Myanmar Safeguards Information

ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်

မြန်မာနိုင်ငံ၏ REDD+ ကာကွယ်စောင့်ရှောက်မှုများနှင့် ၎င်းတို့၏ သတင်းအချက်အလက်စနစ်

  မြန်မာနိုင်ငံအစိုးရသည် သဘာဝသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ခြင်း၊ မြေဆီလွှာပြန်လည်တိုးတက်ကောင်းမွန်လာစေခြင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝအဆင့်မြှင့်တင်ခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်စေခြင်းစသည့် အစိမ်းရောင်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည့် REDD+ လုပ်ငန်းစဉ်အလားအလာများအား အသိအမှတ်ပြုထားပါသည်။

      REDD+ အကောင်အထည်ဖော်ဆောင်နေသောနိုင်ငံများသည် UNFCCC ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်များအတိုင်း လူမှုရေးနှင့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု (Cancun စောင့်ရှောက်မှုများ) (၇)ချက်အား အားပေးအထောက်အပံ့ပြုရမည်ဖြစ်ပါသည်။ ကာကွယ်စောင့်ရှောက်မှုများအား ကိုင်တွယ်ဆောင်ရွက်မှုနှင့် လေးစာလိုက်နာခြင်းဆိုင်ရာ သတင်းအချက်အလက်များအား ဖြန့်ဝေရန် ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်အား တည်ထောင်ရမည်။

   မြန်မာနိုင်ငံမှ Cancun ကာကွယ်စောင့်ရှောက်မှုများအား ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် လေးစားလိုက်နာခြင်းများအတွက် အမျိုးသားအဆင့်ချဉ်းကပ်ဆောင်ရွက်မည့်နည်းလမ်းများကို ဖော်ဆောင်ပြီး ဖြစ်ပါသည်။ SIS တည်ထောင်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကာကွယ်စောင့်ရှောက်မှုများနှင့် SIS ကို ကြားကာလ အင်တာနက်စာမျက်နှာက မိတ်ဆက်ထောက်ပံ့ပေးပါသည်။ နိုင်ငံ၏ ပြီးပြည့်စုံသော SIS ဒေတာ အချက်အလက်စနစ်အား တည်ထောင်နေစဉ်အတွင်း ကာကွယ်စောင့်ရှောက်မှုများအား ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် လေးစားလိုက်နာခြင်းများ နှင့်သက်ဆိုင်သည့် ကနဦးသတင်းအချက်အလက်များအား ထောက်ပံ့လျက်ရှိပါသည်။