အခွင့်အရေးများအပေါ် ဆိုးကျိုးသက် ရောက်မှုများနှင့် စပ်လျဉ်းသည့် နစ်နာမှုများကို တိုင်ကြား မှုများအား လက်ခံရရှိသည့် အရေအတွက်နှင့် ဖြေရှင်းဆောင် ရွက်ပေးသည့်အရေအတွက်။

စံသတ်မှတ်ချက် ဂ-၅။   ဌာနေတိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများသည် REDD+ မူဝါဒများ နှင့် နည်းလမ်းများအား အကောင် အထည်ဖော်ရာတွင် ပါဝင်ကူညီပါက သို့မဟုတ် REDD+ မူဝါဒများနှင့် နည်းလမ်းများသည် ၎င်းတို့၏ နယ်မြေဒေသများပေါ်တွင် သက်ရောက်မှု ရှိပါက ၎င်းတို့အား ရရှိလာသည့် အကျိုးကျေးဇူးများကို တရား မျှတစွာ၊ ပွင့်လင်းမြင်သာမှု ရှိစွာ ခွဲဝေပေးသင့်ပါသည်။

အကျိုးကျေးဇူးမျှဝေခံစားခွင့်  
  • အကျိုးကျေးဇူးများ မျှဝေခံစားမှုကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် တိကျစွာ ပြဋ္ဌာန်းထားသော သီးခြားဥပဒေပြဋ္ဌာန်းချက်များ မရှိသော်လည်း ဤကိစ္စနှင့် အကျုံးဝင်သည့် မူဝါဒ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အချို့နှင့် ရှိပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၂၀၁၉) တွင် အသုံးပြုသူ အဖွဲ့များအတွင်း အကျိုးကျေးဇူးများ ခွဲဝေမှုကို ပြဋ္ဌာန်းပေးထားပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများမှ ထွက်ကုန်များကို ရောင်းချခြင်းများပါဝင်ပါသည်။ သစ်တောဦးစီးဌာနသည် ၂၀၁၈ ခုနှစ် မတ်လအထိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအတွက် အသုံးပြုသူအဖွဲ့ပေါင်း ၃,၈၈၃ ဖွဲ့ ဖွဲ့စည်းပေးခဲ့ ပြီးဖြစ်သည်။  တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ (၂၀၁၃) သည် တောင်သူလယ်သမားများအား ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ စျေးကွက်နှင့် သတင်းအချက်အလက်များ၊ လုပ်ကွက်ငယ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးပါက ကူညီထောက်ပံ့မှုများ လက်လှမ်းမီရရှိအောင် ပံ့ပိုးကူညီပေးရန် ရည်ရွယ်ပါသည်။
  • နိုင်ငံအဆင့် REDD+ မဟာဗျူဟာ နောက်ဆုံးမူကြမ်း တွင် REDD+ ၏ အကျိုးကျေးဇူးခွဲဝေခံစားမှုစနစ် (BSS) ကို တည်ထောင်ရန် ပါရှိပါသည်။ အကျိုးကျေးဇူး ခွဲဝေပေးခြင်းစနစ်များအတွက် အဆိုပြုချက်များ တင်သွင်းပေးနိုင်ရန် ဘဏ္ဍာရေးနှင့် အကျိုးကျေးဇူးခွဲဝေရေး TWG တစ်ခု ကို ဖွဲ့စည်းရန် ဖြစ်ပါသည်။ BSS တွင် အောက်ပါအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည် –
  • တရားမျှတ၍ သာတူညီမျှရှိသော၊ “ဆင်းရဲနွမ်းပါးသူများကို ဦးစားပေးသော” အကျိုးကျေးဇူးခွဲဝေမှု – ဆိုလိုသည်မှာ ဆင်းရဲနွမ်းပါးသော အကျိုးသက်ဆိုင်သူများကို ရသင့်ရထိုင်၍ ခွဲဝေပေးရမည့် အကျိုးကျေးဇူး များသည် ပိုမိုချမ်းသာကြွယ်ဝသော အကျိုးသက်ဆိုင်သူများ သို့မဟုတ် အဖွဲ့အစည်းများထက် အချိုးအစား ပိုမိုမြင့်မားရပါမည်။
  • ပွင့်လင်းမြင်သာမှု အပြည့်အဝရှိခြင်း – ဆိုလိုသည်မှာ အကျိုးအမြတ်များကို တွက်ချက်ရာတွင် အသုံးပြု သော နည်းစနစ်များအပါအဝင် အချက်အလက်များအားလုံးကို အပြည့်အဝရရှိနိုင်အောင် ဆောင်ရွက်ပေး သင့်ပါသည်။
  • အကျိုးသက်ဆိုင်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးမှုများပေါ်တွင် အခြေခံ၍ ဆောင်ရွက် ခြင်း၊
  • အကျိုးကျေးဇူးများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များအပါအဝင် အစိုးရနှင့် အစိုးရမဟုတ်သော အကျိုးသက်ဆိုင်သူများအားလုံး ထံ ခွဲဝေလွှဲပြောင်းပေးနိုင်ခြင်း၊
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • လက်ရှိတွင် REDD+ PaM များမှ ရရှိသော အကျိုးအမြတ်များကို အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အပြင်ဘက် ရှိ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများထံ မျှဝေပေးရန် သီးခြားသတ်မှတ်ထားသော ပြဋ္ဌာန်းချက်များ မရှိပါ။
အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် –
  • REDD+ မှ ရရှိသော အကျိုးအမြတ်များကို ဌာနေ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအပါအဝင် အကျိုးသက်ဆိုင်သူများထံ မျှဝေပေးရန်အတွက် အားလုံးပါဝင် နိုင်ပြီး သာတူညီမျှရှိသော နည်းလမ်းတစ်ခု ရေးဆွဲ၍ စမ်းသပ်ဆောင်ရွက်သင့်ပါသည်။ မြေယာနှင့် သယံဇာတ အရင်းအမြစ်များ အသုံးပြုခွင့် တရားဝင်စာရွက်စာတမ်း မရှိသူများ၏ အခန်းကဏ္ဍကို ထည်သွင်းစဉ်းစားစေရန် လည်း ကြိုးပမ်းအားထုတ်သင့်ပါသည်။
လိုက်နာကျင့်သုံးဂ.၅.၁ – ဘဝသာယာအဆင်ပြေမှု ဆိုင်ရာ စစ်တမ်း အတွက် စံသက်မှတ်ချက် ဂ.၃.၃ နှင့် ချိတ်ဆက်
ဂ.၅.၂။ လူထုနှင့် ပူးပေါင်းဆောင်ရွက်သော စောင့်ကြည့်စစ် ဆေးရေး အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်သော၊ ထိုအစီ အစဉ်များမှတစ်ဆင့် ဆွဲဆောင်အားပေးမှုများကို လက်ခံရရှိ သောသူ အရေအတွက် (လူထုစောင့်ကြည့်စစ်ဆေးရေး အစီ အစဉ်များဆိုင်ရာ PaM ပေါ်တွင် အခြေခံ၍ – ဤအချက်အ လက် ကို စုဆောင်းပါက ဆွဲဆောင်အားပေးမှု ပမာဏကို လည်း ထည့်သွင်းပေး စုဆောင်းနိုင်သည်)
ဂ.၅.၃။ အကျိုးကျေးဇူးမျှဝေမှု/ ခွဲဝေမှုနှင့်စပ်လျဉ်း၍ နစ်နာမှု များ တိုင်ကြားမှုကို လက်ခံရရှိသော အရေအတွက်နှင့် ဖြေရှင်းဆောင်ရွက်ပေးသော အရေအတွက်
ဂ.၅.၄။ ခွဲဝေပေးသည့် အကျိုးကျေးဇူး အမျိုးအစားနှင့် အတိုင်းအတာ၊ အကျိုးခံစားခွင့်ရှိသူ အရေအတွက်နှင့် (ကျား/မ၊ တိုင်းရင်းသား လူမျိုးစု၊ စသည်အလိုက် ခွဲခြားပြရန်)

စံသတ်မှတ်ချက် ဂ-၆။   REDD+ မူဝါဒများနှင့် နည်းလမ်း များကြောင့် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများ၏ အခွင့်အရေးများ အပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်းသည့် အရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းပေးရန်အတွက် လက်တွေ့ အသုံးချနိုင်သော နစ်နာမှု  များ ဖြေရှင်းပေးရေး ယန္တရားတစ်ခု ကို ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ သဘော တူညီချက်ဖြင့် ထူထောင်ထား ရှိပေးသင့်ပါသည်။

  • နစ်နာမှုများကို ဖြေရှင်းပေးရန် လုပ်ထုံးလုပ်နည်းများကို လယ်ယာမြေဥပဒေ (၂၀၁၂) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) တို့တွင် ပြဋ္ဌာန်းပေးထားပြီး သစ်တောဥပဒေ (၂၀၁၈) နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) တို့တွင် အတိုင်းအတာတစ်ခုအထိ ပါဝင်ပါသည်။ နစ်နာမှုများကို တိုင်ကြားရန်နှင့် အများပြည်သူရေးရာကိစ္စများကို ဆွေးနွေးရန် နောက်ထပ်လမ်းကြောင်း တစ်ခုမှာ ‘ပြည်သူ့ကြားနာမှုစနစ်’ ဖြစ်ပါသည်။ ထိုစနစ်တွင် လူထုဆွေးနွေးပွဲများကို ကျင်းပနိုင်ပါသည်။ ဒေသခံလွှတ်တော် ကိုယ်စားလှယ်များ နှင့် အစည်းအဝေးများ ကျင်းပခြင်းလည်း ပါဝင်နိုင်ပါသည်။
  • EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အရ အပြီးသတ် အစီရင်ခံစာများတွင် ပါဝင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် သက်ဆိုင်ရာစီမံချက်အတွက် တိုင်ကြားချက်များနှင့် နစ်နာမှုများကို ကိုင်တွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခု ပါရှိရပါသည်။ မြန်မာနိုင်ငံ၏ EIA လုပ်ငန်းစဉ်အတွင်း ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များကို အကျိုးသက်ဆိုင်သူများပါဝင်သော လုပ်ငန်းအဖွဲ့တစ်ဖွဲ့က ၂၀၁၇ ခုနှစ်တွင် မူကြမ်းပြုစုခဲ့ပါ သည်။ အဆိုပါလမ်းညွှန်ချက်များတွင် EIA လုပ်ငန်းစဉ် အတွက် လူထုပါဝင်ဆောင်ရွက်မှုအစီအစဉ်တစ်ခုကို ရေးဆွဲရန် အဆိုပြုထားပြီး ထိုအစီအစဉ်တွင် တိုင်ကြားချက် များကိုင်တွယ်ဆောင်ရွက်သည့်၊ နစ်နာမှုများကို တရားသဖြင့်ဖြစ်စေသည့် လုပ်ငန်းစဉ်များ ပါဝင်ပါသည်။
  • ၂၀၁၉ခုနစ်တွင် မြန်မာနိုင်ငံတွင် REDD+ အတွက် နစ်နာမှုများကို တရားသဖြင့်ဖြစ်စေရေး လုပ်ငန်းစဉ် (GRM) တစ်ခု ရေးဆွဲချမှတ် ရန် အဆိုပြုထားပြီးဖြစ်ပါသည်။ မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် FPIC နှင့် GRM အတွက် ရှေ့ပြေးစမ်းသပ်လေ့လာ မှု အပြီးတွင် GRM ၏ ဒီဇိုင်းတွင် ပြန်လည်မွမ်းမံပြင်ဆင်ရေးဆွဲနေပါသည်။
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • အချို့သော တိုင်းရင်းသားလူနည်းစုများနှင့် အကျိုးသက်ဆိုင်သူများသည် သိနားလည်မှုမရှိခြင်းနှင့် ဘာသာ စကားအခက်အခဲတို့ကြောင့် လက်ရှိ ဥပဒေများအောက်မှ လုပ်ငန်းစဉ်များကို လက်လှမ်းမီအသုံးပြုနိုင်စွမ်း နည်းပါးမည်ကို စိုးရိမ်ပူပန်မှုများ ရှိပါသည်။
  • ထို့ပြင် အဆိုပါလုပ်ငန်းစဉ်များအတွက် တာဝန်ရှိသောအာဏာပိုင်အဖွဲ့အစည်းများသည် တိုင်ကြားမှုများကို ကိုင် တွယ်ဖြေရှင်းရန် လုံလောက်သော ဝန်ထမ်းအင်အားနှင့် အရင်းအမြစ်များမရှိခြင်း၊ အသိပညာဖြန့်ဝေခြင်းနှင့် အဆိုပါ ဝန်ထမ်းများ အကြားပူးပေါင်းဆောင်ရွက်ခြင်း တို့လည်း လိုအပ်မည်ဖြစ်ပါသည်။
အဆိုပါ စိန်ခေါ်မှုများအကို ဖြေရှင်းရန် အကြံပြုချက်များ –
  • အဆိုပြုထားသော REDD+ GRM ကို ရေးဆွဲရာတွင် အကျိုးသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်သော အဆိုပြုအဓိကစွမ်းဆောင်ရည်ညွှန်ကိန်းများနှင့် တုံ့ပြန်ဆောင်ရွက်ပေးရမည့် အချိန်ကာလသတ်မှတ်ချက်များကို သုံးသပ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
  • REDD+ ကို အကောင်အထည်ဖော်မည့် ဒေသများတွင် REDD+ GRM လုပ်ငန်းစဉ်ကို ဒေသခံတိုင်းရင်းသား လူမျိုးများ အဓိကအသုံးပြုသော ဘာသာစကားဖြင့် ဆောင်ရွက်သင့်ပါသည်။
  • အကြံပြုမှုများနှင့် နစ်နာမှုများအတွက် တိုင်ကြားမှုများ ပြုလုပ်နိုင်မည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ပြည်သူ များ၏ ထိုလမ်းကြောင်းများကို အသုံးပြုနိုင်သည့်အခွင့်အရေးများ၊ ထိုလမ်းကြောင်းများကို စီမံဆောင်ရွက်ပေးရသူ များ၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များအကြောင်း သတင်းအချက်အလက်များကို ပိုမို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးပြီး သင့်လျော်သည့် အကျိုးသက်ဆိုင်သူများထံ မျှဝေပေးသင့်ပါသည်။
လိုက်နာကျင့်သုံးဂ.၆.၁။ နစ်နာမှုများအတွက် တိုင်ကြားမှုများ လက်ခံရရှိသည့် အရေအတွက်နှင့် ဖြေ ရှင်းဆောင်ရွက်ပေးသည့် အရေအ တွက်၊ အကြောင်းအရာအလိုက် ခွဲခြားပြရန်၊
ဂ.၆.၂။ တိုင်ကြားမှုများကို ဖြေရှင်းရန် ပျှမ်းမျှကြာချိန်၊ အကြောင်းအရာအလိုက်၊ တိုင်ကြားသူအုပ်စုအလိုက် (ဥပမာ IP များ၊ ဒေသခံပြည်သူများ၊ အမျိုးသမီးများ၊ စသည်) ခွဲခြားပြရန်၊
ဂ.၆.၃။ နစ်နာမှုဖြေရှင်းသည့် လုပ်ငန်းစဉ်၏ ရလဒ်အပေါ် တိုင်ကြားသူများ၏ ပျှမ်းမျှ စိတ်ကျေနပ်မှုအဆင့်၊ အကြောင်း အရာအလိုက်၊ တိုင်ကြားသူအုပ်စုအလိုက် ခွဲခြားပြ ရန်၊