Myanmar Safeguards Information

ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်

မြန်မာနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုသတင်းစနစ်

REDD+ လုပ်ငန်းများတွင် ကာကွယ်စောင့်ရှောက်မှု တစ်ခုချင်းစီအား လုပ်ကိုင်ဆောင်ရွက်ပုံနှင့် အလေးထားလိုက်နာပုံများ၏ သတင်းအချက်အလက်များအား ပံ့ပိုးသည့်စနစ်သည် REDD+ အကောင်အထည်ဖော်ဆောင်သည့် UNFCCC အောက်ရှိနိုင်ငံများအတွက် အရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် TWG-SES ၏ ဦးဆောင်မှု၊ အကျိုးသက်ဆိုင်သူများထံမှ များပြားလှစွာသော အကြံပြုချက်များ ဖြင့် SIS  စနစ်အတွက် ဒီဇိုင်းတစ်ခုကို စတင်ရေးဆွဲခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှု ဒီဇိုင်းအား မြန်မာနိုင်ငံ၏ REDD+ ကာကွယ်စောင့်ရှောက်မှု သတင်းစနစ် ဒီဇိုင်းပုံစံ အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားပါသည်။ သို့သော် အစီရင်ခံစာ၏ အဓိကအစိတ်အပိုင်းတစ်ချို့မှာ –

မြန်မာနိုင်ငံ SIS စနစ်၏ ရည်ရွယ်ချက်များ မှာ – 

  • ရလဒ်များကို အခြေခံသော ရန်ပုံငွေများအတွက် အရည်အချင်းပြည့်မီစေရန် ကာကွယ်စောင့်ရှောက်မှုများဆိုင်ရာ UNFCCC သတ်မှတ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်၊
  • REDD+ အကောင်အထည်ဖော်မှုအတွက် ရန်ပုံငွေပံ့ပိုးမှုများကို အစိုးရ၊ ပုဂ္ဂလိကနှင့် အခြားရင်း မြစ်များမှ ရရှိအောင်စည်းရုံးရန်၊
  • အခြားသင့်လျော်သည့် နိုင်ငံအဆင့်သတင်းစနစ်များ၊ သတင်းအချက်အလက်မျှဝေမှုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို အားကောင်းအောင် လုပ်ဆောင်ရန်၊
  • သစ်တော၊ စိုက်ပျိုးရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးကဲ့သို့ အခြာ သက်ဆိုင်ရာကဏ္ဍများတွင် သက်သေအထောက်အထားကို အခြေခံသော မူဝါဒချမှတ်မှု နှင့် မူဝါဒအကောင်အထည်ဖော်မှုများအတွက် ကူညီပံ့ပိုးပေးရန်တို့ ဖြစ်ပါသည်။

အဆိုပြု အဖွဲ့အစည်းဆိုင်ရာ အခန်းကဏ္ဍများနှင့်
တာဝန်များ –

 

SIS လုပ်ငန်းစဉ်များနှင့်
တည်ထောင်ခြင်းဆိုင်ရာ အလုပ်တာဝန်များစွာရှိပါသည်။ ဒေတာများ တောင်းခံခြင်းမှ စီမံပြုစုခြင်းနှင့်
ပိုင်းခြားစိတ်ဖြာခြင်း၊ အကျိုးဆက်စပ်သက်ဆိုင်သူများနှင့်
သတင်းအချက်အလက်များမျှဝေခြင်း တို့ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏
SIS
လုပ်ငန်းများအတွက် အခန်းကဏ္ဍများနှင့်
တာဝန်ဝတ်တရားများအား အဓိက အဖွဲ့အစည်းများအကြားဖြန့်ကြက်ထားပြီး အောက်ပါပုံတွင် ပြသထားပါသည်။

 

SIS စနစ် ဖော်ဆောင်ခြင်းအား အဆင့်ဆင့် ချည်းကပ်ခြင်း –

SIS စဉ်ဆက်မပျက် တိုးတက်ခြင်းအတွက် အား UNFCCC ဆုံးဖြတ်ချက်များမှ ခွင့်ပြုထားပါပြီး မြန်မာနိုင်ငံသည် SIS အကောင်အထည်ဖော်ခြင်းအား အဆင့်ဆင့် ချဉ်းကပ်ခြင်းနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်။

အဆင့် (၁) – UNFCCC ၏ သတ်မှတ်ချက်များ ပြည့်မီနိုင်ရန်အလို့ငှာ ကာကွယ်စောင့်ရှောက်မှုများအားလုံးအတွက် ကနဦးသတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်သည့် SIS စနစ်တစ်ခု လည်ပတ်နိုင်ရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ်သည်။ အွန်လိုင်းအချက်အလက်စနစ်အား ဦးစားပေး ညွှန်းကိန်းများနှင့် အဖွဲ့အစည်းများမှ ရရှိသည့် သတင်းအချက်အလက်များအား ပထမဦးစားပေး တည်ထောင်သွားပါမည်။

အဆင့် (၂) – သတင်းအချက်အလက်များကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ကို ဦးတည် လုပ်ဆောင်သွားမည်ဖြစ်ပြီး SIS စနစ်အတွက် ထပ်ဆောင်းချမှတ်သည့် ရည်ရွယ်ချက်များအား ဖော်ဆောင်မည်ဖြစ်ပါသည်။ ဥပမာ – REDD+ အကောင်အထည်ဖော်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း၊ NFMS စနစ်၊ စသည် တို့မှတစ်ဆင့် သတင်းအချက်အလက်များ ပိုမို ရရှိလာသောအခါတွင်  ကာကွယ်စောင့်ရှောက်မှုများအတွက် SIS စနစ်ကို ပိုမို ပြည့်စုံလာအောင် လုပ်ဆောင်နိုင်ပါသည်။

ပိုမိုလေ့လာရန် –

  • မြန်မာနိုင်ငံ၏ REDD+ ကာကွယ်စောင့်ရှောက်မှု သတင်းစနစ် ဒီဇိုင်းပုံစံ” အစီရင်ခံစာ
  • Action Plan for Operationalisation of Myanmar’s Safeguards Information System