Myanmar Safeguards Information

ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်

အခြား ကာကွယ်စောင့်ရှောက်မှု မူဘောင်များ

UNFCCC မူဘောင်အောက်တွင် ရလဒ်များကိုအခြေခံ၍ ပေးအပ်သောရန်ပုံငွေများ ရရှိနိုင်ရေး အရည်အချင်းပြည့်မီစေရန် နိုင်ငံများအတွက် အခြေခံလိုအပ်ချက်မှာ Cancun ကာကွယ်စောင့်ရှောက်မှု ခုနစ်ခုကို ကျင့်သုံးရန် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် REDD+ အတွက် အလားအလာရှိသည့် ရန်ပုံငွေရင်းမြစ်များကို လက်လှမ်းမီစေရန် အခြားသောသင့်လျော်သည့် နိုင်ငံတကာကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စံနှုန်းများကို အနာဂတ်တွင် ကျင့်သုံးသွားရန်ကိုလည်း စဉ်းစားနေပါသည်။

မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အလားအလာရှိသည့် လမ်းညွှန်ချက် မူဘောင်များမှာ –

  • အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေ အထောက်အပံ့ဖြင့်ဆောင်ရွက်မည့် စီမံကိန်းများသည် The World Bank’s Environmental and Social Framework (ESF)ကို လိုက်နာဆောင်ရွက်ရပါမည်။