Myanmar Safeguards Information

ကာကွယ်စောင့်ရှောက်မှု သတင်းအချက်အလက်စနစ်

အခြေခံစည်းမျဉ်း - င

အခြေခံစည်းမျဉ်း  င။  မြန်မာနိုင်ငံရှိ REDD+ မူဝါဒများနှင့် နည်းလမ်းများသည် သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းများ နှင့် ကိုက်ညီမှုရှိသင့်ပြီး သဘာဝသစ်တောများအား ပြောင်းလဲအသုံးချခြင်းများ မဖြစ်ပေါ်အောင် ဆောင်ရွက်ကာ အဆိုပါမူဝါဒများနှင့် နည်းလမ်း များကို အသုံးချ၍ သဘာဝသစ်တောများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအား ကာကွယ်ထိန်းသိမ်းချင်လာအောင် ဆွဲဆောင်အားပေးခြင်းနှင့် အခြားသော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ တိုးမြှင့်ရရှိစေခြင်းတို့ကို လုပ်ဆောင်သင့်ပါသည်။

စံသတ်မှတ်ချက် င-၁။  သဘာဝ သစ်တောများအပေါ် သက်ရောက်မှု ရှိနိုင်သော REDD+ မူဝါဒများနှင့် နည်းလမ်းများကို အကောင်အထည် မဖော်မီ၊ ဆောင်ရွက်မည့် နေရာဒေသ အတွင်းရှိ သဘာဝသစ်တောများ ပျံ့နှံ့ပေါက်ရောက်နေမှုကို အမြဲတမ်း သစ်တောဧရိယာများ ပြင်ပရှိ သစ်တောများအား အထူးအလေးပေး ကာ ယုံကြည်စိတ်ချရသည့် လေ့လာမှတ်တမ်း တင်မှုများကို ပြုလုပ်သင့်ပါသည်။ အဆိုပါ သစ်တောများအား အခြားသော မြေအသုံးချမှုများ (စိုက်ခင်း များ အဖြစ်သို့ အပါအဝင်) သို့ ပြောင်းလဲခြင်းကို လုံးဝခွင့်မပြု သင့်ပါ။ သွယ်ဝိုက်ပြောင်းလဲပစ်ခြင်း များ (ဥပမာ မြေအသုံးချမှုများကို နေရာရွှေ့ပြောင်း ပြုလုပ်ခြင်းမှ တစ်ဆင့်) ကိုလည်း နည်းနိုင်သမျှ နည်းအောင် လျှော့ချသင့်ပါသည်။

သဘာဝသစ်တော၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
  • မြန်မာနိုင်ငံတွင် ‘သဘာဝသစ်တော’ အတွက် တရားဝင်ဖွင့်ဆိုထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိသော်လည်း ၂၀၁၉ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ သစ်တောဥပဒေ (၂၀၁၈) တို့တွင် ဤစကားလုံးကို သုံးစွဲထားပါသည်။ မြေအသုံးချမှု အမျိုးအစားသတ်မှတ်ခြင်းနှင့် မြေဖုံးလွှမ်းမှုလေ့လာမြေပုံ ထုတ်ခြင်းများတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန MONREC မှ လက်ရှိ အသုံးပြုသည့် national code များတွင် သဘာဝတောနှင့် စိုက်ပျိုးထားသော သစ်တောများကြား ခွဲခြားထားခြင်းမရှိသလို (၂၀၁၉ ခုနှစ် ဇန်နဝါလတွင် UNFCC သို့ တင်သွင်း ခဲ့သော) [1] မြန်မာနိုင်ငံ၏ သစ်တောရည်ညွှန်းပမာဏတွင်လည်း ထိုသို့ ခွဲခြားဖော်ပြမှု မရှိပါ။ သို့သော် မြန်မာနိုင်ငံ သစ်တောသယံဇာတ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ တွင် သဘာဝတောများနှင့် သက်ဆိုင်သည့် FAO ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပါဝင်ပါသည်။
သဘာဝတောများကို လေ့လာမြေပုံထုတ်ခြင်း 
  • လက်ရှိတည်ထောင်နေဆဲဖြစ်သည့် အမျိုးသားသစ်တောသယံဇာတစောင့်ကြည့်စစ်ဆေးခြင်းစနစ် (NFMS) တွင် သစ်တောများနှင့် သစ်တောများနှင့် ဆက်စပ်သည့် အရည်အသွေးများကို လေ့လာမြေပုံထုတ်ခြင်းနှင့် တိုင်းတာခြင်း များကို ဆောင်ရွက်နိုင်အောင် ဒီဇိုင်းရေးဆွဲထားပြီး UNFCCC ထံ အစီရင်ခံစာတင်သွင်းရန် လိုအပ်သည့် အချက်အလက်များကို ထုတ်ပြန်ပေးသည့် အဓိက သတင်းရင်းမြစ်တစ်ခု ဖြစ်လာပါလိမ့်မည်။
  • NFMS ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အမျိုးသားအဆင့် သစ်တောသယံဇာတစာရင်းကောက်ယူခြင်း (NFI) သည် သဘာဝသစ်တောများ၏ အဆင့်အတန်းနှင့် ပျံ့နှံ့တည်ရှိပုံတို့ကို တင်ပြပေးနိုင်ရန်အတွက် သစ်တောအမျိုးအစားများကို သတ်မှတ်အသုံးပြုသွားမည်ဖြစ်သည်။
  • REDD+ PaM များသည် သဘာဝတောများကို လေ့လာမြေပုံထုတ်ခြင်းနှင့် သွင်ပြင်လက္ခဏာများကို ဖော်ပြခြင်း တို့အတွက် အားပေးကူညီသွားမည့် ဖြစ်ပါသည်။
သဘာဝတောများကို ပြောင်းလဲအသုံးပြုခြင်းမှာ ရှောင်ကြဉ်ခြင်း:
  • မြန်မာနိုင်ငံတွင် သဘာဝတောများကို အခြားမြေအသုံးချမှုများသို့ ပြောင်းလဲအသုံးပြုခြင်းအား တားမြစ်ပိတ်ပင်သည့် သီးခြားဥပဒေပြဋ္ဌာန်းချက်များ မရှိသော်လည်း သစ်တောများကို ပြောင်းလဲအသုံးပြုခြင်းကို စည်းကမ်းထိန်းသိမ်းသည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းအချို့ရှိပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (VFV) (၂၀၁၈)၊ သစ်တောဥပဒေ (၂၀၁၈) အရ သစ်တောကြိုးဝိုင်းဧရိယာများ သို့မဟုတ် သစ်တောကြိုးဝိုင်းအပြင်ဘက်ရှိ သစ်တောဧရိယာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆိုပြုပါက ဝန်ကြီးဌာန ၏ သဘောတူညီမှုကို ရယူရန် လိုအပ်ပါသည်။
  • အကယ်၍ သက်ဆိုင်ရာမြေကို ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက်များဖြင့် အသုံးပြုမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများ သည် သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ အတည်ပြုချက် ရယူရပါသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများ (၂၀၁၇) အရ မြေအသုံးချမှုပြောင်းလဲခြင်းအတွက်လည်း ရင်းနှီးမြှုပ်နှံမှုပါမစ် လိုအပ်ပါသည်။
  • EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အရ အဆိုပြုသော မြေအသုံးချမှု ပြောင်းလဲခြင်းသည် EIA ကို ဆောင်ရွက်ရန် လိုအပ်သည့် စံသတ်မှတ်ချက်နှင့် ကိုက်ညီပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) လိုအပ်ပါသည်။
  • EAO များ ထိန်းချုပ်သော နေရာဒေသများနှင့် ရောယှက်အုပ်ချုပ်သော ဒေသများတွင် ကွဲပြားသော စည်းမျဉ်းစည်းကမ်းများကို အသုံးပြုနိုင်ပါသည်။ ဥပမာ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် ၎င်း၏ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုပါမစ်/ လိုင်စင်ထုတ်ပေးသည့်စနစ် ရှိသလို မြေအသုံးချမှုမူဝါဒလည်း ရှိပါသည်။ KNU ၏ သစ်တောမူဝါဒသည် မူကြမ်းအဆင့်တွင် ရှိပါသည်။
  • စိုက်ပျိုးရေးကို သစ်တောပြုန်းတီးမှုအား တိုက်ရိုက်ဖြစ်ပေါ်စေသည့် အကြောင်းရင်းအဖြစ် သီးခြားကိုင် တွယ်ဖြေရှင်းသော REDD+ PaM များသည် ဤစံသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သည့် သစ်တောဆုံးရှုံးမှုများအတွက် အရေးပါသည့် အကြောင်းရင်း တစ်ရပ်မှာ စိုက်ပျိုးရေးအတွက် သစ်တောများကို ပြောင်းလဲအသုံးချခြင်း ဖြစ်သောကြောင့်ပင်။ စိုက်ပျိုး ရေးထုတ်ကုန်စွမ်းအား တိုးတက်မြင့်မားလာရေးသည် အဓိကပန်းတိုင်တစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၈/၁၉-၂၀၂၂/၂၃) ကဲ့သို့သော မူဝါဒများ၏ အဓိကဦးတည်ချက်မှာ လက်ရှိထွန်ယက်စိုက်ပျိုးနေသောမြေများ ပေါ်တွင်သာ ကုန်ထုတ်စွမ်းအား တိုးတက် မြင့်မားအောင် ဆောင်ရွက်ရန်ဖြစ်ပါသည်။
  • သဘာဝတောများအား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ လေ့လာမြေပုံထုတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်တွင် NFI Field Manual ကို ပြုစုထုတ်ပြန်၍ စမ်းသပ်ခဲ့ပါသည်။ သဘာဝ သစ်တော အမျိုးအစားများ အပါအဝင် ကွင်းဆင်းစမ်းသပ်မှုများကို ၂၀၂၀ တွင် ဆောင်ရွက်ရန် စီစဉ်ထားပါသည်။
သဘာဝတောများကို တရားဝင်ဖွင့်ဆိုထားသည့် အဓိပ္ပါယ်သတ်မှတ်ချက် မရှိသေးသော်လည်း NFI တွင် သဘာဝ တောများနှင့် သစ်တောစိုက်ခင်းများကို ခွဲခြားနိုင်သည့် လေ့လာမြေပုံထုတ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန် (mapping protocol) မှာ ပြုစုနေဆဲဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံရှိ သစ်တောစိုက်ခင်းအများစုသည် ဒေသမျိုးရင်းသစ်မျိုးစိတ်များဖြင့် ပျိုးထောင်ခင်း ဖြစ်ပါသည်။ အနည်းဆုံးအနေဖြင့် အစိုးရ သစ်တောစိုက် ခင်းများသည် ခုတ်ပတ်ကြာမြင့်သည့်အတွက် (နှစ်ပေါင်း ၆၀ သို့မဟုတ် ထို့ထက်ပို၍) သက်တမ်းရင့်လာသည့် စိုက်ခင်းများသည် ပတ်ဝန်းကျင်ရှိ သဘာဝတောများနှင့် တဖြည်းဖြည်း ရောနှောသွားသောကြောင့် အချိန်ကြာလာ သည်နှင့်အမျှ ခွဲခြားရန် ပိုမိုခက်ခဲလာပါသည်။တရားဝင် မူဘောင်ထဲတွင် REDD+ PaM များကို အသုံးပြု၍ သဘာဝတောများအား ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် REDD+ ဆောင်ရွက်သည့်ဒေသများကို အခြားမြေအသုံးချမှုများသို့ ပြောင်းလဲပစ်ခြင်းမှ တားဆီးကာကွယ်နိုင်သည့် သီးခြားပြဋ္ဌာန်းချက်များ မရှိပါ။ ထိုလုပ်ဆောင်ချက်များကို သက်ဆိုင်ရာအာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံ၍ လုပ်ဆောင်လျှင် တားဆီး၍မရနိုင်ပါ။ သစ်တောများကို ပြောင်းလဲအသုံးပြုခြင်းခွင့်ပြုပေးနိုင်သည့် ဌာနအဖွဲ့အစည်းမှာလည်း တစ်ခုမက ရှိပါသည်။ မှန်ကန်တိကျသည့် သစ်တောမြေပုံများ ရရှိနိုင်မှု နှင့်/သို့မဟုတ် လက်လှမ်းမီအသုံးပြုနိုင်မှု အကန့်အသတ်ရှိခြင်း၊ မြေအသုံးချမှုကို သွယ်ဝိုက်ပြောင်းလဲခြင်း ဖြစ်နိုင်ခြေများကို ဆန်းစစ်နိုင်စွမ်း နည်းပါးခြင်းတို့ ကြောင့် REDD+ PaM များသည် မရည်ရွယ်ဘဲ သဘာဝသစ်တောဧရိယာများကို ပြောင်းလဲ အသုံးပြုခြင်းများ ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ရှိပါသည် (အခြေခံစည်းမျဉ်း ဆ ကိုလည်း ကြည့်ပါရန်) ။ ဤ အခြေအနေသည် NFI နှင့် NFMS လုပ်ငန်းစဉ်များနှင့်အတူ လိုက်၍ပြောင်းလဲနိုင်ခြေ ရှိနေပါသည်။အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အကြံပြုချက်များမှာ –
  • REDD+ ၏ အပိုင်းကဏ္ဍများအားလုံးတွင် အသုံးပြုနိုင်ပြီး နိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် သဘာဝသစ် တော၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အများသဘောတူသတ်မှတ်ပြီး တရားဝင်သစ်တောမြေ၏ အတွင်းအပြင်ရှိ သဘာဝသစ်တောများ၏ ဧရိယာနှင့် ပျံ့နှံ့တည်ရှိနေမှု ဆိုင်ရာ တိကျသော သတင်းအချက်အလက်များကို စုဆောင်းရန် ဖြစ်ပါသည်။ အဆိုပါသတင်းအချက်အလက်များကို REDD+ PaM များအတွက် စီမံကိန်းရေးဆွဲ ၍ အကောင်အထညဖော်နေသူများအားလုံး ရရှိနိုင်အောင် ဆောင်ရွက်ပေးသင့်ပါသည်။
  • REDD+ အကောင်အထည်ဖောင်ဆောင်နေသော ဌာနအဖွဲ့ အစည်း များအတွက် ထိခိုက်မှုဆန်းစစ်ခြင်း (သင့်လျော်သည့်နေရာများတွင် EIA အပါအဝင်) နှင့် ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထား တောင်းခံခြင်း (FPIC) ဆိုင်ရာ သတ်မှတ်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် အပါအဝင် သီးခြား လမ်းညွှန်ချက်များကို ပြုစုရပါမည်။ အဆိုပြုသည့် စီမံကိန်းနေရာ(များ) ရှိ သဘာဝတောများ ပျံ့နှံ့တည်ရှိနေမှု အပါအဝင် မြေဖုံးလွှမ်းမှုနှင့် မြေအသုံးချမှု များကို လေ့လာမှတ်တမ်းတင်ရန် သို့မဟုတ် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဆောင်ရွက်ရန်ဟူသည့် သတ်မှတ်ချက်တစ်ခုကို ထည့်သွင်းသင့်ပါသည်။
လိုက်နာကျင့်သုံးင.၁.၁။ နေရာဒေသအခြေပြုသော REDD+ ဆောင်ရွက်ချက် များထဲမှ တရားဝင်သစ်တောဧရိယာအပြင်ဘက်မှ သစ်တော များအပါအဝင် သဘာဝတောများကို လေ့လာမြေပုံထုတ်မှု များကို PaM အကောင်အထည်မဖော်မီ ကြိုတင်၍ ဆောင် ရွက်ခဲ့ကြောင်း နှင့်/သို့မဟုတ် အသုံးပြုခဲ့ကြောင်း ပြသသည့် စာရွက်စာတမ်းမှတ်တမ်းများ ရှိသည့် ဆောင်ရွက်ချက်များ ရာခိုင်နှုန်း၊
င.၁.၂။ နေရာဒေသအခြေပြုသော REDD+ ဆောင်ရွက်ချက် များထဲမှ သဘာဝတောများ တိုက်ရိုက်ပြောင်းလဲအသုံးပြုခြင်း ကို တားဆီးကာကွယ်ရန်နှင့် သွယ်ဝိုက်ပြောင်းလဲခြင်း ဖြစ် ပေါ်နိုင်ခြေများကို လျှော့ချရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြောင်း ပြသသည့် စာရွက်စာတမ်းမှတ်တမ်းများ ရှိသည့် REDD+ ဆောင်ရွက်ချက် ရာခိုင်နှုန်း
င.၁.၃။ REDD+ PaM များကြောင့် သဘာဝတောများ သို့မဟုတ် အခြား ဂေဟစနစ်များ ဆုံးရှုံးခဲ့သည့် ဖြစ်ရပ် အရေအတွက်နှင့် ဧရိယာ — ဆ.၃.၁ နှင့် ချိတ်ဆက်နိုင်မည့် အလားအလာရှိ၊
င.၁.၄။ REDD+ PaM များ၏ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် သဘာဝတောများ (တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်) ပြောင်းလဲအသုံးပြုမှုနှင့်စပ်လျဉ်း၍ နစ်နာမှုများအတွက် တိုင်ကြားမှုများလက်ခံရရှိသည့် အရေအတွက်နှင့် ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် အရေအတွက်

စံသတ်မှတ်ချက် င-၂။  REDD+ မူဝါဒ များနှင့် နည်းလမ်းများအား အစီအ စဉ်ရေးဆွဲခြင်း (REDD+ မဟာ ဗျူဟာများ သို့မဟုတ် အစီအစဉ် များအဆင့်တွင် လည်းကောင်း မူဝါဒ သို့မဟုတ် နည်းလမ်းတစ်ခုချင်းစီ အဆင့်တွင် လည်းကောင်း) သည် ၎င်းတို့၏ လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး သက်ရောက်နိုင်မှုများနှင့် စပ်လျဉ်းသည့် မှန်ကန်သော သတင်းအချက် အလက်များပေါ်တွင် အခြေခံသင့်ပါသည်။ ထိုအတွက် အချက်အလက်များ ဆန်းစစ်လေ့လာ ခြင်း နှင့်အချက် အလက်အသစ်များ ကို စုဆောင်းခြင်းတို့ လိုအပ်နိုင်ပါ သည်။ ဆန်းစစ်လေ့လာမှုများတွင် ဆက်စပ်သက်ရောက်မှုများ (Cumulative effects)၊ landscape တစ်ခုလုံး အတိုင်းအတာဖြင့် သက်ရောက်မှုများနှင့် သွယ်ဝိုက် သက်ရောက်မှုများကိုလည်း ထည့်သွင်းဆန်းစစ်သင့်ပါသည်။

  • စီမံချက်များ သို့မဟုတ် အစီအစဉ်များ၏ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုများကို ဆန်းစစ်ဖော်ထုတ် ရန်နှင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ – ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေ (၂၀၁၂) နှ့င် နည်းဥပဒေများ (၂၀၁၄) နှင့် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တို့ ဖြစ်ပါသည်။ ထို PLR များအားလုံးစုပေါင်း၍  EIA များနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ (EMPs) ရေးဆွဲရန်အတွက် လုပ်ပိုင်ခွင့် များ၊ တာဝန်များနှင့် လုပ်ငန်းစဉ်များကို ချမှတ်ပေးထားပါသည်။ တိုးပွားလာသော ထိခိုက်မှု ဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ လေ့လာဆန်စစ်ချက်တို့ကို ရည်ညွှန်းပါသည်။ (စံသက်မှတ်ချက် ခ-၂ ကိုကြည့်ပါရန်)။ ထို့အပြင် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် ပတ်ဝန်းကျင်ထိခိုက်မှုများအပြင် လူမှုရေး၊ လူမှုစီးပွား၊ ကျန်းမာရေး၊ ပုဂ္ဂိုလ်ရေး လုံခြုံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှုများကိုလည်း ဆန်းစစ်ပါသည်။
  • PaM များအတွက် သင့်တော်သည့်နေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ မြေအသုံးချမှုဇုန် သတ်မှတ်မှုပုံစံ အချို့နှင့် ခွင့်ပြုသော လုပ်ငန်းအမျိုးအစားများအတွက် စည်းမျဉ်းစည်ကမ်းများကို အောက်ပါဥပဒေများတွင် ပြဋ္ဌာန်း ပေးထားပါသည် –
    • သစ်တောမြေနှင့် ကာကွယ်စောင့်ရှောက်ထားသော သစ်တောဧရိယာများနှင့် စပ်လျဉ်း၍ သစ်တောဥပဒေ (၂၀၁၈) ၊
    • အခြားသော သဘာဝထိန်းသိမ်းရေးနယ်မြေအမျိုးအစားများအတွက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) ၊
    • မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) နှင့် လယ်ယာ မြေဥပဒေ (၂၀၁၂)
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအောက်တွင် “ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် နေရာဒေသများ” သတ်မှတ်ချက်သည် သီးသန့်အကျိုးကျေးဇူးတစ်ခု ရရှိရန် ဦးစားပေးဆောင်ရွက်သည့် စီမံချက်များ (REDD+ PaM များအပါအဝင်) အတွက် ဆွဲဆောင်အားပေးမှုတစ်ခု ဖြစ်နိုင် ပါသည်။
  • အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် မြေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အားပေးရန်အလို့ငှာ “စိုက်ပျိုးရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးဇုန်များ” ကို စနစ်တကျဖွဲ့စည်း သတ်မှတ်ရန် ပြဋ္ဌာန်း ထားပါသည်။
  • အချို့သော REDD+ PaM များအတွက် အသုံးပြုရမည့် FPIC လုပ်ငန်းစဉ်ကလည်း REDD+ PaM များ၏ ဒေသ ခံပြည်သူများအပေါ် သက်ရောက်နိုင်မှုများအကြောင်း အချက်အလက်များ စုဆောင်းခြင်းနှင့် မျှဝေခြင်းကို အထောက်အပံ့ပြုမည်ဖြစ်ပါသည်။ (စံသတ်မှတ်ချက် ခ-၁ တွင် ကြည့်ပါရန်) ။
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) သည် MONREC အား ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများ သို့မဟုတ် လမ်းညွှန်ချက်များကို ထုတ်ပြန်ပေးနိုင်သည့် အခွင့်အာဏာကို အပ်နှင်းထားပါသည်။ MONREC သည် မြေယာအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းအမျိုးမျိုးအတွက် ပတ်ဝန်းကျင်ကို မထိခိုက်ခြင်းမရှိသော အလေ့အထများကို သတ်မှတ်ပြဋ္ဌာန်းပေးရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည့် အခြေအနေများဖန်တီးပေးရန်၊ စီးပွားရေးအရဆွဲဆောင်အားပေးမှုများကို အဆိုပြုရန်အတွက် စံချိန်စံနှုန်းများနှင့် လမ်းညွှန်ချက်များကို ထုတ်ပြန်နိုင်ပါသည်။
  • REDD+ PaM များနှင့် ဆီလျော်ကိုက်ညီသည့် လမ်းညွှန်ချက်များနှင့် စံချိန်စံနှုန်း များထဲတွင် သစ်တောများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်မှုအတွက် မြန်မာ့စံနှုန်းများနှင့် အညွှန်းကိန်းများ (Myanmar Criteria & Indicators for Sustainable Forest Management) နှင့် ပတ်ဝန်း ကျင်ထိခိုက်မှုကို သက်သာစေသော သစ်ခုတ်နည်းစနစ် လမ်းညွှန်ချက်များ ပါဝင်ပါသည်။
  • ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ UN-REDD အစီအစဉ်သည် အဆိုပြုထားသော REDD+ PaM များမှ ရရှိနိုင်ခြေရှိသည့် အကျိုးကျေးဇူးများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ ဆန်းစစ်လေ့လာခြင်းကို အများပူးပေါင်းပါဝင် သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထိုဆန်းစစ်လေ့လာမှုတွင် ဖြစ်နိုင်ခြေရှိသော အကျိုးကျေးဇူးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို သတ်မှတ်ဖော်ထုတ်ခြင်း၊ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချရန်နှင့် အကျိုးကျေးဇူး များကို မြှင့်တင်ရန်နည်းလမ်းများအား အဆိုပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
  • နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ရေးဆွဲသည့် လုပ်ငန်းစဉ်အတွင်းတွင်လည်း REDD+ PaM များ၏ သင့်လျော်သည့်ဒီဇိုင်းနှင့် အကောင်အထည် ဖော်မှုများမှတစ်ဆင့်လည်းကောင်း၊ ကာကွယ်စောင့်ရှောက်မှုများကိုကျင့်သုံးနိုင်မည့် အခြားနည်းလမ်းများမှ တစ်ဆင့်လည်းကောင်း ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုလျှော့ချ၍ အကျိုးကျေးဇူးများကိုမြှင့်တင်နိုင်မည့်နည်းလမ်းများ အတွက် အကြံပြုချက်များကို စုစည်းရယူခဲ့ပါသည်။ (စံသတ်မှတ်ချက် င-၃ တွင်ကြည့်ပါရန်)။
  • REDD+ PaM အချို့သည်လည်း နှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာဥပဒေများကို ကျင့်သုံးနိုင်သည့် စွမ်းရည်များ မြင့်မားလာအောင် ကူညီပေးနိုင်ပါသည်။
EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် ပြဋ္ဌာန်းပေးထားသော ဆက်စပ်သက်ရောက်မှုများနှင့် သွယ်ဝိုက်သက် ရောက်မှုများကို ဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်များမှ အကန့်အသတ်ရှိပါသည်။ ဥပမာ မြေအသုံးချမှုများ နေရာပြောင်းရွှေ့ဖြစ်ပေါ်ခြင်း ကြောင့် ပေါ်ပေါက်လာနိုင်သော သက်ရောက်မှုများ ဖြစ်ပါသည်။ EIA လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် အခြားသော စိန်ခေါ်မှုများကို စံသတ်မှတ်ချက် ခ-၂ တွင် ဖတ်ရှုနိုင်ပါသည်။ လမ်းညွှန်ချက်များထပ်မံ ဖော်ထုတ်ရန် အဆိုပြုထားသော်လည်း IEE/EIA လုပ်ဆောင်ရန် မလိုအပ်သည့် PaM များ၏ သက်ရောက်မှုများကို ဆန်းစစ်ရန်အတွက် တရားဝင်လုပ်ငန်းစဉ်များ မရှိပါ။ တရားဝင် မူဘောင်ထဲတွင် ဖော်ပြထားသည့်တိုင် “စိုက်ပျိုးရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးဇုန်များ” အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ နှင့် ဂေဟစနစ်ဝန်ဆောင်မှုများအတွက် အရေးကြီးသောနေရာများကို သတ်မှတ်ဖော်ထုတ်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် ပဏာမစတင်ခြင်းများတွင် ကန့်သက်ချက်များ ရှိနေပါသည်။
  • လက်ရှိတွင် အချို့သော REDD+ PaM များ အကောင်အထည်ဖော်မှုကို လမ်းညွှန်ပေးနိုင်မည့် စိုက်ပျိုးရေး၊ သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှု၊ စသည်တို့အတွက် ကျင့်သုံးသင့်သည့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့စေမည့် အလေ့အထများအတွက် မှတ်တမ်းမှတ်ရာနှင့်တကွ၊ စနစ်တကျစမ်းသပ်ထားပြီး နိုင်ငံမှ အတည်ပြုပေးထားသော စံချိန်စံညွှန်းများနှင့် လမ်းညွှန်များ မရှိပါ။ သစ်တောစိုက်ခင်းများမှ ထွက်ကုန်ပစ္စည်းများအတွက် အသိအမှတ် ပြုလက်မှတ် ထုတ်ပေးသော စနစ်လည်း မရှိသေးပါ။
အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အကြံပြုချက်များမှာ –
  • REDD+ အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများအတွက် လမ်းညွှန်ချက်များ ဖော်ဆောင်ခြင်းများတွင် ထိခိုက်မှုဆန်းစစ်ခြင်း/ EIA နှင့် FPIC ဆိုင်ရာ သတ်မှတ်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်အပါအဝင် – လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးဆိုးကျိုးများ အပါအဝင် ဖြစ်နိုင်ခြေရှိသော အကျိုး ကျေးဇူးများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ရာတွင် သင့်လျော်သည့် သတင်းအချက်အလက်များကို ရယူအသုံးပြုခြင်း၊ သွယ်ဝိုက်မြေအသုံးချမှုများ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ခြင်း၊ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချရန်နှင့် အကျိုးကျေးဇူးများ ရရှိအောင် ဆောင် ရွက်မှုကို အားပေးမြှင့်တင်ရန်အတွက် ဆန်းစစ်မှုရလဒ်များကို အသုံးပြု၍ စီမံကိန်းများနှင့် အကောင်အထည်ဖော်မှုနည်းလမ်းများကို ညှိနှိုင်းပြင်ဆင်ခြင်းတို့ ဖြစ်ပါသည်။ (စံသတ်မှတ်ချက် င-၃ နှင့် င-၄ တို့တွင် လည်း ကြည့်ပါရန်)။
  • သစ်တောနှင့်မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်း ၊ One Map Myanmar အစီအစဉ်နှင့် NFI/NFMS စနစ် ထူထောင်ခြင်းများသည် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအတွက် အရေးကြီးသော နေရာဒေသများကို သတ်မှတ်ဖော်ထုတ်ခြင်းတွင် ရှိနေသည့် ကွာဟချက်များနှင့် REDD+ များအတွက် ဦးစားပေးနယ်ပယ်များသတ်မှတ်ခြင်းနှင့် သက်ဆိုင်သည့် အခြားအကြောင်းအချက်များကို ကိုင်တွယ်ဆောင်ရွက် ရန် အထောက်အကူပြုနိုင်ပါသည်။
  • သစ်နှင့် ကုန်စည်ထုတ်လုပ်မှုကွင်းဆက်များနှင့် သက်ဆိုင်သော REDD+ PaM များကို ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မှုများမှ ပတ်ဝန်းကျင်နှင့် လူမှုရေးအရ ရေရှည်တည်တံ့စေမည့် နည်လမ်းများ ဖြင့် အကောင်အထည်ဖော်နိုင်ရေး စံချိန်စံညွှန်းများနှင့် လမ်းညွှန်ချက်များထွက်ပေါ်လာအောင် ဆောင်ရွက် သင့်သည်။
လိုက်နာကျင့်သုံးင.၂.၁။ REDD+ PaM များအတွက် ဆောင်ရွက်ခဲ့သည့် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ* ဆန်းစစ်လေ့ လာမှုအရေအတွက်၊ အဆင့်အလိုက်နှင့် လွှမ်းခြုံသည့် ဧရိယာ အလိုက်  ခွဲခြား၍
င.၂.၂။ လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ* ဆန်းစစ်လေ့လာမှုများထဲမှ အောက်ပါတို့နှင့်စပ်လျဉ်း၍ ကောင်းမွန်သော အလေ့အထစံနှုန်းများကို လိုက်နာကျင့်သုံး ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ ရှိသည့် ဆန်းစစ်လေ့လာမှု ရာခိုင်နှုန်း – – အချက်အလက်စုဆောင်းခြင်းနှင့် စိစစ်လေ့လာခြင်း (ဇီဝ မျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှု များအတွက် အရေး ကြီးသော နေရာများအပေါ် သက်ရောက်နိုင်မှုများ၊ ဆက်စပ် သက်ရောက်မှု/ ထိခိုက်မှုများ(cumulative effects)၊ ကုန်းတွင်း နယ်မြေ တစ်ခုလုံးအတိုင်းအတာဖြင့် (landscape-scale) သက်ရောက်မှုများနှင့် သွယ်ဝိုက်သက်ရောက်မှုများကို စိစစ် လေ့လာခြင်း အပါဝင်)၊ – ရရှိနိုင်ခြေရှိသည့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး ကျေးဇူးများကို လုံလောက်စွာ ထည့် သွင်းစဉ်းစားခြင်း (င.၄ တွင် ဖော်ပြထားသော ဦးစားပေး အကျိုး ကျေးဇူးများကို အဓိကဦးတည်၍)၊ – ဖော်ထုတ်တွေ့ရှိသည့် အကျိုးသက်ရောက်နိုင်ခြေများပေါ် အခြေခံ၍ PaM ဆောင်ရွက်ရမည့် နေရာများနှင့် အကောင် အထည်ဖော်မှုများအတွက် တိကျရှင်းလင်းသော အကြံပြုချက် များ ပေးအပ်ခြင်း၊

စံသတ်မှတ်ချက် င-၃။ REDD+ မူဝါဒများနှင့် နည်းလမ်းများအား ရွေးချယ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း နှင့် အကောင်အထည်ဖော်ခြင်း တို့တွင် ဆိုးကျိုးများကို ရှောင်ရှားနိုင်မည့် သို့မဟုတ် အနည်းဆုံး ဖြစ်စေနိုင်မည့် အပြင် ကောင်းကျိုးများ တိုးပွားရရှိ စေနိုင်မည့် နည်းလမ်းဖြင့် ဆောင်ရွက်သင့် ပါသည်။ ထိုအတွက် အချို့ PaM များကို အချို့ PaM များ ထက် ဦးစားပေးရခြင်းများ ရှိနိုင်ပါ သည်။ သို့မဟုတ် PaM များကို အပြန် အလှန်ဖြည့်စွက်ထောက်ပံ့ပေး နိုင်ရန် ပေါင်းစပ်ဆောင်ရွက်ရခြင်းများ ရှိနိုင်ပါသည်။ REDD+ ၏ ကောင်းကျိုးသက်ရောက်မှုများကို တိုးပွားစေနိုင်မည့် အကောင်းဆုံး နည်းလမ်းများအား ရှာဖွေဖော် ထုတ်ရာတွင် သက်ဆိုင်ရာကဏ္ဍ များအားလုံးမှ အကျိုးသက်ဆိုင် သူများကို ပါဝင်ဆောင်ရွက်စေ သင့်ပါသည်။

  • REDD+ PaM များ၏ ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစဉ်များအကြောင်း သတင်းအချက်အလက်များကို စံသတ်မှတ်ချက် င-၂ တွင် ဖတ်ရှုရန်နှင့် အကျိုးသက်ရောက်မှုအလားအလာများ လျော့ချခြင်းနှင့် စပ်လျဉ်းသည့် EIA ဆိုင်ရာလုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် ပြဋ္ဌာန်းထားသော သတ်မှတ်ချက်များအကြောင်း အသေးစိတ်ကို စံသတ်မှတ်ချက် ခ-၂ တွင် ဖတ်ရှုရန် ဖြစ်ပါသည်။
  • REDD+ PaM များနှင့် ဆက်စပ်လုပ်ငန်းစဉ်များ (ဥပမာ အစုအဖွဲ့ပိုင်သစ်တော နှင့်မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်း) တို့တွင် အကျိုး သက်ဆိုင် သူများ ပါဝင်ဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော တရားဝင်မူဘောင်နှင့် ငန်းစဉ်များ အကြောင်း သတင်းအချက်အလက်များကို စံသတ်မှတ်ချက် ဃ-၁ တွင် ဖတ်ရှုနိုင် ပါသည်။
  • မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် REDD+ မဟာဗျူဟာကို အကျိုးသက်ဆိုင်သူများ ကျယ်ပြန့်စွာ ပါဝင်ဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်ခုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မဟာဗျူဟာထဲတွင် မြန်မာနိုင်ငံ၏ REDD+ကို ချဉ်းကပ်ဆောင်ရွက်မည့် နည်းလမ်းကို ဆွေးနွေးထားရာ၌ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ကာဗွန်နှင့်မသက်ဆိုင်သော အခြား အကျိုးကျေးဇူးများပါ ရရှိအောင် လုပ်ဆောင်နိုင်ရန် PaM များကို ဒီဇိုင်းရေးဆွဲဆောင်ရွက်သွားမည်ဟု ပါရှိပါသည်။
  • ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း နိုင်ငံအဆင့်တွင် ဆောင်ရွက်ခဲ့သည့် REDD+ အကောင်အထည်ဖော်မှုမှ ရရှိနိုင်ခြေရှိ သည့် အကျိုးကျေးဇူးများနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ ဆန်းစစ်လေ့လာခြင်းနှင့် အကျိုးသက်ဆိုင်သူများပါဝင် ဆောင်ရွက်သည့် နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ရေးဆွဲသည့်လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံအတွက် ဤစံသတ်မှတ်ချက်ကို လေးစားလိုက်နာရန် အထောက်အကူပြုခဲ့ပါသည်။ အကျိုးကျေးဇူးများ နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ ဆန်းစစ်လေ့လာမှုတွင် ဆိုးကျိုးသက်ရောက်နိုင်ခြေများနှင့် ယင်းတို့ကို ရှောင်ရှား/ လျှော့ချနိုင်မည့် နည်းလမ်းများ၊ ကောင်းကျိုးသက်ရောက်နိုင်မှုများ နှင့် ယင်းတို့ကို တိုးပွားအောင်လုပ်ဆောင်နိုင် မည့် နည်းလမ်းများကို ဆန်းစစ်ခဲ့ပါသည်။ အဆိုပြုသော PaM များ ဒီဇိုင်းရေးဆွဲရာတွင် အသုံးပြုခဲ့သည့် နည်းလမ်းများနှင့် စပ်လျဉ်းသော အကြံပြုချက်များ ရရှိအောင် ဆောင်ရွက်ခဲ့ပုံ အသေးစိတ်အချက်အလက်များကို စံသတ်မှတ်ချက် င-၂ နှင့် ဃ-၁ တို့တွင် ဖတ်ရှုနိုင်ပါသည်။

REDD+ စီမံကိန်းများမှ ထိခိုက်နိုင်မှု အလားအလာများ သတ်မှတ်ဖော်ထုတ်၍ စီမံကိုင်တွယ်နိုင်ရေး အတွက် ထပ်မံစဉ်းစားဖို့ လိုအပ်ပါသည်။ အဆိုပြုထားသော်လည်း လက်ရှိတွင် IEE/EIA လုပ်ဆောင်ရန် မလိုသော PaMများ၏ သက်ရောက်မှုများကို ဆန်းစစ်ရန် တရားဝင်လုပ်ငန်းစဉ်တစ်ခု မရှိပါ။ ထိခိုက်မှုဆန်းစစ်ခြင်းအတွက် နည်းစနစ်များသည် များသောအားဖြင့် ဆိုးကျိုးများ မဖြစ်အောင် တားဆီးရန်ကို အဓိကဦးတည်ပါသည်။ အကျိုးကျေးဇူးများ မြှင့်တင်ရန် ထိခိုက်မှုဆန်းစစ်ချက်များ အား မည်သို့အသုံးပြုရမည်ဆိုသည်နှင့်စပ်လျဉ်း၍မူ အတွေ့အကြုံများ နည်းပါးနေပါသည်။

အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အကြံပြုချက်များမှာ –
  • စံသတ်မှတ်ချက် င-၂ အောက်တွင် အကြံပြုထားသော နည်းလမ်းကို ကြည့်ပါရန်။ REDD+ အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများအတွက် ထိခိုက်မှုဆန်းစစ်ခြင်း / EIA ဆိုင်ရာ သတ်မှတ်ချက် သီးခြားလမ်းညွှန်ချက်များတွင် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီး ကောင်းကျိုးသက်ရောက်မှုများကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများ ပါဝင်ရမည်။
လိုက်နာကျင့်သုံးင.၃.၁။ PaM စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များထဲမှ လေ့လာ ဆန်းစစ်မှု၏ ရလဒ်များ/ အကြံပြုချက်များကို စီမံကိန်း အတွင်း ပေါင်းစပ်ထည့်သွင်းခဲ့ကြောင်း ပြသနိုင်သည့် စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ် ရာခိုင်နှုန်း၊ ဥပမာ အောက်ပါနည်းလမ်းများဖြင့် –  
က) ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချရန်နှင့် ရရှိနိုင်ခြေရှိ သည့် အကျိုးကျေးဇူးများကို တိုး
မြှင့်ရရှိစေရန် PaM များကို ရွေးချယ်ခြင်း၊ ဦးစားပေးခြင်း နှင့်/သို့မဟုတ် ပေါင်းစပ်ခြင်း၊
ခ)  PaM များ၏ ဒီဇိုင်းအတွင်း ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချမှု/ အကျိုးကျေးဇူးများ မြှင့်တင်မှု
အပိုင်းများကို ပေါင်းစပ်ထည့်သွင်းခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရန်/
အကျိုးကျေးဇူးများ မြှင့်တင်ရန် ထောက်ပံ့ဖြည့် စွက်ပေးသည့် နည်းလမ်းများ မိတ်ဆက်ထည့်
သွင်းခြင်း၊
ဂ) အကျိုးကျေးဇူးများ မြှင့်တင်ရန်/ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချရန် ရည်ရွယ်၍ နေရာ   ဒေသများကို ရွေးချယ်ခြင်း (ဥပမာ ဇီဝမျိုးစုံမျိုးကွဲတန်ဖိုး မြင့်မားသော ဒေသများ သို့မဟုတ်   ထိခိုက်လွယ်သော အုပ်စုများ ရှိသည့် ဒေသများကို အဓိကဦးတည်ခြင်း)၊
င.၃.၂။ PaM စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များထဲတွင် REDD+ မှ ကောင်းကျိုးရလဒ်များတိုးပွားစေမည့် အကောင်းဆုံး နည်းလမ်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအားလုံး ၏အကျိုးသက်ဆိုင်သူများထံမှ အမြင်များကို ရယူခဲ့ကြောင်း၊ ထိုအမြင်များကို စီမံကိန်းထဲတွင် ထည့်သွင်းစဉ်းစားခဲ့ ကြောင်း ပေါ်လွင်အောင် ပြသနိုင်သည့် စာရွက်စာတမ်းများ ရှိသည့် စီမံကိန်း
ရေးဆွဲမှု လုပ်ငန်းစဉ် ရာခိုင်နှုန်း၊
င.၃.၃။ REDD+ ဆောင်ရွက်ချက်များထဲတွင် စီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်မှ ကောင်းကျိုးရလဒ်များ မြှင့်တင်ရန်နှင့် ဆိုးကျိုး များ အနည်းဆုံးဖြစ်ရန် အကြံပြုချက်များကို လိုက်နာ၍အကောင်အထည်ဖော်ကြောင်း ပြသနိုင်သည့် စာရွက်စာတမ်း များ ရှိသော ဆောင်ရွက်ချက်
ရာခိုင်နှုန်း၊ ဥပမာ သဘောတူ ညီထားသော အကျိုးကျေးဇူး မြှင့်တင်မှု/ ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချမှု နည်းလမ်းများကို အကောင်အထည်ဖော်ခဲ့ခြင်း၊

စံသတ်မှတ်ချက် င-၄။  REDD+ မူဝါဒများ နှင့် နည်းလမ်းများအား သင့်လျော်စွာ ရွေးချယ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ခြင်း တို့မှတစ်ဆင့် ဦးစားပေးပံ့ပိုးရမည့် အကျိုး ရလဒ်များထဲတွင် မြေယာအခွင့်  အရေးများကို မြှင့်တင်ခြင်း၊ ဆင်းရဲသော၊ ထိခိုက်လွယ်သော နှင့်/သို့မဟုတ် အားနည်းချို့တဲ့သော အုပ်စုများ ၏ ဘဝအဆင်ပြေ သာယာရေး မြှင့်တင်ပေးခြင်း၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက် ရေရှည် လုပ်ကိုင်စားသောက်နိုင်သော အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ပံ့ပိုးပေးခြင်း၊ ကျားမတန်း တူညီမျှမှုကို အားပေး ခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း အေးချမ်းတည်ငြိမ်ရေး အားပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ သို့မဟုတ် ဂေဟစနစ်ဝန်ဆောင်မှုများ အတွက် တန်ဖိုး မြင့်မားသောဒေသများကို ကာကွယ်စောင့်ရှောက်ခြင်း (အထူးသဖြင့် မြေနှင့်ရေသယံ ဇာတများကို ထိန်းသိမ်းစောင့်ရှောက် ခြင်း)၊ နေရင်းဒေသများတစ်ခုနှင့် တစ်ခု တစ်ဆက်တစ်စပ်တည်းရှိမှု တိုးတက်စေခြင်း၊ ကုန်းမြေ ထိခိုက်ပျက်စီးမှု လျှော့ချခြင်း သို့မဟုတ် ပြန်လည်ကောင်း မွန်စေခြင်း၊ ညစ်ညမ်းမှုလျှော့ချခြင်း၊ အစိုးရဝန်ထမ်းများ နှင့် ဒေသခံ အကျိုးသက်ဆိုင်သူများအား (ဥပမာ တည်ဆဲ ဥပဒေများကို အကောင် အထည်ဖော်ရန်/ လိုက်နာရန်၊ ဆုံးဖြတ်ချက် ချမှတ်မှုတွင် ပါဝင်နိုင် ရန်နှင့် ရေရှည်တည်တံ့စေမည့် မြေအသုံးချမှု အလေ့အထ များကို ကျင့်သုံးနိုင် ရန်) စွမ်းရည်မြှင့်တင် ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

  • ဤစံသတ်မှတ်ချက်အောက်တွင် သတ်မှတ်ဖော်ထုတ်ထားသော ဦးစားပေးအကျိုးကျေးဇူးများနှင့် ဆက်နွှယ် မှုရှိသော PLR များနှင့် ဆောင်ရွက်ချက်များစွာ ရှိပြီး ဥပမာ အခြေခံစည်းမျဉ်း ဂ တွင် မြေယာအခွင့်အရေးများ အသိအမှတ်ပြုခြင်းကို အထောက်အပံ့ပြုသည့် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစဉ်များ အကြောင်း ဆန်းစစ်တင်ပြထားပြီး အခြေခံစည်းမျဉ်း ဃ တွင် ထိခိုက်လွယ်သောအုပ်စုများအပါအဝင် အကျိုးသက်ဆိုင်သူများ၏ ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ပေးသော PLR များနှင့် လုပ်ငန်းစဉ်များကို ဆန်းစစ်တင်ပြ ထားပါသည်။
  • ကျားမတန်းတူညီမျှမှု မြှင့်တင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့်သီးခြားသက်ဆိုင်သည့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) သည် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင် ဟူသည့် အပိုင်းတစ်ပိုင်း ပါဝင်ပြီး အဓိကရည်ရွယ်ချက်မှာ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးတွင် အမျိုးသမီးများ ထိရောက်စွာ ပါဝင်ဆောင် ရွက်နိုင်စေရန် စနစ်များ၊ ဖွဲ့စည်းပုံများနှင့် ကျင့်သုံးဆောင်ရွက်မှုများကို အားကောင်းအောင် လုပ်ဆောင်ရန် ဖြစ်ပါသည်။
  • မြန်မာနိုင်ငံ UN-REDD အစီအစဉ်သည် ကျားမရေးရာ ဆန်းစစ်လေ့လာမှုတစ်ခု ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ‘အမျိုးသမီးအဖွဲ့များနှင့် ဌာနေတိုင်းရင်းသားများ၏ အကျိုး စီးပွား ဆန်းစစ်လေ့လာချက်’ တစ်ခု ပါဝင်သည့် အမျိုးသားအဆင့် REDD+ မဟာဗျူဟာ ကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ UN-REDD အစီအစဉ်၏ (၂၀၁၆ ခုနှစ်) အကျိုးသက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ လမ်ညွှန်ချက်များနှင့် (၂၀၁၈ ခုနှစ်) ဆက်သွယ်ရေးမဟာဗျူဟာတို့သည် ကျားမရေးရာ၊ တိုင်းရင်း သားလူမျိုးစုနှင့် မသန်စွမ်းသူများ၏ ကွဲပြားသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ သင့်လျော်သည့် အကျိုးသက်ဆိုင်သူအုပ်စုများအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် ကျားမသာတူညီမျှသော အခွင့်အလမ်းများကို အားပေး မြှင့်တင်ရန် သီးခြားရည်ရွယ်သည့် အသိပညာပေးရေးလုပ်ငန်းအတွက် အဆိုပြု PaM တစ်ခုလည်း ရှိပါသည်။
  • ဤစံသတ်မှတ်ချက်အတွက် ဦးစားပေးအကျိုးကျေးဇူးများကို သတ်မှတ်ဖော်ထုတ်ရာတွင် ကာကွယ်စောင့်ရှောက်မှု များကို နိုင်ငံအခြေအနေနှင့် ကိုက်ညီအောင် အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းသည့် အကျိုးသက်ဆိုင်သူအမျိုးမျိုး ပါဝင်သော လုပ်ငန်းစဉ်များ၊ အကျိုးကျေးဇူးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို အများပါဝင်ဆန်းစစ်မှုလုပ်ငန်းစဉ်များမှ ရရှိသော ရလဒ်များကိုအခြေခံ၍ ဆောင်ရွက်ခဲ့ပါသည်။ အကျိုးကျေးဇူးများ နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်များမှ PaM များမှ ပိုမိုထိရောက်စွာပံ့ပိုးပေးနိုင်သည့် ဒီဇိုင်းပုံစံမျိုး ရေးဆွဲနိုင် စေမည့် အကြံပြုချက်များကိုလည်း ရရှိခဲ့ပါသည်။
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။ ယခုအချိန်အထိ ရွေးချယ်ထားသော၊ ဒီဇိုင်းရေးဆွဲထားသော REDD+ PaM များသည် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ မြေအသုံးချမှု အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ အစားထိုးရွေးချယ်လိုက်ကိုင်စရာ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ၊ ဂေဟစနစ်တန်ဖိုးများ၊ အစားထိုးလောင်စာများ၊နှင့် ကျားမရေးရာတုံ့ပြန်ဖြည့်ဆည်းမှု တိုးချဲ့ပညာပေးဝန်ဆောင်မှုတို့ပါဝင်သည့် ဦးစားပေးအကျိုးကျေးဇူးများရရှိအောင် ပံ့ပိုးပေးပါသည် ။
  • PaM များအတွက် အစီအစဉ်များရေးဆွဲရာတွင် ဦးစားပေးအကျိုးကျေးဇူးများရရှိအောင် ပံ့ပိုးပေးနိုင်မည့် နည်းလမ်း ဖြင့် ရေးဆွဲရန် အသုံးပြုနိုင်မည့် အချက်အလက်များကို လက်လှမ်းမီအသုံးပြုနိုင်မည့်နည်းလမ်းများအား ရှာဖွေရန်နှင့် ပံ့ပိုးရန် လိုအပ်နေပါသည်။ ထို့ပြင် စံသတ်မှတ်ချက်အတွက် တိုးတက်မှုများကို နှိုင်းယှဉ်တိုင်းတာရာတွင် လိုအပ်သော အခြေခံများ (baselines) ကို သတ်မှတ်နိုင်ရန်လည်း အချက်အလက်များ လိုအပ်ပါသည်။
  • ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သူများ နှင့်/သို့မဟုတ် ပစ်ပယ်ခံ အုပ်စုများအနေဖြင့် REDD+ တွင် ပိုမိုပြည့်ဝစွာ ပါဝင်နိုင်ပြီး အကျိုးကျေးဇူးများ ခံစားရရှိနိုင်ရန်အလို့ငှာ စွမ်းရည်မြှင့်တင်မှုနှင့် ပိုမိုထိရောက် ကောင်းမွန်သော သတင်းအချက်အလက်မျှဝေမှုများ လိုအပ်ပါသည်။
အဆိုပါ စိန်ခေါ်မှုများ ဖြေရှင်းရန် အကြံပြုချက်များ မှာ –
  • စံသတ်မှတ်ချက် င-၂ အောက်တွင် အကြံပြုထားသော နည်းလမ်းကို ကြည့်ပါရန်။ ထိခိုက်မှုဆန်းစစ်ခြင်း / EIA ဆိုင်ရာ သတ်မှတ်ချက်များအတွက် လမ်းညွှန်များထဲတွင် ဆိုးကျိုးသက်ရောက်မှုများကိုလျှော့ချပြီး ကောင်းကျိုးသက်ရောက်မှုများကိုမြှင့်တင်ပေးနိုင်မည့် နည်းလမ်း များ/ အစီအစဉ်များ ရေးဆွဲရန်ဟူသည့် လမ်းညွှန်ချက်ကိုလည်း ထည့်သွင်းသင့် ပါသည်။
  • ဖော်ထုတ်ထားသော ဦးစားပေးအကျိုးကျေးဇူးများ ရရှိအောင် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် အခြေခံများ (baselines) များနှင့် ဦးတည်ပြောင်းလဲမှုများ (trends) အတွက် အချက်အလက်များကို စုဆောင်းခြင်း သို့မဟုတ် ရရှိအသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် နှစ်မျိုးစလုံးကို လုပ်ဆောင်ရန် လိုပါသည်။ REDD+ အတွက် M&E မူဘောင် နှင့် NFI/NFMS နှင့် SIS တို့၏ M&E မူဘောင်များ ရေးဆွဲခြင်းသည် ဤသည်ကို အထောက်အပံ့ပေးရန် အခွင့်အလမ်းများဖော်ဆောင်ပေးပါသည်။
လိုက်နာကျင့်သုံးင.၄.၁။ မြေယာအခွင့်အရေးများ/ ရှင်းလင်းသည့် မြေယာလုပ် ပိုင်ခွင့်များကို အားပေးမြှင့်တင်ခြင်း၊ (ဂ.၂ နှင့် ချိတ်ဆက်)
င.၄.၂။ ဆင်းရဲနွမ်းပါးသော/ ထိခိုက်လွယ်သော အုပ်စုများ၏ ဘဝအဆင်ပြေသာယာရေးအပါအဝင်ရေရှည် လုပ်ကိုင် စားသောက်နိုင်သော အသက်မွေးမှုလုပ်ငန်းများ –  
— ဂ.၃.၄ နှင့် ချိတ်ဆက် (REDD+ ဒေသများရှိ စစ်တမ်းဖြေဆို သူများ ၏ ဘဝသာယာအဆင်ပြေကြောင်း ထင်မြင်ယူဆချက် များ)၊
— REDD+ ဒေသများ၏ အတွင်းအပြင်ရှိ အိမ်ထောင်စုများ၏ ပျှမ်းမျှ ဝင်ငွေဆိုင်ရာ အချက်အလက်များ၊
င.၄.၃။ ကျားမရေးရာ တန်းတူညီမျှရေး –
— ဃ.၁.၁ နှင့် ချိတ်ဆက် (REDD+ လုပ်ငန်းများတွင် ပါဝင်သူ များအား ကျား/မ ခွဲခြားဖော်ပြ)၊
— ဂ.၃.၄ နှင့် ချိတ်ဆက် (ကျား/မအလိုက် ဘဝသာယာ အဆင်ပြေမှုဆိုင်ရာ ထင်မြင်ယူဆချက်)
— အကျိုးကျေးဇူးများ ခွဲဝေမှုဆိုင်ရာ ဂ.၅ နှင့် ချိတ်ဆက်
င.၄.၄။ လူမှုအဖွဲ့အစည်း၏ အေးချမ်းတည်ငြိမ်မှု –
— ခ.၃.၄ နှင့် ချိတ်ဆက် (EAO များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ ညွှန်းကိန်း)
— ဂ.၆.၁ နှင့် ချိတ်ဆက် (နစ်နာမှုများ စီမံခန့်ခွဲခြင်းဆိုင်ရာ ညွှန်းကိန်း)၊
— REDD+ ဒေသ အတွင်း/အပြင်ရှိ တရားရုံးသို့ စွဲတင်သော မြေအသုံးချမှုဆိုင်ရာ အမှုများ နှင့်/သို့မဟုတ် အကြမ်းဖက် ပဋိက္ခ ဖြစ်ပွားမှုများ၊
င.၄.၅။ ဇီဝမျိုးစုံမျိုးကွဲ/ဂေဟစနစ်ဝန်ဆောင်မှု တန်ဖိုး မြင့်မားသော ဒေသများ ကာကွယ်စောင့်
ရှောက်မှု၊
(အခြေခံသဘောတရား က အောက်ရှိ ညွှန်းကိန်းများနှင့် ချိတ်ဆက်)
— နိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများ လွှမ်းခြုံနိုင်မှု အပြောင်းအလဲများ၊
— သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ အတွင်းအပြင်ဒေသများအပါအဝင် REDD+ဒေသများရှိ သစ်တောဖုံးလွှမ်းမှု/ အရည်အသွေး တိုးတက်လာမှုများ၊
— REDD+ PaM များမှ တစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်နေ သည့် ဦးစားပေး ထိန်းသိမ်း ရမည့်နေရာများ၏ ဧရိယာ၊
— နေရာဒေသအခြေပြု REDD+ လုပ်ငန်းများ ဆောင်ရွက်နေ သည့် ဧရိယာအတွင်းအပြင်ရှိ NFIအကွက်များပေါ်ရှိ bio-diversity metrics  များတွင် တွေ့ရသည့် အပြောင်းအလဲများ၊ ဥပမာသစ်တောတွင်းရှိ စီးပွားရေးသုံး အဓိကအပင်မျိုးစိတ် များပေါ များစွာ ရှိမှု အခြေအနေ အပြောင်းအလဲများ၊
င.၄.၆။ ပြန်လည်ပျိုးထောင်ခြင်း၊ ကုန်းမြေပျက်စီးမှု လျှော့ချ ခြင်းနှင့် နေရင်းဒေသများ တစ်ဆက်
တစ်စပ်တည်းဖြစ်မှု၊
— သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် KBA များ၏ အတွင်းအပြင်အပါအဝင် ကုန်းမြေပျက်စီးမှု/တိုက်စားမှု အန္တရာယ်ရှိသော ဒေသများရှိ REDD+ ကို အကောင်အထည် ဖော်နေသော ဒေသများရှိပြန်လည်ပျိုးထောင်ထားသော သစ်တောများ၏ ဟက်တာ (င.၄.၅ ကို ကြည့်ပါရန်)၊
— ကုန်းမြေပျက်စီးမှု/တိုက်စားမှု အန္တရာယ်ရှိသော ဒေသများ တွင် ဆောင်ရွက်သော သစ်တောထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ (ဥပမာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော များနှင့်ICCA များ တည်ထောင်မှု)
င.၄.၇။ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချခြင်းနှင့် အခြား ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကိုအားပေးမြှင့်တင်ခြင်း၊
— REDD+ အကောင်အထည်ဖော်သော နေရာဒေသများရှိ လျှပ်စစ်ဓာတ်အား ရရှိသော အိမ်ထောင်စုများ အရေအတွက်၊
— REDD+ ဒေသများရှိ ရေရှည်တည်တံ့စေသော စိုက်ပျိုး ရေးအစီအစဉ်များ တွင် ပါဝင်ဆောင်ရွက်သည့် အိမ်ထောင် စုများ အရေအတွက်/ လယ်တောများတွင် အသုံးပြုသော ဓာတ်မြေသြဇာ/ပိုးသတ်ဆေး ပျှမ်းမျှသွင်းအားစုများဆိုင်ရာ အချက်အလက်များ (စစ်တမ်းတွင် ထည့်သွင်းမှုအပေါ်
တွင် မူတည်နိုင်?
င.၄.၈။ ဝန်ထမ်းများနှင့် အကျိုးသက်ဆိုင်သူများအား စွမ်းရည်မြှင့်တင်မှု၊
— စွမ်းဆောင်ရည်မြှင်တင်ခြင်းဆိုင်ရာ ညွှန်ကိန်း နှင့် ချိတ်ဆက် ( ခ.၄ အောက်ရှိ)၊

စံသတ်မှတ်ချက် င-၅။   မြေအသုံးချမှု သို့မဟုတ် စီမံအုပ်ချုပ်မှုစီမံကိန်းများ ရေးဆွဲခြင်းနှင့် သက်ဆိုင်သော REDD+ မူဝါဒများ နှင့် နည်းလမ်းများ အား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ပွင့်လင်းမြင်သာမှုကို အားပေးခြင်း တို့ဖြင့် ပံ့ပိုးကူညီပေးသင့်ပါသည်။ သို့မှသာ ပတ်ဝန်းကျင် နှင့် လူမှုရေး ဆိုင်ရာ ရည်ရွယ်ချက်များကို သင့်လျော်သလို ထည့်သွင်းစဉ်းစား နိုင်စေမည်ဖြစ်ပြီး အချက် အလက်များ၊ အသိပညာများ သို့မဟုတ် နားလည်သဘောပေါက် မှုများ မရှိခြင်း သို့မဟုတ် ရေတို စီးပွားရေး အကျိုးကျေးဇူးများကို ဦစားပေးရခြင်းတို့ကြောင့် လျှစ်လျှူ ရှုထားခြင်းများ မဖြစ်ရအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

  • သတင်းအချက်အလက်များ မျှဝေရာတွင် ပွင့်လင်းမြင်သာရှိမှု၊ သစ်တောစီမံအုပ်ချုပ်မှု၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းအတွက် ပေါင်းစပ်ညှိနှိုင်းမှု၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်များထည့်သွင်းမှု၊ အချက်အလက်ရရှိနိုင်မှု/စွမ်းဆောင်ရည် မြှင်တင်ခြင်းတို့အတွက် အသေးစိတ် သတင်းအချက်အလက်များကို စံသတ်မှတ်ချက် ခ-၂၊ ခ-၃ နှင့် ခ-၄ အောက်မှ ကြည့်ပါရန်။ အခြေခံစည်းမျဉ်း ဂ တွင် မြေအသုံးချမှုစီမံကိန်း ရေးဆွဲခြင်းနှင့် မြေသိမ်းခြင်းဆိုင်ရာ အခွင့်အရေးများအကြောင်း သတင်းအချက်အလက်များ ပါဝင်ပြီး စံသတ်မှတ်ချက် င-၂ နှင့် င-၃ တို့တွင် IEE/ EIA/SEA ဆိုင်ရာ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစား ထားချက်များကို တွေ့ရမည်ဖြစ်ပါသည်။ စံသတ်မှတ်ချက် ခ-၄ နှင့် င-၁ တို့တွင် မြေအသုံးချမှုနှင့င် စီမံအုပ်ချုပ်မှု စီမံကိန်းရေးဆွဲခြင်းအတွက် အသုံးဝင်သော အချက်အလက်များကို ကူညီပံ့ပိုးပေး နိုင်မည့် လက်ရှိနှင့် လျာထားသည့် သတင်းစနစ်များနှင့် လုပ်နင်းများ အကြောင်းကို ဖော်ပြထားပါသည်။
  • မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် REDD+ မဟာဗျူဟာ တွင် စီမံကိန်းများကို ပံ့ပိုးရန် ကြိုးပမ်းထား သည့် PaM အချို့ ရှိပါသည်။ ကာကွယ်တောများ တည်ထောင်ခြင်း/စီမံအုပ်ချုပ်ခြင်း တို့ပါဝင်ပါသည်။
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များတွင် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်များကို ထည့်သွင်း စဉ်းစားရန် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းများသည် အထူးသဖြင့် ပိုမိုကျယ်ပြန့်သည့် မူဝါဒလိုအပ်ချက်များ နည်းခြင်း။
  • မြေယာနှင့်စပ်လျဉ်းသော အချက်အလက်များ ရရှိနိုင်မှု၊ ပွင့်လင်း မြင်သာမှုနှင့် တစ်ပြေးညီဖြစ်မှုတို့ အကန့် အသတ်ရှိပုံတို့နှင့်စပ်လျဉ်းသော ကွာဟချက်များကို စံသတ်မှတ်ချက် ခ-၄ အောက်တွင်လည်းကောင်း၊ ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ စံသတ်မှတ် ချက် င-၂ နှင့် င-၃ အောက်တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။
အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဓိက အကြံပြုချက်များမှာ –
  • စံသတ်မှတ်ချက် ခ-၄ အောက်တွင် ဖော်ပြထားသည့်အတိုင်း REDD+ PaM များအတွက် အကောင် အထည်ဖော်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ရေးဆွဲရာတွင် အချက်အလက်နှင့် စွမ်းဆောင်ရည် လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ REDD+ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အ ထည်ဖော်ခြင်းများအတွက် စွမ်းရည်မြှင့်တင်သည့် လုပ်ငန်းများကိုလည်း REDD+ M&E ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်း စောင့်ကြည့်စစ်ဆေးသင့်သည်။
လိုက်နာကျင့်သုံးင.၅.၁။ REDD+ PaMs ဆောင်ရွက်ချက်များထဲတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ရည်မှန်းချက်များကို ထည့်သွင်းစဉ်းစားနိုင် ရန် စွမ်းရည်မြှင့်တင်ပေးမှုများ ထည့်သွင်းလုပ်ဆောင်ခဲ့သည့် အစီအစဉ်ရေးဆွဲမှုများ ပါရှိသည့် ဆောင်ရွက်ချက်များ ရာခိုင်နှုန်း၊ အကြောင်းအရာအလိုက် ခွဲခြား၍ (ဥပမာ ပတ်ဝန်းကျင် သို့မဟုတ် လူမှုရေး ဆိုင်ရာ အချက်အလက်များ လက်လှမ်းမီ ရယူတိုင်မှု၊ အများပါဝင်သော စီမံကိန်းရေးဆွဲမှု၊ ပွင့်လင်း မြင်သာမှု)၊ ၊
င.၅.၂။ သက်ဆိုင်ရာစွမ်းရည်မြှင့်တင်မှုအစီအစဉ်များတွင် တက်ရောက်ခဲ့သူများနှင့် တက်ရောက်သည့် နေ့ရက်ကို မြှောက်ထားသော အရေအတွက် — ခ.၄.၄ နှင့် ချိတ်ဆက်
င.၅.၃။ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အချက်များကို (ဥပမာ ဇုန်သတ်မှတ်မှုများတွင်) ထည့်သွင်းစဉ်းစားထား သော အစီ အစဉ်များ အရေအတွက်နှင့် လွှမ်းခြုံမှု (ဟက်တာဖြင့်) — ခ.၃.၃ နှင့် ချိတ်ဆက်၊
င.၅.၄။ ပွင့်လင်းမြင်သာမှု ရရှိရေးနည်းလမ်းများ ကျင့်သုံး ထားသော အစီအစဉ် ရေးဆွဲမှုများ လုပ်ဆောင်သော REDD+ ဆောင်ရွက်ချက်များ ရာခိုင်နှုန်း — ခ.၁.၁ နှင့် ချိတ်ဆက်၊

စံသတ်မှတ်ချက် င-၆။  REDD+ ကျင့်သုံးမှုအား စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် အခြေခံ တစ်ခုအဖြစ် REDD+ မူဝါဒများနှင့် နည်းလမ်းများကို စောင့်ကြည့် လေ့လာမှုတွင် (စီမံကိန်းရေးဆွဲ သည့် အဆင့်အတွင်း သတ်မှတ် ဖော် ထုတ်ထားသည့် ရရှိနိုင် ခြေရှိသော အကျိုးကျေးဇူးများနှင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်း စဉ်း၍) စီမံချက်အား အကောင်အ ထည်မဖော်မီ မူလရှိနေသော အခြေအနေများ (baseline) နှင့် နှိုင်းယှဉ်ကာ လူမှုရေးနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ အကျိုးသက်ရောက် မှုများကို ပုံမှန်စောင့်ကြည့်ခြင်း လုပ်ငန်းလည်း ပါဝင်သင့်ပါသည်။

  • EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် စီမံချက်အဆိုပြုဆောင်ရွက်သူသည် လူမှုရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများကို ပုံမှန်စောင့်ကြည့်စစ်ဆေးရန်ဟူသည့် သတ်မှတ်ချက် ပါဝင်ပါသည်။ (စံသက်မှတ်ချက် ခ – ၂) 
  • REDD+ အစီအစဉ်အကောင်အထည်ဖော်မှုတွင် အကြီးစားအစိုးရစီမံကိန်းများ[1]အတွက် ကျင့်သုံးလေ့ရှိသည့် စောင့်ကြည့်လေ့လာမှုလုပ်ငန်းစဉ်များ၏ စစ်ဆေးမှုကိုလည်း ခံယူသွားမည်ဖြစ်ပါသည်။ နိုင်ငံအဆင့် REDD+ မဟာဗျူဟာ နောက်ဆုံးမူကြမ်း အရ PaM များ အကောင်အထည်ဖော်မှုကို စောင့်ကြည့်စစ်ဆေးခြင်းအား ဦးဆောင်မည်ဖြစ်ပြီး PaM များ သည် ရည်ရွယ်ထားသည့် အကျိုးသက်ရောက်မှုများရရှိအောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်သည့် အပြင် အချက်အလက်များရရှိအောင်လည်း ဆောင်ရွက် သွားပါမည်။ PaM တစ်ခုချင်းစီကို စောင့်ကြည့်စစ်ဆေးရန်အတွက် ညွှန်ကိန်းများကို ပြုစုအသုံးပြုမည်ဖြစ်ပြီး ထိုညွှန်ကိန်းများအတွက် အချက်အလက်များကို REDD+ အကောင်အထည်ဖော်သည့်ဌာနအဖွဲ့အစည်းများကို ပံ့ပိုးမည်ဖြစ်သည်။ စစ်ဆေးအတည်ပြုလုပ်ငန်းစဉ်တွင် ပြည်တွင်းရှိအရပ်ဘက်လူမှုအဖွဲ့အစည်းများကိုလည်း ပါဝင်ဆောင်ရွက်ရန် ဖိတ်ကြားသွားမည်ဖြစ်သည်။ စောင့်ကြည့်စစ်ဆေးမှုရလဒ်များကို မြန်မာ REDD+ ဝက်ဆိုက် တွင် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်အောင် တင်ပေးမည်။ ထို့ပြင် မဟာဗျူဟာတစ်ရပ်လုံးအတွက် ရရှိသည့် ရလဒ်များကိုလည်း ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ရန် မျှော်မှန်းထားပါသည်။
  • NFI နှင့် ပိုမိုကျယ်ပြန့်သည့် NFMS တို့သည်လည်း REDD+ ရလဒ်များကို စောင့်ကြည့်လေ့လာရာတွင် အရေး ကြီးသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။ REDD+ စောင့်ကြည့်စစ်ဆေးမှုတွင် NFMS ၏ အဓိကအခန်း ကဏ္ဍမှာ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းများနှင့် ကာဗွန်စုပ်ယူမှုဆိုင်ရာ အောင်မြင်မှုရလဒ် များနှင့်စပ်လျဉ်း သော သတင်းအချက်အလက်များကို ပံ့ပိုးပေးရန် ဖြစ်သော်လည်း ပြုစုထုတ်ပြန်ပေးသည့် အချို့အချက်အလက်များ သည် လူမှုရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများ ဆန်းစစ်ရန်အတွက်လည်း အသုံးဝင် မည်ဖြစ်ပါသည်။ REDD+ ၏ ကာဗွန်နှင့် မသက်ဆိုင်သောအခြား အကျိုးကျေးဇူးများဆိုင်ရာ အချက်အလက်များ ရရှိနိုင်ရန်အတွက် NFMS မှ ပြုစုထုတ်ပြန်ပေးသည့် သစ်တောများ ပျံ့နှံ့ပေါက်ရောက်မှုနှင့် သစ်တောအခြေအနေများ ပြောင်းလဲခြင်း ဆိုင်ရာ အချက်အလက်များကို အခြားအချက်အလက်များ (ဥပမာ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှု များအတွက် အရေးကြီးသော နေရာများဆိုင်ရာ အချက်အလက်များ) နှင့်လည်း ပေါင်းစပ်ပေးနိုင်ပါသည်။
  • REDD+၏ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်းသော ရလဒ်များအပါ အဝင် တိုးတက်မှုများကို ကာကွယ်စောင့်ရှောက်မှုများနှင့် ချိန်ထိုး၍ စောင့်ကြည့်စစ်ဆေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ၏ SIS စနစ်ကို ဒီဇိုင်းရေးဆွဲထားပါသည်။
  • REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
  • ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို စောင့်ကြည့်လေ့လာရန် လိုအပ်သည့် အချက်အလက်များ ရရှိနိုင်မှုနှင့် စပ်လျဉ်း သည့် ကွာဟချက်များကို စံသတ်မှတ်ချက် င-၄ တွင် ဖတ်ရှုနိုင်ပါရန်။ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် စပ်လျဉ်းသည့်နည်းလမ်းများကို လည်း ကြည့်ရှုနိုင်ပါသည်။
ထို့ပြင် REDD+ M&E မူဘောင် ရေးဆွဲရာတွင် လူမှုရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများ၊ ကာကွယ်စောင့်ရှောက်မှုများ နှင့်ဆိုင်သည့် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် ဦးစားပေးညွှန်ကိန်းများကို ဖြစ်နိုင်သည့်နေရာ များ၌ ထည့်သွင်းသွားမည်ဖြစ်ပါသည်။
  လိုက်နာကျင့်သုံး င.၆.၁။ REDD+ ၏ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှုများကို စောင့်
 ကြည့်စစ်ဆေးသည့် REDD+ M&E မူဘောင်၏ ညွှန်ကိန်းများ သို့မဟုတ် အစိတ်အပိုင်းများ
 အရေအတွက်နှင့် အချက်အလက်များ စုဆောင်းသည့် အရေအတွက်၊