အခြေခံစည်းမျဉ်း - က
အခြေခံစည်းမျဉ်း က – မြန်မာနိုင်ငံရှိ REDD+ မူဝါဒများ နှင့် နည်းလမ်းများ (Policies and Measures – PaMs) သည် နိုင်ငံအဆင့် သစ်တောအစီ အစဉ်များနှင့် သက်ဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များ ၏ ရည်ရွယ်ချက်များကို အထောက်အပံ့ပြုခြင်း သို့မဟုတ် ကိုက်ညီခြင်း ရှိသင့်ပါသည်။
စံသတ်မှတ်ချက် က-၁။ မြန်မာ နိုင်ငံရှိ REDD+ မူဝါဒများ နှင့် နည်းလမ်းများအား ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ရာတွင် သစ်တောလုပ်ငန်း၊ ရာသီဥတု ပြောင်းလဲမှု၊ ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှု၊ မြေအသုံးချမှု၊ ဇီဝမျိုးစုံ မျိုးကွဲများအား ထိန်းသိမ်း စောင့်ရှောက်မှု၊ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချခြင်း၊ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ ပွင့်လင်းမြင်သာမှုနှင့် ကျားမ တန်းတူညီမျှမှုတို့အပါအဝင် သက် ဆိုင်ရာ နိုင်ငံအဆင့် မူဝါဒများ၊ အစီအစဉ်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲ ဆောင်ရွက်သင့်ပါသည်။ အမျိုးသားမူဝါဒများနှင့် အစီအစဉ် များ၏ ရည်ရွယ်ချက်များ နှင့် REDD+ PaM များကြား ဆန့်ကျင်ဘက် ဖြစ်နိုင်ခြေများကို ရှာဖွေဖော်ထုတ်၍ ဖြေရှင်းသင့်သည်။
- REDD+ မှ ကိုက်ညီအောင် ဆောင်ရွက်သင့်သည့် ဖြစ်နိုင်ပါက ကူညီပံ့ပိုးသင့်သည့် မြန်မာနိုင်ငံရှိ အဓိကဦးစားပေး များအဖြစ် အောက်ပါအမျိုးသားမူဝါဒများနှင့် အစီအစဉ်များကို သတ်မှတ်ဖော်ထုတ်ထားပါသည် (ပိုမိုအသေးစိတ် သော အချက်အလက်များကို နောက်ဆက်တွဲ ၄ တွင် ကြည့်ပါရန်) –
- အမျိုးသားသစ်တောမူဝါဒ (၁၉၉၅) နှင့် သစ်တောဥပဒေ (၂၀၁၈)
- မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မစီမံကိန်း (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ (၂၀၁၉)
- မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ (၂၀၁၈) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)
- အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆)
- နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) ၊
- မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေး လုပ်ငန်းစီမံချက် (၂၀၁၇)
- မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
- အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)
- အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၄)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (၂၀၁၅) ၊
- ပေါင်းစပ်ညှိနှိုင်းခြင်းကို တာဝန်ယူလုပ်ဆောင်နေသော လုပ်ငန်းစဉ်/အဖွဲ့အစည်း အချို့ ရှိပါသည်။ REDD+ မူဝါဒနှင့် နည်းလမ်းများ (PaMs) များကို အခြားမူဝါဒများ၊ အစီအစဉ်များ၊ နိုင်ငံတကာ သဘော တူညီချက်များ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီအောင် ညှိနှိုင်းပေးမည့် လုပ်ငန်းစဉ်များ ရှိပါသည်။
- အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ (NE5C) သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်သည့် နိုင်ငံအဆင့် လုပ်ငန်းများအတွက် လမ်းညွှန်မှုများ ပေးနေပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များ (ဥပမာ အမျိုးသား လိုက်လျောညီထွေရှိစေရေး လုပ်ငန်းအစီအစဉ် – NAPA) ရေးဆွဲခြင်းအပါအဝင် ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသည့်လုပ်ငန်းများအားလုံးကို စီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ပါသည်။ NE5C တွင် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများဆိုင်ရာ လုပ်ငန်းကော်မတီတစ်ခု ရှိပြီး ထိုကော်မတီသည် မူဝါဒများရေးဆွဲခြင်း၊ တည်ဆဲ PLR များကို သုံးသပ်ခြင်း တို့အား ဆောင်ရွက်ပါသည်။ REDD+ နှင့် သက်ဆိုင်သောကော်မတီမှာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ ဖြစ်ပါသည်။
- အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ (NE5C) သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်သည့် နိုင်ငံအဆင့် လုပ်ငန်းများအတွက် လမ်းညွှန်မှုများ ပေးနေပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံချက်များ (ဥပမာ အမျိုးသား လိုက်လျောညီထွေရှိစေရေး လုပ်ငန်းအစီအစဉ် – NAPA) ရေးဆွဲခြင်းအပါအဝင် ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသည့်လုပ်ငန်းများအားလုံးကို စီမံခန့်ခွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ပါသည်။ NE5C တွင် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများဆိုင်ရာ လုပ်ငန်းကော်မတီတစ်ခု ရှိပြီး ထိုကော်မတီသည် မူဝါဒများရေးဆွဲခြင်း၊ တည်ဆဲ PLR များကို သုံးသပ်ခြင်း တို့အား ဆောင်ရွက်ပါသည်။ REDD+ နှင့် သက်ဆိုင်သောကော်မတီမှာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ ဖြစ်ပါသည်။
- REDD+ အထူးလုပ်ငန်းအဖွဲ့ – ယခုလက်ရှိတွင် REDD+အတွက် အဆင်သင့်ဖြစ်ရေး လုပ်ဆောင်သည့် လုပ်ငန်းများအားလုံး အကောင်အထည်ဖော်မှုကို ကြီးကြပ်ပေးနေပြီး REDD+ လုပ်ငန်းများအားလုံးကို ပေါင်းစပ်ညှိနှိုင်း၍ စောင့်ကြည့်စစ်ဆေးပေးပါသည်။
- REDD+ နည်းပညာလုပ်ငန်းအဖွဲ့(TWGs)များ – ထိုအဖွဲ့များ၏ အခန်းကဏ္ဍမှာ ၎င်းတို့၏ သက်ဆိုင်ရာအကြောင်းအရာ နယ်ပယ်အတွင်းရှိ သင့်လျော်သည့်၊ ရရှိနိုင်သမျှ အကြံဉာဏ်များနှင့် လမ်းညွှန်များကို ထည့်သွင်းစဉ်းစား၍ အဆိုပြုချက်များနှင့် နည်းလမ်းများအတွက် (ဥပမာ REDD+ အထူးလုပ်ငန်းအဖွဲ့ သို့မဟုတ် NE5C မှ) ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် ပံ့ပိုးကူညီပေးရန်နှင့် REDD+ အထူးလုပ်ငန်းအဖွဲ့အတွက် သတင်းအချက် အလက်များ/အကြံပြုချက်များ ပေးရန်ဖြစ်ပါသည်။
- အမျိုးသားမြေအသုံးချမှုကောင်စီ (NLUC) ကို အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် ဆက်စပ်ဥပဒေများကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ဝန်ကြီးချုပ်များက အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။ NLUC သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ အားလုံးနှင့် နေပြည်တော်ကောင်စီတွင် မြေအသုံးချမှုကော်မတီများကို ဖွဲ့စည်းရမည်ဖြစ်သည်။ NLUC နှင့် ကော်မတီများသည် ကဏ္ဍအမျိုးမျိုးရှိ မြေအသုံးချမှုများကို ပေါင်းစပ်ညှိနှိုင်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သည်။
- နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီသည် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတမ်းသယံဇာတ ဘက်စုံပေါင်းစပ်စီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်းသော မူဝါဒများ၊ မဟာဗျူဟာများ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲအကောင်အထည်ဖော်မှုများအတွက် လမ်းညွှန်မှုများပေးခြင်း၊ ပင်လယ်ကမ်းရိုး တမ်းသယံဇာတများနှင့် စပ်လျဉ်းသောအချက်အလက်များ စုဆောင်းမှုနှင့် သတင်းစနစ်တစ်ခု တည်ထောင်မှု ကို ကြီးကြပ်ပေးခြင်း၊ ပင်လယ်ကမ်းရိုးတမ်းသယံဇာတ ဘက်စုံပေါင်းစပ်စီမံအုပ်ချုပ်မှု အစီအစဉ်တစ်ခု ရေးဆွဲဆောင်ရွက်ရေးအတွက် လမ်းညွှန်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။ အဆိုပါ ကော်မတီသည် ဒီရေတောများကဲ့သို့ ကမ်းရိုးတန်းဒေသများတွင် ဆောင်ရွက်မည့် REDD+ PaM များနှင့် အထူးသက်ဆိုင် ပါသည်။
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းအဖွဲ့ ကဲ့သို့ ကဏ္ဍစုံ ပါဝင်သော အခြားပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များတွင်လည်း အစိုးရနှင့် အစိုးရမဟုတ်သော လုပ်ဆောင်သူများကို စုစည်းထားပြီး မူဝါဒရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှုများကို လမ်းညွှန်မှု များ ပေးနေပါသည်။
- ၂၀၁၈ သစ်တောဥပဒေ၏ အခြေခံစည်းမျဉ်းများသည် အခြေခံစည်းမျဉ်း -က ကို အထောက်အပံ့ပြုနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေကို အစိုးရ၏ သစ်တောရေးရာမူဝါဒ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများ၊ သစ်တောများ၊ သဘာဝပတ်ဝန်းကျင်နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များ နှင့်အညီ အကောင်အထည်ဖော်ရန်ဟု ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည် (စံသတ်မှတ်ချက် က-၂ ကို ကြည့်ပါရန်)။ သစ်တောကဏ္ဍရှိ အစိုးရအဖွဲ့စည်းများအားလုံး၏ လုပ်ငန်းများကို အဆိုပါစည်းမျဉ်းများအတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါသည်။ ၂၀၁၈ သစ်တောဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် သစ်တောထိန်းသိမ်းကာကွယ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်လျော့ပါးရေးတို့ နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့်အညီ ဆောင်ရွက်ရန်ဟူ ၍လည်း ပါဝင်ပါသည်။
- ၂၀၁၉ ခုနှစ်တွင် အခြားအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ သစ်တောနည်းဥပဒေဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ ကြီးကြပ်ရေးကော်မတီဖြစ်ပြီး သစ်တော နည်းဥပဒေအသစ်ကိုရေးဆွဲစဉ် အကျိုးသက်ဆိုင်သူများနှင့် ဒေသန္တရအဆင့်အထိ ရောက်ရှိဆက်သွယ် ညှိနှိုင်းနိုင် ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် သစ်တောဦးစီးဌာန၊ ပြည်တွင်းနှင့် နိုင်ငံတကာ NGO များမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
- ဝန်ကြီးဌာနတိုင်းသည် မဟာဗျူဟာ/မူဝါဒတစ်ခု ရေးဆွဲပြုစုခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပြီး အခြားကဏ္ဍများနှင့် ချိန်ညှိရေးဆွဲရန် တာဝန်ရှိပါသည်။ သက်ဆိုင်ရာကဏ္ဍက တာဝန်ယူရပါသည်။ ဥပဒေများ နှင့် မူဝါဒများကို အစိုးရအဖွဲ့ (ကက်ဘိနက်) သို့ အတည်ပြုချက်ရယူရန် တင်ပြသောအခါတွင်လည်း အခြားဥပဒေများ၊ မူဝါဒများနှင့် ဆန့်ကျင်ဘက်ဖြစ်နေခြင်းများ ရှိ/မရှိ ဆွေးနွေး သုံးသပ်ပါသည်။
- မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (DAP၊ ၂၀၁၈) တွင် ထောက်ပံ့ကြေးများနှင့် ချေးငွေများ အပါအဝင် ဖွံ့ဖြိုးမှုအကူအညီများကို သုံးသပ်အတည်ပြုသည့်လုပ်ငန်းစဉ်များကို ပြဋ္ဌာန်းထားပါသည်။ ထိုလုပ်ငန်းစဉ်များအရ တာဝန်ရှိသည့် အစိုးရဌာနအဖွဲ့အစည်းများသည် ထောက်ပံ့ကြေးများ/ချေးငွေများကို DAP၊ သက်ဆိုင်ရာကဏ္ဍ အလိုက်စီမံကိန်းများနှင့်အညီဖြစ်စေရန်နှင့် အခြားသောဆောင်ရွက်ဆဲလုပ်ငန်းများ၊ အစီအစဉ်ရေးဆွဲထားသော လုပ်ငန်းများနှင့် ကိုက်ညီရန်/ အထောက်အပံ့ပြုရန် လုပ်ဆောင်ရပါသည်။
- NRS နှင့် PaM များသည် အဓိကကျသောမူဝါဒများ၊ အစီအစဉ်များနှင့် ကိုက်ညီစေရန် ယနေ့အချိန်အထိ ဆောင် ရွက်လာခဲ့သည့် လုပ်ငန်းစဉ်နှင့် လုပ်ငန်းအဆင့်အချို့ ရှိပါသည် –
- ကာကွယ်စောင့်ရှောက်မှုများကို နိုင်ငံအခြေအနေနှင့် ကိုက်ညီစွာ အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းခြင်းနှင့် မြန်မာနိုင်ငံ REDD+ မဟာဗျူဟာတို့မှတစ်ဆင့် ဦးစားပေးညှိနှိုင်းဆောင်ရွက်သင့်သည့် အမျိုးသားမူဝါဒများနှင့် အစီအစဉ်များ၊ နိုင်ငံတကာသဘောတူညီချက်များကို သတ်မှတ်ဖော်ထုတ်ခြင်း၊
- REDD+ အထူးလုပ်ငန်းအဖွဲ့နှင့် TWG များကဲ့သို့ NRS ရေးဆွဲစဉ်နှင့် ကနဦး PaM များကို သတ်မှတ် ဖော်ထုတ်စဉ် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များးကို ဖွဲ့စည်းခြင်း၊
- TWG အဖွဲ့များအတွင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့များနှင့်အတူ NRS နှင့် PaM များနှင့်စပ်လျဉ်း၍ ကဏ္ဍစုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ရာ နိုင်ငံအဆင့် REDD+ မဟာဗျူဟာကို NRS ကို ကဏ္ဍအသီးသီး၏ ပန်းတိုင်များနှင့် ကိုက်ညီအောင် ညှိနှိုင်းရာတွင် အထောက်အကူဖြစ်စေခဲ့ပါသည်။
- PaM များ ရေးဆွဲသည့်လုပ်ငန်းစဉ်တွင် တိုင်းရင်းသားအဖွဲ့များအပါအဝင် အကျိုးသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်များတွင် ပြုလုပ်ခဲ့ပါသည်။
- နိုင်ငံအဆင့် REDD+ မဟာဗျူဟာကို အပြီးသတ်အတည်ပြုစဉ်တွင်လည်း နိုင်ငံအဆင့် အတည်ပြုအလုပ်ရုံဆွေးနွေးပွဲတစ်ခုနှင့် အွန်လိုင်းမှ အကြံပြုချက်များ တောင်းခံခြင်း၊ ထို့နောက်တွင် REDD+ အထူးလုပ်ငန်းအဖွဲ့မှ အတည်ပြုခြင်း၊ NE5C မှ အတည်ပြုချက် ရယူခြင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) မှ အစိုးရအဖွဲ့ (ကက်ဘိနက်) သို့ တင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
သစ်တောဥပဒေ၏ အခြေခံစည်းမျဉ်းများတွင် သစ်တောလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများ ကို ကိုက်ညီအောင်ညှိနှိုင်းရန် သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း REDD+ PaM များအားလုံးကို ဦးစားပေးအစီအစဉ်များ၊ အမျိုးသားမူဝါဒများ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီအောင်ညှိနှိုင်း၍ ဒီဇိုင်းရေးဆွဲကြောင်း သေချာအောင်လုပ်ဆောင်သည့်နေရာတွင် လုံလောက်မှုမရှိပါ။ အဘယ်ကြောင့်ဆိုသော် သီးသန့်ပြဋ္ဌာန်းပေးထားသောလုပ်ငန်း လည်ပတ်ဆောင်ရွက်မှု ယန္တရားတစ်ခုမရှိခြင်းနှင့် သစ်တောကဏ္ဍ ပြင်ပရှိ REDD+ PaM များတွင် သစ်တောဥပဒေက လွှမ်းခြုံမှုမရှိသည့်အတွက် ဖြစ်ပါသည်။ မဟာဗျူဟာများ၏ အခြားမူဝါဒနှင့် ဥပဒေများနှင့် တစ်သမတ်တည်းဖြစ်ခြင်းနှင့် ဆန့်ကျင်းခြင်းတို့အား ပုံမှန်အားဖြင့် တရားဝင် ပြန်လည်မသုံးသပ်ခြင်း၊ REDD+ နှင့် ကိုက်ညီအောင် ညှိနှိုင်းနိုင်ရန် တိုင်ပင်ဆွေးနွေးသင့်သည့် သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သူများ အားလုံး မပါဝင်ခြင်း။ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဥပဒေမူဘောင်မှာ ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ် ပါသည်။
ကွာဟချက်များအား ဖြေရှင်းရန် အကြံပြုချက်များ –
- REDD+ ကို အကောင်အထည်ဖော်သည့်အဆင့်တွင် TWG များနှင့် အထူးလုပ်ငန်းအဖွဲ့ကဲ့သို့ REDD+ အတွက် ဖွဲ့စည်းထားသည့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ၏ အဖွဲ့ဝင်များပါဝင်ဖွဲ့စည်းထားမှုကို လေ့လာဆန်းစစ်၍ PaM များ ကို ကဏ္ဍစုံမှ ကြီးကြပ်စောင့်ကြည့်နိုင်ရန်။
- မြန်မာနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုသတင်းအချက်အလက်စနစ် (SIS) စနစ်တွင် REDD+ မှ ဦးစားပေးရွေးချယ်ထားသော အမျိုးသားမူဝါဒရည်မှန်းချက်များ (နောက် ဆက်တွဲ ၂ ကို ကြည့်ပါရန်) ကို အထောက်အကူပြုနိုင်မှုအား စောင့်ကြည့်စစ်ဆေးနိုင်မည့် ညွှန်ကိန်းများ ပါဝင်သင့်ပါသည်။
- မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဥပဒေမူဘောင်နှင့် ပေါင်းစပ်ညှိနှိုင်းမှု များကို အားကောင်းအောင် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသင့်သည်။ ဥပမာ ဆောင်ရွက်ရန်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) ပြင်ဆင်ရေးဆွဲခြင်းမှတစ်ဆင့် သို့မဟုတ် ရာသီဥတုပြောင်းလဲမှုအတွက် သီးသန့်ဥပဒေသစ်တစ်ရပ် ရေးဆွဲ၍ သို့မဟုတ် ဆောင်ရွက်ရန် ရှိသည့် သစ်တောဥပဒေ (၂၀၁၈) ပြင်ဆင်ရေးဆွဲခြင်းမှတစ်ဆင့်.
လိုက်နာကျင့်သုံး | NBSAP ကိုအထောက်အကူပြု | က.၁.၁။ REDD+ PaM များမှတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက် မှုများဆောင်ရွက်နေသည့် ဦးစားပေးထိန်းသိမ်းစောင့်ရှောက် ရမည့် နေရာများ၏ ဧရိယာ |
က.၁.၂. REDD+ PaM များမှတစ်ဆင့် တည်ထောင်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေများ (လူထုမှ ထိန်းသိမ်းစောင့် ရှောက်ထားသောဧရိယာများအပါအဝင်) ၏ ဧရိယာ (ဟက်တာဖြင့်) နှင့် နိုင်ငံမှ ရည်မှန်းထားသည့် သဘာဝ ထိန်းသိမ်းနယ်မြေများ၏ လွှမ်းခြုံမှုတွင် အဆိုပါဧရိယာများ ပါဝင်မှု အချိုးအစား | ||
က.၁.၃။ နေရာဒေသအခြေပြုသည့် REDD+ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဧရိယာအတွင်းပြင်ရှိ NFI အကွက်များ ပေါ်ရှိ biodiversitymetrics များ၏ အပြောင်းအလဲများ | ||
မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ ၂၀၁၈-၂၀၃၀၊မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ(၂၀၁၉)နှင့်DRRလုပ်ငန်း စီမံချက်တို့ကိုအထောက်အကူပြု – | က.၁.၄။ REDD+ ဧရိယာများရှိ မြို့နယ်ထိခိုက်လွယ်မှု အညွှန်း ကိန်းဆိုင်ရာ အပြောင်းအလဲများ | |
က.၁.၅။ မြန်မာနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချနိုင်မှု တွင်REDD+ GHG ရလဒ်များ၏ ပါဝင်အထောက်အကူပြုမှု | ||
က.၁.၆။ REDD+ PaM များမှတစ်ဆင့် စိုက်ပျိုးရေးနှင့် စပ်လျဉ်းသောပံ့ပိုးကူညီမှုများ လက်ခံရရှိသည့် တောင်သူ လယ်သမားများအရေအတွက် | ||
မြန်မာ့သစ်တောမူဝါဒကိုအထောက်အကူပြု | က.၁.၇။ သစ်တောနယ်မြေ ဧရိယာ၊ အပြောင်းအလဲများ | |
က.၁.၈။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧရိယာ အပြောင်းအလဲများ | ||
MSDP ကို အထောက်အပံ့ပြု | က.၁.၉။ REDD+ မှတစ်ဆင့် ပံ့ပိုးသည့် ရေရှည်လုပ်ကိုင် စားသောက်နိုင်သော/ အစားထိုးလုပ်ကိုင်နိုင်သော အသက် မွေးဝမ်းကျောင်းမှု လုပ်ငန်း ပံ့ပိုးမှုများ ရရှိသည့် အကျိုးခံစား ခွင့်ရှိသူအရေအတွက် | |
က.၁.၁၀။ REDD+ အကောင်အထည်ဖော်သော နေရာဒေသ များရှိဆင်းရဲနွမ်းပါးသော အိမ်ထောင်စု အချိုးအစား | ||
က.၁.၁၁။ REDD+ ဖြင့် (ကုမ္ပဏီ/အိမ်ထောင်စုမှ) အသေးစားငွေရေးကြေး ရေး/ချေးငွေ လက်လှမ်းမီရရှိမှု | ||
က.၁.၁၂။ ခုတ်လှဲထုတ်ယူခြင်းမဟုတ်သည့် သစ်တော အသုံးပြုမှု/လုပ်ငန်းဆောင်တာများ၏ စီးပွားရေးတန်ဖိုး အပြောင်းအလဲများ | ||
က.၁.၁၃။ ပြည်နယ်များ/ တိုင်းဒေသကြီးများ၏ သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရောင်းချရာမှ ရရှိသည့် အခွန် ဘဏ္ဍာငွေပမာဏအပြောင်းအလဲများ | ||
အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) | က.၁.၁၄။ REDD+PaMs များမှ တစ်ဆင့် ထောက်ပံ့သည့် စီမံကိန်းရေးဆွဲရေး ကိရိယာ အရေအတွက် (သို့မဟုတ် လွှမ်းခြုံသည့် ဧရိယာ) | |
က.၁.၁၅။ REDD+ ၏ ပံ့ပိုးမှုဖြင့် ICCA အဖြစ်၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများအဖြစ် ကြေညာသတ်မှတ်ပြီးဖြစ် သော နှင့်/သို့မဟုတ်မြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ထုတ် ပေးပြီးဖြစ်သော ဧရိယာ | ||
အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၈) | က.၁.၁၆။ REDD+ ဖြင့် ထိခိုက်မှုဆန်းစစ်ခြင်းအတွက် ပံ့ပိုးကူညီမှု နှင့် ဆက်စပ်သည့် စွမ်းဆာင်ရည် မြှင့်တင်ပေးခြင်း | |
က.၁.၁၇။ REDD+ PaM များမှတစ်ဆင့် ထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ဇီဝမျိုးစုံမျိုးကွဲ များ၊ ဂေဟစနစ်ဝန်ဆောင်မှုများ သို့မဟုတ် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု အတွက် ဦးစားပေးဧရိယာမျာ |
စံသတ်မှတ်ချက် က-၂။ မြန်မာနိုင်ငံရှိ REDD+ မူဝါဒ များနှင့် နည်းလမ်းများ ကို ဒီဇိုင်းရေးဆွဲ၊ အကောင်အထည် ဖော်ရာတွင် CBD၊ UNCCD၊ UNFCCC၊ CITES ၊ ရမ်ဆာ ကွန်ဗင်းရှင်း၊ CEDAW ၊ UNDRIP၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ UN ကွန်ဗင်းရှင်း ကဲ့သို့ သော သက်ဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းများနှင့် သဘောတူညီ ချက်များ၊ SDGs နှင့် FLEGT ကဲ့သို့ နိုင်ငံတကာ မူဝါဒများနှင့် အစီအ စဉ်များ အဆိုပါသဘောတူညီချက် များကို အကောင်အထည်ဖော်ရန် အတွက် ရေးဆွဲထားသော နိုင်ငံ အဆင့် မဟာဗျူဟာများ၊ စီမံကိန်း များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲ ဆောင်ရွက်သင့်ပါသည်။
- REDD+ မှ ကိုက်ညီအောင် ဆောင်ရွက်သင့်သည့် ဖြစ်နိုင်ပါက ကူညီပံ့ပိုးသင့်သည့် မြန်မာနိုင်ငံရှိ အဓိကဦးစားပေး များအဖြစ် အောက်ပါနိုင်ငံတကာကွန်ဗင်းရှင်းများနှင့် ကတိကဝတ်များ၊ ၎င်းတို့ကို အကောင်အထည်ဖော်ရန် နိုင်ငံမှ ချမှတ်ထားသော မဟာဗျူဟာများကို သတ်မှတ်ဖော်ထုတ်ထားပါသည် (ပိုမိုအသေးစိတ် သော အချက်အလက်များကို နောက်ဆက်တွဲ ၆ တွင် ကြည့်ပါရန်) –
- ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (CBD)/ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက် (NBSAP)
- ကုလသမဂ္ဂ သဲကန္တာရအဖြစ် ပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCCD)/ ကုန်းမြေ ပျက်စီးမှု တိုက်ဖျက်ရေး အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် (National Action Program to Combat Land Degradation)
- ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက် (UNFCCC) / ပဲရစ် သဘောတူညီချက်အတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှု (Nationally Determined Contribution – NDC)
- မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES)
- ကမ္ဘာ့ရေဝပ်ဒေသများ ထိန်းသိမ်းရေးဆိုင်ရာ ရမ်ဆာကွန်ဗင်းရှင်း
- အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့်ခွဲခြားမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW)/ အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း
- ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP)
- လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း
- အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း/ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၃)
- စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) / မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)
- သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT)
- မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီးပြီ ဆိုလျှင် ပြည်တွင်းမှ ၎င်း၏သက်ဆိုင်ရာ ဥပဒေများထဲတွင် ပေါင်းစပ်ထည့်သွင်းပါသည်။ နိုင်ငံတကာ သဘောတူညီချက် အသီးသီး၏ တာဝန်ခံဝန်ကြီးဌာနများက ဤလုပ်ငန်းစဉ်ကို တာဝန်ယူလုပ်ဆောင်ရပါသည်။
- စံသတ်မှတ်ချက် က-၁ အောက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၂၀၁၈ သစ်တောဥပဒေသည် သစ်တောကဏ္ဍ အတွင်းရှိ PaM များကို သစ်တောများထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်းသော နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူပြုပါသည်။ ထို့ပြင် ၂၀၁၈ သစ်တောဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် သစ်တောထိန်းသိမ်းကာကွယ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးတို့နှင့်စပ်လျဉ်းသည့် အစီအစဉ်များကို အကောင်အထည်ဖော်သောအခါတွင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်ရန်ဟူ၍လည်း ပါဝင်ပါသည်။
နိုင်ငံအဆင့် REDD+ မဟာဗျူဟာကို အမျိုးသားမူဝါဒများ၊ အစီအစဉ်များ၊ နိုင်ငံတကာကတိကဝတ်များနှင့် ကိုက်ညီစေရန် ပံ့ပိုးပေးသော လုပ်ငန်းစဉ်များအကြောင်း ဖော်ပြထားချက်ကို စံသတ်မှတ်ချက် က-၁ တွင် ဖတ်ရှုနိုင်ပါသည်။ အထူးသဖြင့် မဟာဗျူဟာ နောက်ဆုံးမူကြမ်းတွင် REDD+ သည် မြန်မာနိုင်ငံ၏ ပဲရစ်သဘောတူညီချက်အတွက် နိုင်ငံမှပါဝင်ကူညီပေးရန် ဆုံးဖြတ်ထားသော အရာများ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကဲ့သို့ အဓိကကျသော နိုင်ငံတကာကတိကဝတ်များကို မည်သို့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ကြောင်း ဆန်းစစ်လေ့လာထားပါသည်။
မြန်မာနိုင်ငံ၏ အမျိုးသားမူဝါဒများနှင့် ဥပဒေများသည် နိုင်ငံ၏နိုင်ငံတကာကတိကဝတ်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေခြင်းများရှိနိုင်ကြောင်း အကျိုးသက်ဆိုင်သူများက ထောက်ပြကြပါသည်။ ဥပမာ မြေအသုံးချမှု မူဝါဒနှင့် လူ့အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာတာဝန်ဝတ္တရားများကြား ဆန့်ကျင်ဘက်ဖြစ်နေမှု (အခြေခံ စည်းမျဉ်း ဂ ကိုလည်း ကြည့်ပါရန်)
ကွာဟချက်များအား ဖြေရှင်းရန် အကြံပြုချက်များ –- REDD+ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ၏ အဖွဲ့ဝင်များနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက် က-၁ အောက်တွင် ဖော်ထုတ် ထားသော နည်းလမ်းများကို ကြည့်ပါရန်၊
- မြန်မာနိုင်ငံ၏ SIS စနစ်တွင် REDD+ မှ ဦးစားပေးရွေးချယ်ထားသော နိုင်ငံတကာကတိကဝတ်များနှင့် NDC နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ကဲ့သို့ မြန်မာနိုင်ငံမှ ထိုကတိကဝတ်များကို ဖြည့်ဆည်းရန် လုပ်ဆောင်မှုများကို မည်မျှအထောက်အကူပြုနိုင်ကြောင်း စောင့်ကြည့်စစ်ဆေးနိုင်မည့် ညွှန်ကိန်းများကို ထည့်သွင်းသင့်ပါသည်
- မြန်မာနိုင်ငံ REDD+ မဟာဗျူဟာတွင် ဥပဒေမူဘောင်ကို တိုးတက်ကောင်းမွန်စေခြင်း၊ မြေယာနှင့် သဘာဝ အရင်းအမြစ်များဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ ထို့ပြင် ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထားတောင်းခံခြင်း (FPIC) နှင့် နစ်နာမှုများအတွက် တရားသဖြင့်ဖြစ်စေရန် ဖြေရှင်းဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (GRM) ကဲ့သို့သော နည်းစနစ်များကို အားပေးမြှင့်တင်ခြင်းတို့ကို ရည်ရွယ်သော PaM များ ပါရှိပါသည်။ ကာကွယ်စောင့်ရှောက်မှုများကို နိုင်ငံတကာသဘောတူညီချက်များ နှင့်အညီ ကိုင်တွယ်ဆောင်ရွက်နိုင်ရန်နှင့် လေးစားလိုက်နာနိုင်ရန် ထို PaM များကို အသုံးပြုသင့်ပါသည် (အခြေခံစည်းမျဉ်း ဂ ကိုလည်း ကြည့်ပါရန်)။
လိုက်နာကျင့်သုံး | NDC & UNCCD ကိုအထောက်အပံ့ပြု | က.၂.၁။ REDD+ PaM များမှတစ်ဆင့် ပြန်လည်ပျိုးထောင်ထား သော/ပြန်လည်စိုက်ပျိုးထားသော သစ်တောမြေ ဧရိယာ နှင့် ယင်းဧရိယာမှသစ်တောများ ပြန်လည် ပျိုးထောင်ရေး နိုင်ငံမှ ရည်မှန်းထားသောရည်မှန်းချက်များ ပြည့်မီရေး ပါဝင်ပံ့ပိုးမှု အချိုးအစား |
က.၂.၂။ ကာဗွန်ထုတ်လွှတ်မှုများ လျှော့ချမှုတွင် ပါဝင်ကူညီ ပေးသည့်REDD+ ရလဒ်များ | ||
CBD၊ CITES၊ RAMSARတို့ကို အထောက်အပံ့ပြု | က.၂.၃။ က.၁ အောက်ရှိ NBSAP ညွှန်ကိန်းများနှင့် ချိတ်ဆက် | |
က.၂.၄ – နေရာဒေသအခြေပြု နည်းလမ်းများမှတစ်ဆင့် ကာကွယ်စောင့်ရှောက်မှုများ ထပ်ဆောင်း လက်ခံရရှိသည့် ရမ်ဆာဒေသများ (နှင့်/သို့မဟုတ် အာဆီယံ/နိုင်ငံ အသိအမှတ် ပြု ရေတိမ်ရေဝပ်ဒေသများ)အချိုးအစားနှင့် ဧရိယာ | ||
က.၂.၅။ REDD+ PaM များမှတစ်ဆင့် ပြန်လည်ပျိုးထောင်/ ပြန်လည်စိုက်ပျိုးထားသော ဒီရေတောများ ဧရိယာ | ||
က.၂.၆။ သစ်တောတွင်းရှိ အဓိကကျသည့် စီးပွားရေးသုံး အပင်မျိုးစိတ်များ ပေါများစွာရှိမှု အပြောင်းအလဲများ (NFI မှတစ်ဆင့်) | ||
က.၂.၇။ REDD+ မှတစ်ဆင့် ပံ့ပိုးအားပေးမှုဖြင့် ဒေသန္တရ အစိုးရ၊ လူထုများ လုပ်ဆောင်သော၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သောနယ်စပ်ထိန်းချုပ်ရေး လုပ်ငန်းများ အရေအတွက် | ||
CEDAW / အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုး သားအဆင့် မဟာဗျူဟာစီမံကိန်းကိုအထောက်အပံ့ပြု | က.၂.၈။ ကျားမတန်းတူညီမျှမှုကို အားပေးနိုင်မည့် တိုးချဲ့ ဝန်ဆောင်မှု အရေအတွက်၊ | |
က.၂.၉။ အမျိုးသမီးများ၏ ပါဝင် ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် ကာကွယ်စောင့်ရှောက်မှု ဃ ညွှန်းကိန်း နှင့် ချိတ်ဆက်သည် | ||
UNDRIP နှင့် ကုလသမဂ္ဂလူမှုရေး၊ ယဉ်ကျေးမှုနှင့်စီးပွား ရေးဆိုင်ရာ အခွင့်အရေးများ ကွန်ဗင်းရှင်း | က.၂.၁၀။ ဒေသခံပြည်သူ/ IP များ၏ မြေယာအခွင့်အရေး များဆိုင်ရာ ဂ.၂.၅ နှင့် ချိတ်ဆက်၊ | |
က.၂.၁၁။ ယဉ်ကျေးမှုအမွေအနှစ်များ ဆိုင်ရာ ဂ.၃ နှင့် ချိတ်ဆက်၊ | ||
က.၂.၁၂။ ဌာနေတိုင်းရင်းသား/ တိုင်းရင်း သားလူမျိုးစုများ၏ ပါဝင်ဆောင်ရွက်မှု နှင့်ဆိုင်သည့် ကာကွယ်စောင့်ရှောက်မှု ဃ ညွှန်းကိန်းများနှင့် ချိန်ဆက် | ||
ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း/မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ချက်ရေးဥပဒေ | က.၂.၁၃။ ပွင့်လင်းမြင်သာမှုဆိုင်ရာ ခ.၁.၁ နှင့် ချိတ်ဆက်၊ | |
က.၂.၁၄။ REDD+ မှတစ်ဆင့် ပံ့ပိုးကူညီခဲ့သော အဂတိလိုက် စားမှု တိုက်ဖျက်ရေး မဟာဗျူဟာများ/ စည်းမျဉ်းစည်းကမ်း များ/ ဆောင်ရွက်ချက်များ အရေအတွက် | ||
SDGs / MSDP | က.၂.၁၅။ SDG ပန်းတိုင် ၁ (ဆင်းရဲနွမ်းပါးမှု ပပျောက် ရေး – က.၁အောက်ရှိ MSDP ညွှန်ကိန်းများနှင့် ချိတ်ဆက်)၊ SDG ပန်းတိုင် ၅(ကျားမတန်းတူညီမျှမှ – အထက်ဖော်ပြပါ CEDAW ညွှန်ကိန်းများနှင့်ချိတ်ဆက်)၊ SDG ပန်းတိုင် ၁၃ (ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက် အထက်ဖော်ပြပါ NDC ညွှန်ကိန်း၊ က.၁ အောက်ရှိ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ ညွှန်ကိန်းများနှင့် ချိတ်ဆက်)၊ SDG ပန်းတိုင် ၁၅(မြေပေါ်ရှိ သက်ရှိများ – က.၁ အောက်ရှိ NBSAP ညွှန်ကိန်း များနှင့်ချိတ်ဆက်) | |
FLEGT: | က.၁၆။ တရားဝင်ထုတ်လုပ်သော သစ်များအတွက် ချုပ်ဆို နိုင်ခဲ့သော ကုန်သွယ်မှုသဘောတူစာချုပ်များ အရေအတွက် နှင့်/သို့မဟုတ် ဖော်ဆောင်ထားသော ရေရှည်တည်တံ့သည့်ထောက်ပံ့မှု အစီအစဉ် | |
က.၂.၁၇။ တရားဝင်ထုတ်လုပ်သော သစ်များအတွက် ချုပ်ဆို နိုင်ခဲ့သောကုန်သွယ်မှု သဘောတူစာချုပ်များ အရေအတွက် | ||
က.၂.၁၈။ နယ်စပ်ထိန်းချုပ်လုပ်ငန်း ၏ ညွှန်းကိန်း က.၂.၇ နှင့် ချိတ်ဆက် |