ကာကွယ်စောင့်ရှောက်မှုများအတွက် နိုင်ငံမှ ချဉ်းကပ်ဆောင်ရွက်သည့်နည်းလမ်းသည် UNFCCC ၏ ခန်ခွန်းကာကွယ်စောင့်ရှောက်မှုများ (နှင့် အခြားဆက်စပ်ပတ်သက်သည့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာသတ်မှတ်ချက်များ၊ ဥပမာ အကောင်အထည်ဖော်ရန် ရန်ပုံငွေပံ့ပိုးသောအဖွဲ့အစည်းများအတွက် သတ်မှတ်ချက်များ သို့မဟုတ် ရလဒ်များကို အခြေခံ၍ ရန်ပုံငွေများ ပေးအပ်ရန်အတွက် သတ်မှတ်ချက် များ) ကို နိုင်ငံ၏ အခြေအနေများနှင့် ညှိနှိုင်း၍ နိုင်ငံတွင်းရှိ စနစ်များနှင့် လုပ်ငန်းစဉ်များကို အပြည့်အဝအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်နိုင်သည့်နည်းလမ်း ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံအနေဖြင့် ကာကွယ်စောင့်ရှောက်မှုများသည် မိမိတို့နိုင်ငံ၏ အခြေအနေတွင် မည်သို့သော အဓိပ္ပါယ်ဆောင်သည်၊ မည်သို့လက်တွေ့ကျင့်သုံးရမည်၊ ကာကွယ်စောင့်ရှောက်မှုများသည် အမျိုးသားမူဝါဒပန်းတိုင်များ ပြည့်မီရေးတွင် အထောက်အကူပြုနိုင်အောင် မည်သို့လုပ်ဆောင်ရမည်ဆိုသည်တို့ကိုလည်း စဉ်းစားဆုံးဖြတ်၍ ချဉ်းကပ်ဆောင်ရွက်မည့်နည်းလမ်းကို ချမှတ်နိုင်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် REDD+ အကောင်အထည်ဖော်မှုအပေါ် ယုံကြည်ကိုးစားမှုများ ပိုမိုရရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း အထောက်အကူ ပြုနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုများအတွက် ချဉ်းကပ်ဆောင်ရွက်သည့်နည်းလမ်းတွင် အောက်ပါ အစိတ်အပိုင်းအချို့ ပါဝင်ပါသည်။
– Cancun ကာကွယ်စောင့်ရှောက်မှုများကို ‘အခြေခံစည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ (principles and criteria)’ နည်းလမ်းကို အသုံးပြု၍ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီအောင် အဓိပ္ပါယ်ရှင်းလင်းဖွင့်ဆိုခြင်း၊ ယင်းကို SIS စနစ်တွင် ပါရှိသည့် ညွှန်ကိန်းများ (indicators) နှင့် ထပ်မံဖြည့်စွက်ပေးရန် ဖြစ်သည်။ ကာကွယ်စောင့်ရှောက်မှုများအတွက် ကိုင်တွယ်ဆောင်ရွက်ရန်နှင့် လေးစားလိုက်နာရန် အထောက်အပံ့ဖြစ်သည်ဟု ဖော်ထုတ်သိရှိထားသည့် အဓိကကျသော အမျိုးသားမူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို အသုံးပြုခြင်းနှင့် အားကောင်းအောင် လုပ်ဆောင်ခြင်း၊
– တည်ဆဲဥပဒေမူဘောင်ကို အားဖြည့်ထောက်ကူပေးရန်နှင့် နိုင်ငံတွင်းရှိ REDD+ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည် ဖော်ခြင်းတို့ နှင့်ဆက်နွယ်သည့် ဦးစားပေး ထိခိုက်ဆုံးရှုံးနိုင်ခြေများနှင့် အကျိုးကျေးဇူးများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် အတွက် ကာကွယ်စောင့်ရှောက်မှုများနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ၊ အထောက်အကူနည်းလမ်းများကို ရှာဖွေပြုစုအသုံးပြုခြင်း၊
အမျိုးသားအဆင့် ချဉ်းကပ်ဆောင်ရွက်သည့်နည်းလမ်းများမှ အစိတ်အပိုင်းတချို့တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အကျိုးဆက်စပ်သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း
၂၀၁၆ ခုနှစ်တွင် ‘သစ်တောများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် REDD+ အတွက် မူဝါဒများနှင့် အစီအစဉ်များတွင် အကျိုးဆက်စပ်သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် အတွက် လမ်းညွှန်ချက်များ’ ကို ပြုစုခဲ့ပါသည်။ ကျားမရေးရာနည်းလမ်းတစ်ခုကို အသုံးပြုကာ ထိုလမ်းညွှန်ချက်များတွင် အကျိုးဆက်စပ်သက်ဆိုင်သူများ သတ်မှတ်ခြင်းနှင့် ၎င်းတို့၏ စေ့စပ်ကြောင်းလမ်းခြင်းနည်းလမ်းများကိုလည်း သက်မှတ်ဖော်ပြထားပါသည်။ REDD+ လုပ်ငန်းများအတွက် FPIC လမ်းညွှန်ချက်များ တွင်လည်း REDD+ စီမံကိန်းရေးဆွဲရာတွင် အကျိုးဆက်စပ်သက်ဆိုက်သူများ ပါဝင်ရန် လိုအပ်ပါသည်။ အကျိုးဆက်စပ်သက်ဆိုင်သူများ ပူးပေါင်းပါဝင်ခြင်းအတွက် စင်္ကြံများ လုပ်ထုံးလုပ်နည်းများလည်း
သက်မှတ်ဖော်ထုတ်ပြီး ယနေ့အချိန်ထိ REDD+ လုပ်ငန်းစဉ်များတွင် အသုံးပြုလျက်ရှိပါသည်။
– နိုင်ငံအဆင့်တွင် REDD+ အထူးလုပ်ငန်းအဖွဲ့ (REDD+ Task Force) ၊ REDD+ နည်းပညာ လုပ်ငန်းအဖွဲ့များ (TWG-SES အပါအဝင်) နှင့် REDD+ အကျိုးဆက်စပ်သက်ဆိုင်သူများကွန်ရက်တို့အပါအဝင် စီမံကိန်းများရေးဆွဲသည့်လုပ်ငန်းစဉ်များ အတွင်း အကျိုးဆက်စပ်သက်ဆိုင်သူများ၏ ပါဝင်ဆောင်ရွက်မှု သို့မဟုတ် ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်နိုင်အောင် ကူညီပေးနိုင်သည့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်အချို့ ရှိပါသည်။
– NRS မဟာဗျူဟာ ရေးဆွဲသည့် လုပ်ငန်းစဉ်အတွင်းတွင် အကြံပြုအလုပ်ရုံဆွေးနွေးပွဲ ပေါင်း ၄၀ ကျော်အား နိုင်ငံအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များ၌ ကျင်းပခဲ့ပြီး ဖြစ်သည်။
– REDD+ နှင့် NRS အကြောင်း အသိပညာပေးသည့် စာစောင်များ၊ အထောက်အကူပစ္စည်းများကို မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာစကား ၁၀ မျိုး ဖြင့် ပြုစုထုတ်ဝေခဲ့ပါသည်။
ကျားမရေးရာ
မြန်မာနိုင်ငံတွင် ကျားမရေးရာ သာတူညီမျှမရှိမှုများကို ကိုင်တွယ်ဖြေရှင်းရေးသည် REDD+ အတွက် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုများအတွက် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းတွင် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ အာရှပစိဖိတ်ဒေသရှိ အခြား နိုင်ငံများနည်းတူ မြန်မာ့လူမှုအဖွဲ့အစည်းနှင့် စီးပွားရေးကဏ္ဍအတွင်းတွင် အမျိုးသားများနှင့် အမျိုးသမီးများကြား တန်းတူညီမျှမရှိမှုများ ရှိနေပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ အတွင်းတွင်လည်း အမျိုးသားများနှင့် အမျိုးသမီးများ ကြား သစ်တောများနှင့် အခြားသဘာဝသယံဇာတများ အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုတို့ ကွဲပြားခြားနားပြီး ကျားမတန်းတူညီမျှမရှိမှုအမျိုးမျိုးကိုလည်း တွေ့ရပါသည်။
– ၂၀၁၃ ခုနှစ် လမ်းပြမြေပုံသည် အောက်ပါလိုအပ်ချက်များကိုလည်း အသိအမှတ်ပြုထားပါသည် – က) REDD+ အဆင်သင့်ဖြစ် ရေးလုပ်ဆောင်မှုများတွင် ကျားမတန်းတူညီမျှရေး အားပေးမြှင့်တင်ခြင်းနှင့် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး များအား လေးစားခြင်းတို့ရှိကြောင်းသေချာစေခြင်းနှင့် ခ) REDD+ အကောင် အထည်ဖော်ရာတွင် ကျားမရေးရာနှင့် တိုင်းရင်းသားလူနည်းစုများဆိုင်ရာ ကိစ္စများကို အားပေးမြှင့်တင်ခြင်းနှင့် ပေါင်းစပ်ထည့်သွင်းခြင်း တို့ကို ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။
– သစ်တောများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် REDD+ အတွက် မူဝါဒများ နှင့် အစီအစဉ်များတွင်အကျိုးဆက် စပ်သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် အတွက် လမ်းညွှန်ချက်များ သည် REDD+ ဒီဇိုင်းရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှု အဆင့်များအားလုံးတွင် အမျိုးသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် အခြားအကျိုးဆက် စပ် သက်ဆိုင်သူများ သာတူညီမျှစွာနှင့် အဓိပ္ပါယ်ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ပါသည်။
– REDD+ အသိပညာစီမံခန့်ခွဲမှုနှင့် ဆက်သွယ်ရေးမဟာဗျူဟာ (၂၀၁၈ ခုနှစ်တွင် အသစ် ပြင်ဆင်ဖြည့်စွက်) အရ အမျိုးသမီးများ၊ လူငယ်များနှင့်တိုင်းရင်းသားလူနည်းစုများ ကဲ့သို့ ပစ်ပယ်ခံရသော အုပ်စုများအပါအဝင် အကျိုးဆက်စပ်သက်ဆိုင်သူအုပ်စုများ အားလုံး၏ လိုအပ်ချက်များ၊စွမ်းဆောင်ရည်များနှင့် ကိုက်ညီမှုရှိသည့် အထောက်အကူပစ္စည်းများကို ဒီဇိုင်းရေးဆွဲ၍ ထုတ်ဝေပေးမည်ဖြစ်သည်။
– တိုင်ပင်ဆွေးနွေး အကြံပြုချက်ရယူသည့် လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ပါဝင်တက်ရောက်ဆွေးနွေးမှုကို အားပေးပြီး ပါဝင်ဆွေးနွေးနိုင်အောင် ဆောင် ရွက်ပေးခဲ့သည်။
– အမျိုးသားဆင့် REDD+ နည်းဗျူဟာ (၂၀၁၉) မူကြမ်းတွင်လည်း ကျားမရေးရာနှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားထားမှုများ ရှိပြီး သစ်တောများအတွင်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် REDD+အတွင်း ကျားမရေး ရာ ရှုထောင့်ကို ထည့်သွင်းရန် အရေးကြီးမှုတို့ကို အလေးပေးဖော်ပြထားပြီး ကျားမတန်းတူညီမျှရေးကို သတိပြုနားလည်မှုရှိစွာ ရေးဆွဲထားသော PaM အချို့ကိုလည်းအဆိုပြုထားပါသည်။
ပိုမိုလေ့လာရန်-
– မြန်မာနိုင်ငံ၏ REDD+ ကာကွယ်စောင့်ရှောက်မှု များအတွက် နိုင်ငံအဆင့် ချဉ်းကပ်ဆောင်ရွက်မှု
နစ်နာမှုများကို တရားသဖြင့်ဖြစ်စေရန် ဖြေရှင်းဆောင်ရွက်ပေးသော လုပ်ငန်းစဉ် (Grievance Redress Mechanism – GRM)
GRM အား အဖွဲ့အစည်းဆိုင်ရာ မူဝါဒ၊ စီမံချက်နှင့် လုပ်ငန်းများမှ ပြင်ပအကျိုးဆက်စပ် သက်ဆိုင်သူများကို အကျိုးသက်ရောက်သည့် စိုးရိမ်ပူပန်မှုများအား လက်ခံရရှိရန်နှင့် ကိုင်တွယ်လုပ်ဆောင်ရန် ၎င်း အဖွဲ့အစည်းနှင့်သက်ဆိုင်သည့် စနစ်နှင့်အရင်းအမြစ်များ အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ အကျိုးဆက်စပ်သက်ဆိုင်သူများ၏ အချက်အလက်များကို အထက်ပါ စနစ်များမှ ရယူကိုင်တွယ်၍ ၎င်းလုပ်ထုံးလုပ်နည်းများကို နစ်နာချက်များ (grievances)၊ တိုင်ကြားချက်များ (complaints) တုံ့ပြန်ချက် (feedback) (သို့မဟုတ်) အခြား တူညီသော အသုံးအနှုံးဖြင့် ခေါ်ဆိုနိုင်ပါသည်။
REDD+ နှင့် စပ်လျဉ်း၍ တင်ပြလာသော စိုးရိမ်ပူပန်မှုများ၊ ပြဿနာများကို နှောင့်နှေးခြင်းမရှိဘဲ တရားမျှတစွာ ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် REDD+ ဆိုင်ရာ GRM တစ်ခုကို ချမှတ်ကျင့်သုံးရန် အဆိုပြုထားပါသည်။ GRM သည် ထိရောက်သော ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သည့်သဘောထား ရယူခြင်း (FPIC) လုပ်ငန်းစဉ်တစ်ခုတွင် ပါဝင်လေ့ရှိသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး REDD+ အကောင်အထည်ဖော်ခြင်း သို့မဟုတ် စီမံအုပ်ချုပ်ခြင်းတို့တွင် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည့်အရာများကို အကြံပြုတင်ပြနိုင်သည့် လုပ်ငန်းစဉ်တစ်ခု လည်း ဖြစ်ပါသည်။
– နစ်နာချက်များကို တတ်နိုင်သမျှ အောက်အရောက်ဆုံးအဆင့်တွင် ဖြေရှင်းပေးခြင်း၊
– ရပ်တည်ချက်/အခွင့်အာဏာ မတူညီသော လူများ/အုပ်စုများ ပါဝင်ပတ်သက်နေသည့် နစ်နာမှုများ ကို ဓမ္မဓိဋ္ဌာန်ကျစွာနှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းပေးခြင်း၊
– လုပ်ငန်းဆောင်ရွက်မှုနှင့် အစီရင်ခံတင်ပြမှုများကို နှောင့်နှေးခြင်းမရှိ စဉ်ဆက်မပြတ် ဆောင်ရွက် နေသည့်တစ်ချိန်တည်းတွင် ကုန်ကျစရိတ် သက်သာထိရောက်စေရန် ဆောင်ရွက်ခြင်း၊
– ဒေသခံပြည်သူများ နားလည်သည့် ဘာသာစကားများဖြင့် ဆက်သွယ်ရေး အထောက်အကူပစ္စည်း များ/ သတင်းအချက်အလက် များ ပံ့ပိုးပေးခြင်း၊
– ရည်မှန်းချက်များ/ အဓိကစွမ်းဆောင်ရည်ညွှန်ကိန်းများကို ဒေသခံပြည်သူများထံမှ အကြံပြုချက် များနှင့် ထပ်မံပြုစုခြင်း၊
ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သည့်သဘောထား ရယူခြင်း (FPIC)
REDD+ သည် ဒေသခံပြည်သူများနှင့် ဌာနတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများအပေါ် သက် ရောက်မှုရှိနိုင်သည့် သယံဇာတအရင်းအမြစ်များ စီမံအုပ်ချုပ်မှုတွင် အပြောင်းအလဲများကို ဖြစ်ပေါ် စေနိုင်သော်လည်း မြန်မာနိုင်ငံတွင် REDD+ စီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ခြင်းတို့တွင် ဒေသခံအကျိုးသက်ဆိုင်သူများသည် ၎င်းတို့၏ဒေသတွင် ဆောင်ရွက်မည့် PaM များ ကို သဘောတူညီချက်ပေးပိုင်ခွင့် သို့မဟုတ် သဘောမတူကြောင်း ငြင်းပယ်ပိုင်ခွင့်ကို အသိအမှတ် ပြုမည်ဖြစ်ပါသည်။
UN-REDD အစီအစဉ်၏ ကမ္ဘာလုံးဆိုင် လမ်းညွှန်ချက်များတွင် အထက်ပါ ကိစ္စရပ်များကို ရှင်းလင်းစေရန် နှင့် FPIC အဆင့်များအား အလေးထားစေရန် အစိုးရ၏ တာဝန်ဝတ္တရားများကို ချက်မှတ်ထားပါသည်။ FPIC လုပ်ငန်းစဉ်များတွင် အောက်ဖော်ပြပါ အဓိက အဆင့် (၅)ဆင့်အား ဆောင်ရွက်ရမည်ဖြစ်ပါသည်-
– သင့်လျှော်သည့် ဆုံးဖြတ်ချက်ချမည့် အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်များ သတ်မှတ်ခြင်း
– စီမံချက်ကာလတစ်လျောက် သဘောတူညီချက်များအား ရှာဖွေရရှိနိုင်ရန် အစီအစဉ်များချမှတ်ခြင်း
– သဘောတူညီချက်များအား ထိန်းသိမ်းထားနိုင်ရန် စောင့်ကြည့်ခြင်းနှင့် လမ်းကြောင်းတည့်မက်ခြင်း
– အငြင်းပွားသဘောထားကွဲလွဲမှုများ အား ဖြေရှင်းနည်းလမ်း (GRM)များ ဖော်ဆောင်ရန်နှင့်
– သဘောတူညီချက်များအား အတည်ပြု စီစစ်ခြင်း
မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် FPIC လမ်းညွှန်ချက်များအား မွန်ပြည်နယ်တွင် စမ်းသပ်အကောင်အထည်ဖော် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်
ပိုမိုလေ့လာရန် –
မြန်မာနိုင်ငံ၏ FPIC လမ်းညွှန်ချက်များ (English, Myanmar)
This website is made possible through support from the REDD+ Naga Project, and the UN-REDD Programme Myanmar