အခြေခံစည်းမျဉ်း - ခ
အခြေခံစည်းမျဉ်း ခ။ မြန်မာနိုင်ငံရှိ REDD+ မူဝါဒများနှင့် နည်းလမ်းများသည် နိုင်ငံရှိ ဥပဒေများနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထည့်သွင်းစဉ်းစားကာ ပွင့်လင်းမြင်သာရှိပြီး ထိရောက်သည့်သစ်တောအုပ်ချုပ်ရေးဖွဲ့စည်းပုံများကို ပံ့ပိုးပေးသည့် မူဝါဒများနှင့် နည်းလမ်းများ ဖြစ်သင့်ပါသည်။
စံသတ်မှတ်ချက် ခ-၁။ မြန်မာနိုင်ငံရှိ REDD+ မူဝဒါများနှင့် နည်းလမ်း များအား ပွင့်လင်းမြင်သာမှုရှိစွာ အကောင်အထည်ဖော်သင့်ပါသည်။ ဆိုလိုသည်မှာ လုပ်ငန်းများနှင့် လုပ် ဆောင်မည့် နေရာဒေသများကို ရွေးချယ်ခြင်း၊ အကျိုးသက်ဆိုင်သူ များနှင့် ဆက်သွယ်ညှိနှိုင်းဆောင် ရွက်ခြင်း၊ အကျိုးကျေးဇူးများနှင့် တာဝန်များကို ခွဲဝေပေးခြင်းတို့နှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်များ သည်ရှင်းလင်းစွာ ချမှတ်ထားသော စံသတ်မှတ်ချက်များပေါ်တွင် အခြေခံသင့်ပြီး မှတ်တမ်းမှတ်ရာဖြင့် စနစ်တကျမှတ်တမ်းတင်ထားရှိ သင့်ပါသည်။ ငွေရေးကြေးရေးအရ တာဝန်ခံမှုရှိကြောင်း သေချာအောင် ဆောင်ရွက်သင့်ပြီး စီမံကိန်းရေး ဆွဲစဉ် နှင့် အကောင်အထည်ဖော်စဉ် အတွင်းတွင် အကျိုးသက်ဆိုင် သူများအတွက် ပြည့်စုံသော သတင်းအချက်အလက်များကို သင့်လျော်သည့်ပုံစံဖြင့် ရရှိအောင် ဆောင်ရွက်ပေးသင့်ပါသည်။ မျှဝေပေးသင့်သည့် သတင်းအချက် အလက်များတွင် အောက်ပါတို့ ပါဝင်ပါသည် – အစီအစဉ်ရေးဆွဲ ထားသော နည်းလမ်းများ (ရည်ရွယ်ချက်၊ မျှော်မှန်းသော အကျိုးရလဒ်များ၊ အကျိုးကျေးဇူး များ၊ ရန်ပုံငွေများ၊ ဆောင်ရွက်မည့် လုပ်ငန်းများ၊ အန္တရာယ်ဖြစ်နိုင် ခြေလျှော့ ချမည့် နည်းလမ်းများ၊ စသည်)၊ လက်ရှိမြေအသုံးချမှုနှင့် မျှော်မှန်းထားသော အပြောင်းအလဲ၊ သက်ဆိုင်ရာ PLR များ၊ REDD+ သဘောတရားဆိုင်ရာ အထွေထွေ သတင်းအချက်အလက်များ၊ တိုင်ကြားမှုနှင့် အကြံပြုမှုယန္တရား များဆိုင်ရာ သတင်းအချက် အလက်များ ဖြစ်ပါသည်။ REDD+ မူဝါဒ သို့မဟုတ် နည်းလမ်း အတွက် တာဝန်ရှိသော အဖွဲ့အစည်းများက ထိုအချက် အလက်များကို အများပြည်သူ ရရှိနိုင်အောင် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
ပွင့်လင်းမြင်သာမှုနှင့် သတင်းအချက်အလက်မျှဝေခြင်း
- မြန်မာဥပဒေအချို့တွင် ပြည်သူပိုင်မြေနှင့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ သတင်းအချက်အလက် အမျိုးအစားအချို့ကို အများပြည်သူရရှိအောင် လုပ်ဆောင်ပေးရမည်ဟူသော ပြဋ္ဌာန်းချက်များ ပါဝင်သည့် မြေနှင့်အခွန်အက်ဥပဒေ (၁၈၇၉)၊ မြေသစ်သိမ်းဆည်းခြင်း၊ ပြန်လည်နေရာချ ထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေသစ်တစ်ရပ်ကို ရေးဆွဲပြီးဖြစ်ကာ အစိုးရအဖွဲ့သို့ အတည်ပြုချက် ရယူရန် တင်ပြထားပြီးဖြစ်သည်။ အကျိုးသက်ဆိုင်သူများအတွက် မိမိတို့၏အကျိုးစီးပွားနှင့်သက်ဆိုင်သော မြေယာနှင့် ပတ်သက်သည့် အချက်အလက်များ (မြေပုံများအပါအဝင်) ကို မြေစာရင်းဌာနမှ တောင်းယူနိုင်ကြောင်း ပြဋ္ဌာန်းချက်များ လည်း ရှိပါသည်။ အမျိုးသားမြေအသုံးချမှုမူဝါဒ (NLUP) (၂၀၁၆) တွင် တစ်သီးပုဂ္ဂလများ၊ ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများ အားလုံးသည် ပြည့်စုံလုံလောက်ပြီး တိကျမှန်ကန်သော မြေအသုံးချမှုဆိုင်ရာ သတင်းအချက်အလက်များကို သိရှိရယူနိုင်သော တန်းတူအခွင့်အရေး ရရှိသင့်သည်ဟု ဖော်ပြထားပါသည်။ ထိုအတွက် တစ်ပြေးညီ စုစည်းထားသော မြေယာသတင်း အချက်အလက်စီမံခန့်ခွဲမှုစနစ်တစ်ခု ထူထောင်ရန် One Map Myanmar ကို တာဝန်ပေးအပ်ထားပါသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၂၀၁၅) နှင့် နည်းဥပဒေ (၂၀၁၉) တွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏စီမံချက်လုပ်ငန်းများကို ဒေသခံများအား ရှင်းလင်းပြောပြရမည်ဟူသော ပြဋ္ဌာန်းချက်တစ်ရပ် ပါဝင်ပါသည်။
- မြန်မာနိုင်ငံ၏ FPIC လမ်းညွှန်ချက်များ ရေးဆွဲရာတွင် ရည်ညွှန်းကိုးကားနိုင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ UN-REDD အစီအစဉ်၏ FPIC လမ်းညွှန်ချက်များ[1] တွင် ဒေသခံပြည်သူများအပေါ် သက်ရောက်မှုရှိနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များအကြောင်းအသေးစိတ်ကို ဒေသခံများထံ ချပြရမည်ဟု ပါရှိပါသည်။ စီမံချက်ဆောင်ရွက်သူများ၊ အစိုးရများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများသည် ဒေသခံ ပြည်သူများအတွက် သီးခြား လွတ်လပ်သည့် အကြံဉာဏ်များ ရယူနိုင်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး လိုအပ်ပါက ထိုအကြံဉာဏ်များ ရယူရန် ကုန်ကျသည့်စရိတ်များကို ပေးချေနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်အောင် ကူညီပေးရမည်ဖြစ်သည်။
- UN-REDD ပထမအဆင့် ၏ REDD+ ဆက်သွယ်ရေးမဟာဗျူဟာကို မြန်မာနိုင်ငံ UN-REDD အစီအစည်မှ ပြုစုခဲ့ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကို လွှမ်းခြုံသော ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် မဟာဗျူဟာကို နိုင်ငံအဆင့် REDD+ အထူးလုပ်ငန်းအဖွဲ့မှ ၂၀၁၉ ခုနှစ် အစောပိုင်းက လက်ခံအတည်ပြုပြီး ဖြစ်ပါသည်။ ထိုမဟာဗျူဟာသည် REDD+ကို အကောင်အထည်ဖော်စဉ်အတွင်း မိတ်ဖက်များနှင့် အဓိကအကျိုးသက်ဆိုင်သူ များကြား ရရှိလာသော အသိပညာဗဟုသုတများ မျှဝေခြင်းကို အားပေးပံ့ပိုးသွားမည်ဖြစ်ပြီး နိုင်ငံအဆင့် REDD+ အကောင်အထည်ဖော်ခြင်း ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုအတွက် လိုအပ်သောသတင်းအချက်အလက်များ ရရှိအောင် ကူညီပံ့ပိုးမည်ဖြစ်သည်။
- အဂတိလိုက်စားမှုတိုက်ဖျက်သည့် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းများပါဝင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃) ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်သည်အသေးစား အဂတိလိုက်စားမှုများကို ဌာနတွင်းမှာပင် ကိုင်တွယ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးပါသည်။ နိုင်ငံအဆင့်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ (CPUs) ကို ဝန်ကြီးဌာန ၁၈ ခု၌ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ပြည်နယ်/ တိုင်းဒေသကြီးအဆင့်တွင် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရန် ကော်မတီငယ်များကို အလျဉ်းသင့်သလို ဖွဲ့စည်းပါသည်။ ယခုလတ်တလောတွင် အစိုးရ၏ဝယ်ယူခြင်းနှင့် ပိုင်ဆိုင်ပစ္စည်းထုခွဲခြင်းဆိုင်ရာဥပဒေကြမ်းကို အစိုးရအဖွဲ့မှ စဉ်းစားသုံးသပ်လျက်ရှိပါသည်။ သစ်တောဥပဒေ (၂၀၁၈) တွင် အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်သော သို့မဟုတ် ဥပဒေ ချိုး ဖောက်သော သစ်တောဝန်ထမ်းများကို ဥပဒေအရ တရားစွဲဆိုရန် ပြဋ္ဌာန်းချက်များ ပါရှိပါသည်။
- မြန်မာနိုင်ငံသည် လက်ရှိတွင် EU ၏ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုအစီအစဉ် (FLEGT) အောက် တွင် မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် (VPA) ချုပ်ဆိုနိုင်ရန် ဆွေးနွေးညှိနှိုင်းနိုင်မည့် အခြေအနေ များကို လေ့လာဆန်းစစ်နေပါသည်။ VPA များသည် EU သို့တင်ပို့သောသစ်များအား တရားဝင်ရင်းမြစ်များမှ ထုတ်ယူထားကြောင်း အာမခံပေးရန်နှင့် မိတ်ဖက်နိုင်င့များကို သစ်တောအုပ်ချုပ်မှုနှင့် စည်းကမ်းထိန်းသိမ်းမှုတို့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် တရားမဝင်သစ်ခုတ်မှုများကို တားဆီးနိုင်အောင်ကူညီရန် ရည်ရွယ်သည့် ဥပဒေအရ စည်းနှောင်မှုရှိသော သဘောတူညီချက်များ ဖြစ်ပါသည်။
- အဆိုပြု REDD+ PaM အချို့လည်း ပွင့်လင်းမြင်သာမှု တိုးတက်ရေးနှင့် တရားတင်နှင့် ရေရှည်တည့်တဲ့သော အထောက်အပံ့ ကွင်းဆက်များအား တိုးတက်ရေးတို့ကို ရည်ရွယ်ပါသည်
တာဝန်ခံမှု –
- စီးပွားရေးလုပ်ငန်းများမှ သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲခွင့် လိုင်စင်ထုတ်ပေးခြင်း (သစ်တောဥပဒေ၊ ၂၀၁၈ အရ)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားအတွက် မြေအနေအထားပြောင်းလဲအသုံးပြုခွင့်ပေးခြင်း (ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ၊ ၂၀၁၇အရ ပြောင်းလဲအသုံးချခွင့်ပြုရန်)၊ မြေပြောင်းလဲအသုံးချခြင်းနှင့်စပ်လျဉ်း သည့် စိစစ်မှုလုပ်ငန်းစဉ် (၂၀၁၈ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ၂၀၁၂ ကို ပြင်ဆင်သည့် ဥပဒေနှင့် ၂၀၁၂ လယ်ယာမြေဥပဒေများအရ) နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းများ ဆောင်ရွက်ခြင်း (EIA လုပ်ထုံးလုပ်နည်းများ၊ ၂၀၁၅) တို့နှင့်စပ်လျဉ်း၍ တာဝန်ခံမှုအားကောင်းစေရန် အထောက်အကူပြုသည့် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ပြဋ္ဌာန်း သတ်မှတ်ချက်များ ရှိပါသည်။
- ဒေသခံအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့သည် သစ်တောဥပဒေ (၂၀၁၈) ၊ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်တွင် ဖော်ြပထားသော စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်များ သို့မဟုတ် မှတ်တမ်းများထားရှိခြင်းနှင့် အစီရင်ခံတင်ပြ ခြင်းဆိုင်ရာတို့ကို လိုက်နာရန်ပျက်ကွက်ပါက ၎င်းတို့၏ဆောင်ရွက်ခွင့်လက်မှတ်ကို ပြည်လည် ရုပ်သိမ်းခံရနိုင် ပါသည်။
- မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် REDD+ လုပ်ငန်းများကို စီမံအုပ်ချုပ်မှုများတွင် ဘဏ္ဍာရေးအစီရင်ခံစာတင်သွင်း ခြင်းနှင့်စပ်လျဉ်းသည့်ကိစၥများကို တည်ဆဲစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ ဝန်ကြီးဌာနများအားလုံးသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၂၀၁၇) ကိုလည်းကောင်း၊ နှစ်စဉ်ဘဏ္ဍာနှစ်တစ်နှစ်စီအတွက် ပြဋ္ဌာန်းသော အမျိုးသားစီမံကိန်းဥပဒေနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ စည်းမျဉ်းစည်းကမ်းများ၊ ပြဋ္ဌာန်းချက်များကို လိုက်နာကြရပါသည်။
- REDD+ ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ရေးဆွဲနေဆဲဖြစ်ပြီး ထိုစနစ်သည် အစပိုင်းတွင် အစိုးရဘတ်ဂျက်နှင့် အလှူရှင်များထည့်ဝင်သည့် ရန်ပုံငွေများပါဝင်သော အဆင့်လိုက်တစ်ဆင့်ခြင်းစီ ပေါင်းစပ် ဆောင်ရွက်သွားမည့်နည်းလမ်းကို အသုံးပြုထားပါသည်။ နောက်ပိုင်းအဆင့်များတွင် ရလဒ်များကိုအခြေခံ၍ ပံ့ပိုးသောရန်ပုံငွေများကို စီမံခန့်ခွဲရန်အတွက် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုရန်ပုံငွေ (EMF) နှင့် မြန်မာနိုင်ငံဇီဝ မျိုးစုံမျိုးကွဲများ ဖောင်ဒေးရှင်း (MBF) တို့ကို ပေါင်းစပ်အသုံးပြုထားသည့် မော်ဒယ်ပုံစံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေနှစ်ရပ်စလုံးသည် တည်ထောင်နေဆဲအဆင့်တွင်သာ ရှိပါသေးပါသည်။
- အမျိုးသားအဆင့် FPIC လမ်းညွှန်ချက်များကို အကြမ်းရေးဆွဲပြီး မွန်ပြည်နယ်တွင် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ပြီး ဖြစ်ပါသည်။
- နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သတင်းအချက်အလက်များ (သတင်းအချက် အလက်များ မျှဝေခြင်းအပါအဝင်) ပိုမိုအသေးစိတ်သိရှိနိုင်ရန် စံသတ်မှတ်ချက် ဃ-၂ တွင် ဖတ်ရှုပါရန်။
- ပိုစတာများ၊ စာအုပ်စင်များ၊ infographics များ၊ လက်ကမ်းစာစောင်များ၊ မူဝါဒစာတမ်းတိုများ၊ စသည့် REDD+ စာရွက်စာတမ်းများကို အဆင်သင့်ဖြစ်ရေး ပြင်ဆင်ဆောင်ရွက်သောအဆင့်တွင် ဖြန့်ဝေပေးထားပြီး ဖြစ်ကာ သတင်းမျှဝေခြင်းနည်းလမ်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံ REDD+ ဝက်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ကို တည်ထောင်ထားပါသည်။
- NLUP ကို အကောင်အထည်ဖော်ရေးတွင် စွမ်းဆောင်ရည်ကန့်သတ်ချက်များရှိနေခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် မြေအသုံးချမှုကော်မတီများကို မဖွဲ့စည်းနိုင်သေးခြင်းများက အကန့်အသတ်ဖြစ်စေပါသည်။ ထို့ပြင် VFV မြေများကို မြေအသုံးချသူအသစ်များထံ အသုံးပြုခွင့်ချထားပေးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်သည် ရှင်းလင်းမှုမရှိပါ။ ထို့ပြင် နယ်သတ်မျဉ်းများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်စပ်လျဉ်းသည့် စိန်ခေါ်မှုများကိုလည်း သတိပြုမိကြပါသည်။
- သတင်းအချက်အလက်များ မျှဝေပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း ဖော်ထုတ်တွေ့ရှိထားသည့် PLR များတွင်လည်း သီးခြားအချက်အလက်အမျိုးအစားများ အတွက်သာ သတ်မှတ်ပြဋ္ဌာန်းပေးထားပါသည်။ REDD+ PaM များ အတွက် အစီအစဉ်များရေးဆွဲ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရရှိစေရန် လိုအပ်သော သတင်းအချက်အလက်များ အားလုံးကို လွှမ်းခြုံခြင်းမရှိပါ။
- သတင်းအချက်အလက်များကို မည်သည့်ပုံစံဖြင့် ပံ့ပိုးမျှဝေပေးမည်ဟူသည်ကို လုံလောက်စွာထည့်သွင်းစဉ်းစား ခြင်း မရှိပါက အကျိုးသက်ဆိုင်သူများထံ REDD+ PaM များအကြောင်း သတင်းအချက်အလက်များ မျှဝေခြင်းအပေါ် ထိခိုက်မှု ရှိနိုင်ပါသည်။ ဥပမာ ဘာသာစကား သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ အတားအဆီးများ။
ကွာဟချက်များအား ဖြေရှင်းရန် အကြံပြုချက်များ –
- REDD+ PaM များအတွက် FPIC လုပ်ငန်းစဉ်ဆိုင်ရာ ရှင်းလင်းပြည့်စုံသော လမ်းညွှန်ချက်များ ရှိခြင်းအားဖြင့် အကောင် အထည်ဖော်ရန်နှင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် နေရာဒေသများကို ရွေးချယ်ခြင်း၊ အကျိုးသက်ဆိုင်သူ များ၏ ပါဝင်ဆောင်ရွက်မှု၊ အကျိုးကျေးဇူးများနှင့် ဝန်ထုပ်ဝန်ပိုးများကို ခွဲဝေမှုတို့နှင့်စပ်လျဉ်းသော ဆုံးဖြတ်ချက်များကို ရှင်းလင်းသည့် စံသတ်မှတ်ချက်များပေါ်တွင် အခြေခံခြင်း၊ ကောင်းစွာမှတ်တမ်းတင် ထားရှိခြင်းနှင့် ပွင့်လင်းမြင်သာ စွာ ဆက်သွယ်အသိပေးခြင်းတို့ကို သေချာစေမည် ဖြစ်သည်။
- REDD+ PaM များကို အကောင်အထည်ဖော်မည့် ဌာနအဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိသော ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းနှင့် သာတူညီမျှသော စီမံကိန်းရေဆွဲခြင်းနှင့် အကောင်အထည်ဖောင်ခြင်းလုပ်ငန်းစဉ် ဆိုင်ရာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို နားလည်သိရှိ ဖြည့်ဆည်း ဆောင်ရွက်နိုင်စေရန်အတွက် လမ်းညွှန်ချက်များ ဖော်ဆောင်ရန်လိုအပ်ပါသည်။
- နိုင်ငံသားများ၏ သတင်းအချက်အလက်များ လက်လှမ်းမီရရှိပိုင်ခွင့်ကို အထောက်အပံ့ပြုသော ဥပဒေတစ်ရပ် ရေးဆွဲရန် စဉ်းစားသင့်ပါသည်။
လိုက်နာကျင့်သုံး | ခ.၁.၁။ အဓိကကျသည့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ လိုက်နာနိုင်မှု ကို မှတ်တမ်းတင်ထားသည့် REDD+ PaM များ၏ ရာခိုင်နှုန်း |
ခ.၁.၂။ REDD+ PaM များ အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် စပ်လျဉ်း၍ လက်ခံရရှိသည့် နစ်နာမှု တိုင်ကြားချက်များနှင့် ဖြေရှင်းပေးခဲ့သော နစ်နာမှုများ အရေအတွက်၊ |
စံသတ်မှတ်ချက် ခ-၂။ ဖြစ်နိုင်သည့် နေရာများတွင် REDD+ မူဝါဒများ နှင့် နည်းလမ်းများ၌ အောက်ပါတို့နှင့် ဆက်စပ်သည့် လုပ်ငန်းများ အပါအဝင် သစ်တောအုပ်ချုပ်ရေး လုပ်ငန်းစဉ်အတွင်း ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှုနှင့် တရား ဥပဒေစိုးမိုးရေးတို့ကို အားကောင်း စေမည့် လုပ်ငန်းများကို ထည့်သွင်း သင့်ပါသည် – သစ်တောလုပ်ငန်း များ၊ မြေအသုံးချမှု စီမံကိန်း ရေးဆွဲခြင်း နှင့် စီမံအုပ်ချုပ်မှု စီမံကိန်းရေးဆွဲခြင်း၊ လုပ်ကိုင်ခွင့်များ ချပေးခြင်း၊ EIA နှင့် SEA ကဲ့သို့သော ဥပဒေအရ ဆောင်ရွက်ရန် လိုအပ်သည့် သတ်မှတ်ချက်များကို ဆောင်ရွက်ခြင်း၊
- မြန်မာနိုင်ငံရှိ သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါတို့ အပါအဝင် မူဝါဒ၊ ဥပဒေနှင့် စည်းမျဉ်စည်းကမ်း အချို့တွင် ပြဋ္ဌာန်း ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရပါသည် – အမျိုးသားသစ်တောရေးရာမူဝါဒ (၁၉၉၅)၊ သစ်တောဥပဒေ (၂၀၁၈)၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ ထို့ပြင် မကြာခင်က ထုတ်ပြန်ခဲ့သော သစ်ခုတ်ခြင်း ပိတ်ပင်တားမြစ်ချက်များဖြစ်သော ပဲခူးရိုးမတောင်တန်းတွင် သစ်ခုတ်ခြင်းများကို ၁၀ နှစ် ပိတ်ပင်တားမြစ်ခြင်း၊ များပြားလှသော စံလုပ်ငန်းလမ်း ညွှန်များ (standard operating procedures)။ တရားဝင်ဇစ်မြစ် များမှ သစ်များကို နိုင်ငံတော်မှ သစ်ခုတ်လိုင်စင်ထုတ်ပေးထားသော နေရာများမှထုတ်လုပ်ပါသည်။ ထိုနေရာများ တွင် နိုင်ငံတော်၏စီမံခန့်ခွဲမှုအောက်တွင်ရှိသော သစ်ထုတ်လုပ်နေသည့် သစ်တောများ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းလုပ်ကိုင်နေသော သစ်တောများ ပါဝင်နိုင်ပါသည်။ သစ်တော ဦးစီးဌာနသည် ခရိုင်သစ်တောစီမံအုပ်ချုပ်မှု ၁၀ နှစ် စီမံကိန်းများကို အခြေခံ၍ နှစ်စဉ်တောထွက်(AAC) ကို နှစ်စဉ်သတ်မှတ်ပေးပြီး သစ်ခုတ်ပါမစ်များ ထုတ်ပေးခြင်းကို တာဝန်ယူလုပ်ဆောင်ပါသည်။
- သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT) အစီအစဉ်အချို့တွင်လည်း သစ်တောကဏ္ဍအတွင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တိုးတက်ရေးရည်ရွယ်ဆောင်ရွက်နေသည်များ ရှိပါသည်။ နိုင်ငံအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်များတွင် ကြားဖြတ်လုပ်ငန်းအဖွဲ့(ITF) နှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့များ (MSGs) ကို ဖွဲ့စည်းထားပြီး FLEGT စီမံကိန်းကို ရေးဆွဲထားပါသည်။ FLEGT ဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်အတွက် နိုင်ငံအဆင့်နှင့် ပြည်နယ်၊ တိုင်း ဒေသကြီးအဆင့်များတွင် တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ထားပါသည်။
- နိုင်ငံအဆင့် REDD+ မဟာဗျူဟာ နောက်ဆုံးမူကြမ်း သည် စည်းမျဉ်းစည်းကမ်းမူဘောင်များနှင့် ကျင့်သုံးနေသည့် အလေ့အထများကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ အကြံပြုတိုက်တွန်းဆွေးနွေးမှုများ၊ အသိပညာဖြန့်ဝေမှုများ၊ သင်တန်း များ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းများမှတစ်ဆင့် သစ်တောများ ရေရှည်တည်တံ့စေရန် စီမံ အုပ်ချုပ်လုပ်ကိုင်မှု ရရှိရေး ရည်ရွယ်ထားပါသည်။ မဟာဗျူဟာတွင် ရေရှည်တွင် သစ်တောများရေရှည် တည်တံ့စေရန် စီမံအုပ်ချုပ် လုပ်ကိုင်မှု ရရှိစေရေးအတွက် ထူထောင်ထားရှိရမည့်စနစ်များ၊ ထိန်းချုပ်မှုများကို ပံ့ပိုးကူညီရန် အကြံပြုထားပါသည်။ သို့မှသာ သစ်ခုတ်ခြင်းများကို တားမြစ်ပိတ်ပင်ရခြင်းကဲ့သို့ “အရေးပေါ်” ဆောင်ရွက်ချက်များ မလိုအပ်စေရန် ဖြစ်ပါသည်။
- မြန်မာနိုင်ငံတွင် မြေယာစီမံခန့်ခွဲမှုအတွက် ပြဋ္ဌာန်းထားသော ဥပဒေပေါင်း များစွာ ရှိပြီး တာဝန်များကိုလည်း ဝန်ကြီးဌာနများကြား ခွဲဝေထားပါသည်။ အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် တည်ဆဲဥပဒေများ၊ စီမံကိန်းများကြား သဟဇာတဖြစ်စေရန်၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းများကို စီမံအုပ်ချုပ်ရန် ရည်ရွယ်ပါသည်။ မြေသိမ်းအက်ဥပဒေ (၁၈၉၄)/ မြေသိမ်းယူခြင်း၊ ပြန်လည်နေရာချထားပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဥပဒေအသစ်၊ ၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) နှင့် လယ်ယာမြေဥပဒေ (၂၀၁၂) တို့သည်လည်း မြေအသုံးချမှု စီမံကိန်းများ ရေးဆွဲခြင်းနှင့် သက်ဆိုင်ပါသည် (စံသတ်မှတ်ချက် ခ-၂ နှင့် ခ-၄ တို့တွင် ကြည့်ရှုပါရန်)။
- အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် အကျိုးသက်ဆိုင်သူများ၏ သဘောဆန္ဒရယူခြင်း၊ မြေလုပ်ပိုင်ခွင့်များအတွက် ပတ်ဝန်းကျင်ဆိုင်ရာစိစစ်မှုနှင့် လူမှုရေးအကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းများ(ESIA)ကို သက်ဆိုင်ရာဥပဒေနှင့် အညီ ဆောင်ရွက်ရမည်ဟု ပါရှိပါသည်။ ထို့ပြင် အနာဂတ်တွင် ပြဋ္ဌာန်းမည့် အမျိုးသားမြေဥပဒေနှင့် မြေအုပ်ချုပ်မှု စနစ်တွင် ပါဝင်ရမည့် အချက်များကိုလည်း ဖော်ပြထားပါသည် (ဥပမာ မြေများကို ငှားရမ်းခွင့်ပြုရာ တွင် အများဆုံး အရွယ်အစားကို သတ်မှတ်ခြင်းနှင့် မြေယာအခွင့်အရေးများအတွက် အငြင်းပွားမှုများကို ဖြေရှင်းခြင်း)။ အမျိုးသား မြေဥပဒေမှာ ရေးဆွဲနေစဲ ဖြစ်ပါသည်။
- ၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြန်မာနိုင်ငံသားနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအပါ အဝင်အား စီးပွားရေးလုပ်ငန်းများအတွက် အနှစ် ၃၀-၇၀ ကာလအထိ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ နိုင်ငံသားများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၊ တောင်သူလယ်သမား များ၊ အစိုးရအဖွဲ့အစည်းများနှင့် NGO များသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်း၊ ဓာတ် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း နှင့် အခြားခွင့်ပြုထားသော လုပ်ငန်းများအတွက် နှစ်ရှည်ငှားရမ်း၍ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား နိုင်ပါသည်။
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) အရ ရင်းနှီးမြှုပ်နှံသူများကို ပါမစ်များ ထုတ်ပေးနိုင်ပြီး ‘မြေအသုံးပြုခွင့်’ နှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကပိုင်ဆိုင်သူများ ထံမှလည်းကောင်း၊ အစိုးရ ထံမှလည်းကောင်း နှစ်ရှည်မြေ ငှားရမ်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။
- မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) နှင့် နည်းဥပဒေများ (၂၀၁၄) တို့တွင် ပြဋ္ဌာန်းထားပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများဆိုင်ရာ အမိန့်ကြေညာစာ (၂၀၁၅) ပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရပါသည်။ စီမံချက်များနှင့် စီမံချက်တိုးချဲ့ဆောင်ရွက်မှု များအားလုံးအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) နှင့်/သို့မဟုတ် EIA များကို ဆောင်ရွက်ရပါသည်။ ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများအရ စီမံချက်များသည် ပထမဦးစွာ စီမံချက်များကို MONREC သို့ တင်သွင်းရပါသည်။ ဝန်ကြီးဌာနမှ IEE ဆောင်ရွက်ရန် သို့မဟုတ် EIA လုပ်ငန်းစဉ်တစ်ခုလုံးကို အပြည့်အဝဆောင်ရွက်ရန်လို/မလို၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တစ်ခု လိုအပ်ပါသည်။ REDD+ လုပ်ငန်းအမျိုးအစားအများအပြားသည် ဝန်ကြီးဌာန၏ စစ်ဆေးခြင်း (screening) ကို ခံယူရန် လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားပြီး အချို့အတွက် IEE/EIA ဆောင်ရွက်ရန် လိုအပ်နိုင်ပါသည်။
- EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အရ ဆက်စပ်သက်ရောက်မှုများကို ဆန်းစစ်ခြင်းနှင့် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) လုပ်ထုံးလုပ်နည်းများ ပါရှိပါသည်။သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန MONREC အနေဖြင့် မူဝါဒများ၊ မဟာဗျူဟာများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မူဘောင်များနှင့် အစီအစဉ်များကို SEA လမ်းညွှန်ချက်များနှင့်အညီ စိစစ်ရန်နှင့် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း စိစစ်တွေ့ရှိပါက ယင်းတို့ကို ဆန်းစစ်၍ လျော့ပါးအောင် ဆောင်ရွက်ပေးရန် တောင်းဆိုနိုင်ပါသည်။
- ၂၀၁၉ ခုနစ်အထိ EIA အစီရင်ခံစာပေါင်း ၃၀၁ ခုနှင့် IEE အစီရင်ခံစာပေါင်း ၅၂၈ ခုတို့ လက်ခံရရှိထားပြီးဖြစ်သည်။ SEA ဆိုင်ရာ စွမ်းရည်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်နေပြီး ယနေ့အချိန်အထိ ရေအားလျှပ်စစ်စီမံချက် တစ်ခုအတွက် ဆောင်ရွက်ထားသော SEA အစီရင်ခံစာတစ်စောင် လက်ခံရရှိထားပါသည်။
- နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ထဲတွင် သစ်တောလုပ်ငန်းများနှင့် EIA/IEE အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း တို့၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို အားကောင်းစေမည့် အဆိုပြု လုပ်ဆောင်ချက် များကို ထည့်သွင်း ဒီဇိုင်းရေးဆွဲထားပါသည်။
- ရှေ့ယခင်က သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း (MTE) နှင့် တစ်ဆင့်ခံ ကန်ထရိုက်တာများကြား လုပ်ငန်းတာဝန်များ ခွဲဝေထားမှုက သစ်အလွန်အကျွံထုတ်လုပ်မှုများ ဖြစ်ပေါ်စေရန် အထောက်အပံ့ပြုခဲ့ပါသည်။ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လေးစားလိုက်နာ ကြရန် ကြပ်မတ်ဆောင်ရွက်မည့်ဝန်ထမ်းနှင့် ပစ္စည်းကိရိယာများ မရှိခြင်းသည် စိန်ခေါ်မှုတစ်ခုအဖြစ် တွေ့ရှိရပါ သည်
- EIA/SEA လုပ်ငန်းစဉ်ကို စနစ်တကျဆောင်ရွက်နိုင်ရေးတွင် စိန်ခေါ်မှုအချို့ရှိနေပါသည်။ ဥပမာ ဝန်ထမ်းအင်အား နှင့် စွမ်းဆောင်ရည်ဆိုင်ရာ ကန့်သတ်ချက်များ၊ လူထုပါဝင်ဆောင်ရွက်နိုင်မှု လက်တွေ့အသုံးချမှု၊ စသည်တို့ဖြစ်ပါသည်။ ထို့ပြင် EIA လုပ်ထုံးလုပ်နည်းတွင် လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အပိုင်းကဏ္ဍများကို လွှမ်းခြုံခြင်းမရှိကြောင်း ယူဆမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါသည်။ SEA အတွက် မည်သည့်လမ်းညွှန်ချက်မျှမရှိပါ။ EIA တွင် လူထုပါဝင်ဆောင်ရွက်ရေး လမ်းညွှန်ချက်များကို ရေးဆွဲပြီး ဖြစ်သော်လည်း အတည်မပြုရသေးပါ။ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် SEA ပါရှိသော်လည်း SEA များ ဆောင်ရွက်ရန်အတွက် သီးခြားလမ်းညွှန်များ မရရှိနိုင်သေးပါ။
ကွာဟချက်များအား ဖြေရှင်းရန် အကြံပြုချက်များ –
- သစ်တောလုပ်ငန်းများနှင့် EIA/IEE တို့၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို အားကောင်းအောင်လုပ်ဆောင်ရန် ရေးဆွဲထားသော REDD+ PaM များကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပါသည်။ SIS စနစ်တွင်လည်း အဆိုပါ နယ်ပယ်များရှိ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို အားပေးထောက်ပံ့သည့်ဦးစားပေး လုပ်ဆောင်ချက်များကို စောင့်ကြည့်တိုင်းတာနိုင်မည့်ညွှန်ကိန်းများ ထည့်သွင်းသင့်ပါသည်။
- REDD+ အကောင်အထည်ဖော်ဆောင်သည့် ဌာနအဖွဲ့အစည်းများအတွက် လုပ်ငန်းစဉ်များဆိုင်ရာလမ်းညွှန်ချက်များ ရေးဆွဲ၍ပံ့ပိုးပေးမည်ဖြစ်ရာ ထိုလမ်းညွှန်များတွင် IEE/EIA/SEA တို့နှင့်စပ်လျဉ်းသော တာဝန်များနှင့် လုပ်ထုံးလုပ်နည်းများအတွက် အသေးစိတ်လမ်းညွှန်ချက်များ ပါဝင်မည် ဖြစ်သည်။
စီမံဆောင်ရွက် | ခ.၂.၁။ အောက်ပါတို့အပါအဝင် သစ်တောစီမံအုပ်ချုပ်မှုတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် ပံ့ပိုးကူညီရန် ဒီဇိုင်းရေးဆွဲထားသော (စုစုပေါင်း PaM များထဲ မှ) REDD+ PaM များ အရေအတွက် – – သစ်တောလုပ်ငန်းများ ဆောင်ရွက်မှု၊ – စီမံခန့်ခွဲမှု အစီအစဉ်များ ရေးဆွဲခြင်း၊ – မြေအသုံးချမှု အစီအစဉ်များ ရေးဆွဲခြင်း၊ – EIA၊ IEE နှင့် SEA |
လိုက်နာကျင့်သုံး | ခ.၂.၂။ သစ်တောကဏ္ဍရှိ စည်းမျဉ်းဥပဒေချိုးဖောက်မှုများ အတွက် ဥပဒေကြောင်းအရ သင့် လျော်သည့် အရေးယူအပြစ် ပေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အရေ အတွက် နှင့် တိုးပွားလာမှု ခ.၂.၃။ စီမံကိန်းများဆိုင်ရာ ညွှန်ကိန်း ခ.၃.၃ နှင့် ချိတ်ဆက်၊ |
စံသတ်မှတ်ချက် ခ-၃။ REDD+ မူဝါဒများ နှင့် နည်းလမ်းများသည် မြေအသုံးချမှု နှင့် ဆက်နွှယ်သော မူဝါဒများနှင့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ကဏ္ဍများကြား၊ အစိုးရအဆင့် အမျိုးမျိုးကြားနှင့် နယ်ပယ်များကြား/ EAO များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းစေရန်အတွက် (လက်ရှိ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို အပြည့်အဝ လည်ပတ်နိုင်အောင် ပံ့ပိုးပေးခြင်း နည်းလမ်းဖြင့် အပါအဝင်) ဆောင်ရွက်ပေးသင့်ပြီး လုပ်ငန်းစဉ်အတွင်းတွင် လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ရည်ရွယ်ချက် များကို အလေးထား ဆောင်ရွက်မှု လုံလောက်စွာ ရှိသင့်ပါသည်။
- ကဏ္ဍစုံပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းစေရန်အတွက် REDD+ အထူးလုပ်ငန်းအဖွဲ့နှင့် နည်းပညာလုပ်ငန်းအဖွဲ့ TWG များကဲ့သို့ REDD+ အတွက် သီးသန့်ဖွဲ့စည်းထားသော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များတွင် အစိုးရဌာနအဖွဲ့အစည်း အမျိုးမျိုးမှ အဖွဲ့ဝင် များ ပါဝင်ဖွဲ့စည်းထားပါသည် (စံသတ်မှတ်ချက် က-၁ ကို ကြည့်ပါ) ။ ထို့ပြင် နိုင်ငံအဆင့် REDD+ မဟာဗျူဟာ တွင် ပြည်နယ်/တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများကို တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များပါ ပါဝင်၍ ဖွဲ့စည်းရန် မျှော်မှန်းထားပါသည်။
- EAO များ၊ ဆက်စပ်ပက်သက်သူများနှင့် ပေါင်းစပ်ညှိနိုင်းခြင်းအပါအဝင် အစီအစဉ်များရေးဆွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့အား တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သည့် အဆိုပြု REDD+ PaM အချို့လည်းရှိပါသည်။
- မြန်မာနိုင်ငံတွင် မြေအမျိုးအစားအမျိုးမျိုးသည် ဝန်ကြီးဌာနအမျိုးမျိုး၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိပြီး များပြားလှသော မူဝါဒ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း အမျိုးမျိုးကို ပြဋ္ဌာန်းထားပါသည်။ ဥပမာ (လယ်ယာ မြေဥပဒေ၊ ၂၀၁၂)၊ (၂၀၁၂ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၈)။ မြေလွတ်မြေရိုင်း စီမံအုပ်ချုပ်မှု ဗဟိုကော်မတီ ကဲ့သို့သော အဖွဲ့အစည်းများတွင် သက်ဆိုင်ရာအစိုးရဌာနမှား ကိုယ်စားလှယ်များပါဝင်ပြီး မြေယာမူဝါဒများကို ပေါင်းစပ်ညှိနှိုင်းပေး ရပါသည်။
- အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) အရ အမျိုးသားမြေအသုံးချမှုကောင်စီ (NLUC) ကို ဖွဲ့စည်းခဲ့ပြီး ယင်းသည် ပေါင်းစပ်ညှိနှိုင်းပေးသည့် တာဝန်ကို ထမ်းဆောင်ပြီး မြေအသုံးချမှုနှင့် မြေအမျိုးအစားသတ်မှတ်မှုဆိုင်ရာဥပဒေ မူဘောင်ကို တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ NLUC သည် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းကို လုပ်ဆောင်ခြင်း ရှိ/မရှိနှင့် တရားမဝင်မြေသိမ်းမှုများမဖြစ်အောင် တားဆီးပေးခြင်း ရှိ/မရှိ စိစစ်သုံးသပ်ခြင်းအပါအဝင် အမျိုးသား မြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်မှုကို စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိပါသည်။
- (ဒီရေတောများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးသည် အဓိကပြဿနာတစ်ရပ်ဖြစ်နေသော) ပင်လယ်ကမ်းရိုးတန်းဒေသများအတွက် အဏ္ဏဝါ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ မဟာဗျူဟာတစ်ရပ် ရေးဆွဲနိုင်ရေး ကနဦးလုပ်ငန်းများကို စတင်ဆောင်ရွက်ထားပြီး ဖြစ်သလို နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါ သည်။ (ပိုမိုအသေးစိတ်ကို စံသတ်မှတ်ချက် က-၁ တွင် ကြည့်ပါရန်)။
- ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် မြေအသုံးချမှုကော်မတီများကို မဖွဲ့စည်းရသေးပါ။ သို့သော် ထိုအဆင့်တွင် အခြားသောကော်မတီအချို့ ရှိပါသည် (ဥပမာ VFV နှင့် လယ်ယာမြေဆိုင်ရာကော်မတီများ) ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ (၂၀၁၇) အရ မြေယာအခွင့်အရေးများနှင့်စပ်လျဉ်းသော တာဝန်များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ကော်မတီတစ်ခုသို့ ပေးအပ်နိုင်ပါသည်။
- လက်ရှိ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီများ (TPICs)/ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီများ (TMCs) ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း ရေးဆွဲခြင်းကိုမူ သစ်တောဦးစီးဌာနမှ ဆက်လက်ဦးဆောင်သွားမည်ဖြစ်ပါသည်။
- မြေယာနှင့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာမူဝါဒများ ပေါင်းစပ်ညှိနှိုင်းရာတွင် (EAOs) ကဲ့သို့ တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအချို့ကလည်း တစ်ခန်းတစ် ကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများ၊ ဒေသဆိုင်ရာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စများအတွက် စီမံကိန်းများ သို့မဟုတ် အစီအစဉ်များကို သက်ဆိုင်ရာနယ်မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်သွားရန် သဘောတူသည်ဟုပါရှိပါသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် လေ့လာရေးကော်မတီသည် သဘောတူညီချက်ကို လိုက်နာဆောင်ရွက်မှုများအတွက် ပေါင်းစပ်ညှိနှိုင်းပေးရန် ရည်ရွယ်ပြီး ထိုကော်မတီတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်လေ့လာရေးကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်လေ့လာရေးကော်မတီများ၊ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်လေ့လာရေးကော်မတီများနှင့် စိစစ်အတည်ပြုရေးအဖွဲ့များ ပါဝင်ဖွဲ့စည်းထားပါသည်။
- ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အောက်ရှိ ‘မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီတွင် EAO များ၊ တပ်မတော်၊ လွှတ်တော်၊[1] နိုင်ငံရေး ပါတီများနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှ ကိုယ်စားလှယ်များ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မြေယာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းနိုင်အောင် ကူညီပံ့ပိုးနိုင်ပါသည်။ NCA လက်မှတ်ရေးထိုးထားသော EAO များ (NCA-S) အတွက် မြေယာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။
- အထက်တွင် တင်ပြခဲ့သည့်အတိုင်း စီမံကိန်းများ၏ အစီအစဉ်ရေးဆွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ တိုးတက် ကောင်းမွန်လာအောင် ပံ့ပိုးပေးနိုင်ရန် အဆိုပြု REDD+ PaM များကို ဒီဇိုင်းရေးဆွဲထားပါသည်။ အကောင်အထည်ဖော်သည့် ကာလအတွင်းတွင် မည်သို့လေးစားလိုက်နာကြောင်း သတင်းအချက်အလက်များအား ယခုအချိန်တွင် မရရှိနိုင်သေးပါ။
- မြို့နယ်အဆင့်တွင် ကော်မတီတစ်ခုမက ရှိနေခြင်းအပါအဝင် မြေအသုံးချမှုနှင့် မြေအသုံးချမှုစီမံကိန်း ရေးဆွဲခြင်းကို စီမံအုပ်ချုပ်သော အဖွဲ့အစည်းနှင့် စည်းမျဉ်းစည်းကမ်းများ အမျိုးမျိုးရှိနေခြင်း၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းနှင့် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း ရေးဆွဲခြင်းအတွက် လုပ်ငန်းစဉ်များမှာ သီးခြားဖြစ်နေခြင်း၊ EAO များ ထိန်းချုပ်သော နယ်မြေများတွင် ၎င်းတို့၏ ကိုယ်ပိုင်မြေယာစီမံအုပ်ချုပ်မှုစနစ်များ ရှိနေကြပါသည်။
- မြန်မာနိုင်ငံသည် ယခုအချိန်တွင် ဗဟိုချုပ်ကိုင်မှုကို ပိုမိုလျှော့ချပေးသော အုပ်ချုပ်မှုစနစ်ဆီသို့ ကူးပြောင်းရန် ဆောင်ရွက်နေပြီး အချို့သော တာဝန်ဝတ္တရားများကို ပြည်နယ် သို့မဟုတ် တိုင်း ဒေသကြီးအဆင့် အစိုးရများထံ လွှဲပြောင်းပေးထားပါသည်။ ယင်းသည် တစ်ခါတစ်ရံတွင် သဘာဝသယံဇာတများ ကို ထိန်းချုပ်မှုနှင့်စပ်လျဉ်းသည့် အခန်းကဏ္ဍများ ပိုင်းခြားမှုနှင့်စပ်လျဉ်း၍ မရေရာမှုများကို ဖြစ်စေပါသည်။
- တရားဝင်မူဘောင်များနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များထဲတွင် သစ်တောလုပ်ငန်းနှင့် မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်း နှင့်စပ်လျဉ်း၍ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစား အတိအကျသတ်မှတ် ပြဋ္ဌာန်းထားချက်များ အလွန်ပင် နည်းပါးပါသည်။
- စီမံကိန်းရေးဆွဲခြင်းနှင့် EAO များနှင့်ပေါင်းစပ်ညှိနှိုင်းခြင်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပံ့ပိုးပေး မည့် REDD+ PaM များအတွက် အစီအစဉ်ရေးဆွဲအကောင်ထည်ဖော်မှုများသည် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းလည်း အားပေးမြှင့်တင်နိုင်ပါလိမ့်မည်။ ဥပမာ သင့်လျော်သည့် ဆန်းစစ်မှုများ နှင့် FPIC လုပ်ငန်းစဉ်များမှတစ်ဆင့် သင့်လျော်သည့် အကျိုးသက်ဆိုင်သူများနှင့် ကျွမ်းကျင် ပညာရှင်များ လုံလောက်စွာပါဝင်နိုင်အောင် ဆောင်ရွက်ပေးခြင်းနည်းလမ်းဖြင့် အားပေးနိုင်မည်ဖြစ် ပါသည်။
- ဒေသန္တရအဆင့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ် များကို ပံ့ပိုးပေးရာတွင် ကဏ္ဍအလိုက် ဥပမာ သစ်တော၊ မြေအသုံးချမှု စသည်တို့နှင့် ကိုက်ညီမှုရှိအောင် ကြိုးပမ်းဆောင်ရွက် ပေးသင့်သည်။
- အနာဂတ်တွင် မြန်မာနိုင်ငံ REDD+ အစီအစဉ်သည်များနှင့် ပူးပေါင်း၍ ပူးတွဲလုပ်ငန်းများ ချမှတ်ခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် REDD+အတွက် EAO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်(များ) ရေးဆွဲရန် စဉ်းစားနိုင်ပါသည်။
လိုက်နာကျင့်သုံး | ခ.၃.၂။ REDD+ များ၏ ကူညီပံ့ပိုးမှုမှတစ်ဆင့်/ဖြင့် ဘက်စုံ စီမံကိန်းများ ရေးဆွဲထားမှု အရေအတွက်နှင့် လွှမ်းခြုံမှု၊ |
ခ.၃.၃။ REDD+ PaM များ၏ ကူညီပံ့ပိုးမှုမှတစ်ဆင့်/ဖြင့် ရေးဆဲထားပြီး လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ် ချက်များကို ထည့်သွင်းစဉ်းစားထားကြောင်း ပြသနိုင်သော စီမံကိန်းများ အရေအတွက်နှင့် လွှမ်းခြုံမှု၊၊ ( | |
ခ.၃.၄။ မြေအသုံးချမှုနှင့်စပ်လျဉ်း၍ EAOs နှင့်သော်လည်းကောင်း၊ တိုင်းရင်းသား အုပ်စုများနှင့်သော် လည်းကောင်း၊ နှစ်မျိုးစလုံးဖြင့်သော် လည်းကောင်း အတူတကွ ရေးဆွဲသည့် လုပ်ငန်းစီမံချက်များ နှင့်/သို့မဟုတ် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ |
စံသတ်မှတ်ချက် ခ-၄။ REDD+ မူဝါဒများနှင့် နည်းလမ်း များကို ရေးဆွဲသောအခါတွင် အချက် အလက်များ ရရှိနိုင်မှုနှင့် အဖွဲ့အစည်း များ/အကျိုးသက်ဆိုင်သူများ၏ ၎င်းတို့အား ထိရောက်စွာ အကောင် အထည်ဖော်နိုင်စွမ်း တို့ကို ထည့်သွင်း စဉ်းစားသင့်ပြီး ဖော်ထုတ်တွေ့ရှိသော အားနည်း ချက်များကို ကိုင်တွယ် ဆောင်ရွက်ပေးသင့်ပါသည်။
- မြန်မာနိုင်ငံ UN-REDD အစီအစဉ် သည် စွမ်းဆောင်ရည်လိုအပ်ချက်များ ဆန်းစစ်လေ့လာမှုတစ်ခုအပေါ်တွင် အခြေခံ၍ ၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်မည့် စွမ်းရည်မြှင့်တင်မှုစီမံကိန်းတစ်ခုနှင့်အတူ ‘REDD+ ကျွမ်းကျင်မှု မူဘောင်’ တစ်ခုကို ပြုစုခဲ့ ပါသည်။
- စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အချက်အလက်များ စောင့်ကြည့်လေ့လာခြင်း တိုးတက်ကောင်းမွန်ရေးကို သီးသန့်ဦးတည်ဆောင်ရွက်မည့် အဆိုပြု REDD+ မူဝါဒနှင့် နည်းလမ်းများ (PaMs) အချို့လည်း ပါရှိပါသည်။
- မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ အကောင်အထည်ဖော်ခြင်းဖြင့် သက်ဆိုင်ရာ အချက်အလက်များ ရရှိနိုင်မှု တိုးတက်စေသော ဥပဒေများ – သစ်တောဥပဒေ (၂၀၁၈) တွင် သစ်တောဦးစီးဌာန၏ တာဝန်များကို ဖော်ပြထားရာ သစ်တော သယံဇာတများဆိုင်ရာ သတင်းအချက်အလက်များကိုစုဆောင်းခြင်းနှင့် ဖြန့်ဝေပေးခြင်းနှင့် သယံဇာတစာရင်းကောက်ယူခြင်းတို့ပါဝင်ပါသည်။ အမျိုးသားသစ်တောမူဝါဒ (၁၉၉၅) တွင်လည်း သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှုကို အထောက်အကူဖြစ်စေရန် သစ်တောသယံဇာတ စာရင်းကောက်ယူမှု အချက်အလက် များကို အသုံးပြုသင့်ကြောင်း ဖော်ပြထားပါသည်။ အမျိုးသားသစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း (NFI) နှင့် အမျိုး သားသစ်တောသယံဇာတ စောင့်ကြည့်စစ်ဆေးခြင်းစနစ် (NFMS) ဒီဇိုင်းရေးဆွဲအကောင်အထည်ဖော်မှု ၅ နှစ် စီမံကိန်း တစ်ခုကို ဆောင်ရွက်လျက် ရှိပါသည်။
- အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် မြေအသုံးချမှုကော်မတီများသည် မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် အတည်ပြုထားသော အချိန်နှင့်တစ်ပြေးညီဖြစ်သည့် သတင်းအချက်အလက်များကို အခြေခံ၍ သင့်လျော်သည့် နယ်မြေများတွင် မြေအသုံးချမှု ပြောင်းလဲရန် အဆိုပြုသင့်သည်ဟု ဖော်ပြထားပါသည်။ ထို့ပြင် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ မြေအသုံးချမှုစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မြေအသုံးချမှုနှင့်စပ်လျဉ်း၍ မြေပမာဏလျာထားဆုံးဖြတ်ရာတွင် တိကျမှန်ကန် သည့် သတင်းအချက်အလက်ကို အကျိုးသက်ဆိုင်သူများအား ပွင့်လင်းမြင်သာစွာ သိရှိစေသင့်ပြီး ယင်းတို့ကိုယ်တိုင် အသုံးပြုခွင့် ရရှိစေသင့်သည်ဟု ပါရှိပါသည်။
- မြေယာ၊ သစ်တောနှင့် REDD+ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာ အခြားအပိုင်းကဏ္ဍများနှင့် စပ်လျဉ်းသည့် အချက်အလက်များစုဆောင်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ထုတ်ပြန်ခြင်းများကို လုပ်ဆောင်နေသော အခြား အဖွဲ့အစည်းများလည်း ရှိပါသည်။ ဥပမာ ဗဟိုစာရင်းအင်းအဖွဲ့ (CSO)၊ One Map Myanmar၊ မြန်မာသတင်း အချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) တို့ ဖြစ်ပါသည်။
- အထက်တွင် တင်ပြခဲ့သည့်အတိုင်း နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ထဲတွင် ပိုမိုကောင်းမွန်သော အချက်အလက်များနှင့် စွမ်းရည်မြှင့်တင်မှု များကို အထောက်အကူပြုရန်ရည်ရွယ်၍ NFI၊ NFMS နှင့် PaM များကို ဒီဇိုင်းရေးဆွဲထားပါသည်။ REDD+ PaM များကို အကောင်အထည်ဖော်သည့်ကာလအတွင်းတွင် ဤစံသတ်မှတ်ချက်ကို မည်သို့လေးစားလိုက်နာကြောင်း သတင်းအချက် အလက်များအား ယခုအချိန်တွင် မရရှိနိုင်သေးပါ။
- မြေအမျိုးအစားသတ်မှတ်ခြင်း၊ မြေယာလုပ်ပိုင်ခွင့် အမျိုးအစားများ သတ်မှတ်ခြင်း၊ မြေအသုံးချမှု စီမံကိန်းရေး ဆွဲခြင်း၊ မြေယာလုပ်ကိုင်ခွင့်များချပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခြင်း၊ စသည်တို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို အထောက်အပံ့ပေးရန် မြေယာနှင့်စပ်လျဉ်း သည့် အချက်အလက်များ၏ရရှိနိုင်မှုနှင့် တညီတညွတ်တည်းဖြစ်မှု တို့မှာ အကန့်အသတ်ရှိ နေပါသေးသည်။ ထို့ပြင် တိုင်းရင်းသာလူမျိုးစုများ/ဘာသာစကားများ ပျံ့နှံ့ရှိနေပုံဆိုင်ရာ သတင်းအချက်အလက် အသေးစိတ် များလည်း မရှိပါ။
- စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် စွမ်းဆောင်ရည် လိုအပ်ချက်များကို ဆန်းစစ်ရန်နှင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် လုပ်ငန်းများအား ပုံမှန် ပြဋ္ဌာန်းထားသည့် လုပ်ငန်းစဉ်များ မရှိသေးပါ။
စိန်ခေါ်မှုများအား ဖြေရှင်း အကြံပြုချက်များ
- အကျိုးသက်ဆိုင်သူများ၏ စွမ်းရည်မြှင့်တင်ပေးရေး လိုအပ်ချက်များကို စနစ်တကျ ပုံမှန်ဆန်းစစ်လေ့လာ ရန်အတွက် REDD+ အတွက် အဆင်သင့်ဖြစ်ရေး ပြင်ဆင်ဆောင်ရွက်သည့်အဆင့်အတွင်းက ရေးဆွဲထားသော ကျွမ်းကျင်မှုမူဘောင်ပေါ်တွင် အခြေပြုဆောင်ရွက်ရန်နှင့် REDD+ ၏ နောက်ပိုင်းအဆင့်များအတွက် ထိုလိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကောင်အထည်ဖော်ရန် ဖြစ်ပါ သည်။
- အနာဂတ်တွင် ရေးဆွဲဆောင်ရွက်မည့် REDD+ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း မူဘောင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် REDD+ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် စွမ်းရည်မြှင့် တင်သည့် လုပ်ငန်းများကို စောင့်ကြည့်လေလာသင့်ပါသည်။
- REDD+ အစီအစဉ်ကို ပံ့ပိုးရန် ရေးဆွဲနေသော သတင်းစနစ်များ (NFI၊ NFMS နှင့် SIS ကဲ့သို့) သည် REDD+ စီမံကိန်း ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းကို အထောက်အကူပြုရန် လိုအပ်သည့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များအပါအဝင် စာရင်းအင်းနှင့် နေရာအကျယ်အဝန်းဆိုင်ရာ အချက်အလက်များကို စုဆောင်းမျှဝေ ပေးနိုင်သည့်စနစ်များ ဖြစ်အောင် ဆောင်ရွက်ရပါမည်။ REDD+ PaM များအတွက် အကောင်အထည်ဖော်ရေး စီမံကိန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရေးဆွဲရာတွင် အချက်အလက်နှင့် စွမ်းဆောင်ရည်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားချက်များ ပါဝင်သင့်ပါသည်။
- အချက်အလက်များ (ဥပမာ မြေယာ၊ သစ်တော၊ စသည်ဆိုင်ရာ အချက်အလက်များ) ကို စုဆောင်းသောအခါတွင် INGO များနှင့် NGO များအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ လိုအပ်ပါကအချက် အလက်စုဆောင်းမှု များ တိုးတက်ကောင်းမွန်စေရန် စွမ်းရည်မြှင့်တင်မှုအကူအညီများ ပံ့ပိုးပေးသင့်သည်။
- တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာစကားများနှင့် ဌာနေတိုင်းရင်းသားများဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန်နှင့် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် အခွင့်အလမ်းများ ရှာဖွေရပါမည်။
လိုက်နာကျင့်သုံး | ခ.၄.၁။ REDD+ PaM များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အဖွဲ့ အစည်းဆိုင်ရာ/အကျိုးသက်ဆိုင်သူ များဩ စွမ်းဆောင်ရည်နှင့် အချက်အလက် ရရှိနိုင်မှုတို့ကို ဆန်းစစ်ထားသော လေ့လာဆန်းစစ်မှု အရေအတွက် (ဥပမာ နိုင်ငံအဆင့်၊ ပြည်နယ်/တိုင်း ဒေသကြီးအဆင့်၊ လုပ်ငန်း ဆောင်ရွက်သည့် နေရာအဆင့်ဟူ၍ အဆင့်လိုက် ခွဲခြားရရှိ နိုင်မှု) |
ခ.၄.၂။ ဆန်းစစ်မှုရလဒ်များပေါ် အခြေခံ၍ အချက်အလက် များ ထပ်ဆောင်းကောက်ယူရန် သို့မဟုတ် လက်လှမ်းမီရရှိ ရန် ချမှတ်ဆောင်ရွက်သည့် နည်းလမ်းအရေအတွက်၊ | |
ခ.၄.၃။ ဖော်ထုတ်တွေ့ရှိသည့် စွမ်းဆောင်ရည် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်၊ REDD+ PaM များကို ပံ့ပိုးနိုင်ရေး/ အကောင်အထည်ဖော်နိုင်ရေး စွမ်းရည်မြှင့်တင်ပေးရန် အတွက် အဖွဲ့အစည်းများအား ခွဲဝေပေးသော ရန်ပုံငွေ ပမာဏ၊ | |
ခ.၄.၄။ စွမ်းရည်မြှင့်တင်မှုအစီအစဉ်များ (ဥပမာ အလုပ်ရုံ ဆွေးနွေးပွဲ၊ သင်တန်း၊ ရှေ့ပြေး စမ်းသပ်ဆောင်ရွက်မှု) သို့ တက်ရောက်သည့် သူများ [သင်တန်းလက်ခံရရှိသူအုပ်စု (အစိုးရ ဝန်ထမ်း၊ ဒေသခံပြည်သူ၊ စသည်)၊ ကျား/မ၊ ဆောင် ရွက်သည့် နည်းလမ်းအလိုက် ခွဲခြား၍]နှင့် တက်ရောက်သည့် နေ့ရက်များကို မြှောက်ခြင်းဖြင့် ရရှိသော အရေအတွက်၊ ဥပမာ နေ့တစ်ဝက် ကျင်းပသည့် အသိပညာမြှင့်တင်မှု အစီ အစဉ်တစ်ခုအတွက်ဆိုလျှင် တက်ရောက်သူ အရေအတွက်ကို ၀.၅ ဖြင့် မြှောက်ရပါမည်။ ၅ ရက်တကာ သင်တန်းတစ်ခု ဆိုလျှင် ၅ ဖြင့် မြှောက်ရမည်။ |