အခြေခံစည်းမျဉ်း - ဃ
အခြေခံစည်းမျဉ်း ဃ။ မြန်မာနိုင်ငံရှိ REDD+ မူဝါဒများနှင့် နည်းလမ်းများအား ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော် ရာတွင် သင့်လျော်သော အကျိုးသက်ဆိုင်သူများ၊ အထူးသဖြင့် ဌာနေ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ ထိရောက်သည့်အပြည့်အဝပါဝင်ဆောင်ရွက်မှုဖြင့် ရေးဆွဲဆောင်ရွက်သင့်ပါသည်။မူဝါဒများနှင့် နည်းလမ်းများ၏ သက်ရောက်မှုကို ခံရနိုင်ခြေရှိသော အုပ်စုများအားလုံးကို သင့်လျော်သည့် အကျိုးသက်ဆိုင်သူများအဖြစ် ယူဆသင့်ပါသည်။
စံသတ်မှတ်ချက် ဃ-၁။ မူဝါဒများနှင့် နည်လးမ်းများအား အစီအစဉ်ရေး ဆွဲခြင်းနှင့် အကောင်အထည်ဖော် ခြင်းတွင် အကျိုးသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်လာအောင် တက် ကြွစွာ လုပ်ဆောင်သင့်ပြီး ပါဝင် ဆောင်ရွက်နိုင်စွမ်း နည်းပါးသော အကျိုးသက်ဆိုင်သူအုပ်စုများ (ဥပမာ အမျိုးသမီးများ၊ ဆင်းရဲနွမ်းပါးသူ များ၊ တိုင်းရင်းသား လူမျိုးစုငယ်များ၊ မြေယာအသုံးချခွင့် တရားဝင် စာရွက် စာတမ်း မရှိသူများ) ကို သင့်လျော် သည့် အစီအမံများ (ဥပမာ ဘာသာစကား အခက်အခဲများနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ထည့်သွင်းစဉ်းစား၍ စွမ်းရည်မြှင့် တင်ပေးခြင်း၊ သင့်လျော်သော ဆက်သွယ်ရေးပုံစံနည်းလမ်းများ ရွေးချယ်ခြင်း) ဖြင့် ကူညီပံ့ပိုး ပေးသင့်ပါသည်။
- တရားဝင်မူဘောင်တွင် REDD+ များကို ဆောင်ရွက်သောအခါတွင် မည်သူများကို “သင့်လျော်သောအကျိုးသက်ဆိုင်သူများ” အဖြစ် သက်မှတ်ထားခြင်း သို့မဟုတ် မည်သည့်အကျိုးသက်ဆိုင်သူများသည် ပါဝင်ဆောင်ရွက်နိုင်မှုစွမ်းရည် နည်းပါးနေသည်ဟု ယူဆရမည် ဆိုသည်ကို မရှိသော်လည်း နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ကို ရေးဆွဲသည့် လုပ်ငန်းစဉ်အတွင်းတွင် REDD+ အကျိုးသက်ဆိုင် သူများကို လေ့လာစာရင်းပြုစုခြင်း အား နိုင်ငံအဆင့်ဆောင်ရွက်ထားပါသည်။
- ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ UN-REDD အစီအစဉ်၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့သော ‘သစ်တောများ ရေရှည် တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် REDD+ ဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များအတွက် အကျိုးသက်ဆိုင်သူ များနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း လမ်းညွှန်ချက်များ’[1] အရ သင့်လျော်သည့် အကျိုးသက်ဆိုင်သူများ ဆိုသည်မှာ “သစ်တောများနှင့်စပ်လျဉ်း၍ အကျိုးဆက်စပ်မှု/ အကျိုးစီးပွား/ ရပိုင် ခွင့်ရှိသောသူများနှင့် REDD+လုပ်ငန်းများကြောင့် ဆိုးကျိုး သို့မဟုတ် ကောင်းကျိုး သက်ရောက်ခြင်း ခံရမည့်သူများ” ဖြစ်ပါသည်။ အစိုးရဌာနအဖွဲ့အစည်းများ (ဥပမာ သစ်တောဦးစီးဌာန၊ MONREC၊ MOALI နှင့် MOPF)၊ တရားဝင်နှင့် အလွတ်သဘော သစ်တောအသုံးပြုသူများ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် သစ်တောများကို မှီခိုနေသော အခြားဒေသခံများ ပါဝင်ပါသည်။ အရပ်ဘက်လူမှု အဖွဲ့အစည်းများ (CSOs) နှင့်လည်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
- နိုင်ငံအဆင့်တွင် REDD+ စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များအတွင်း အကျိုးသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်မှု သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုတို့ကို အထောက်အကူပြုသည့် ကဏ္ဍစုံပါဝင်သော ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် အချို့ ရှိပါသည်။ (အသေးစိတ်အား စံသတ်မှတ်ချက် က-၁ ကြည့်ပါရန်)။ REDD+ အကျိုးသက်ဆိုင်သူများ ကွန်ရက်တစ်ခုကိုလည်း အဖွဲ့ဝင် ၆၂ ဦးဖြင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။ ဆက်သွယ်ရေးလမ်းကြောင်းများဆိုင်ရာ ပိုမို အသေးစိတ်သော သတင်းအချက်အလက် များကို စံသတ်မှတ်ချက် ခ-၁ တွင် ဖော်ပြထားပါသည်။
- တိုင်းဒေသကြီး/ပြည်နယ်နှင့် အောက်အဆင့်များတွင် သစ်တောနှင့် မြေယာကဏ္ဍများအတွင်း အကျိုးသက် ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုကို အထောက်အကူပြုရန် ဖွဲ့စည်းထားသော၊ ဖွဲ့စည်းရန် အစီ အစဉ်ရှိသော အဖွဲ့အစည်းအချို့ ရှိပါသည်။ ဥပမာ – ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်နှင့် ဒေသန္တရအဆင့်များရှိ မြေအသုံးချမှု ကော်မတီများတွင် တောင်သူလယ်သမားကိုစားလှယ်များနှင့် ဒေသခံတိုင်းရင်းသားလူမျိုးစုများ အားလုံးမှ ကိုယ်စားလှယ်များ၊ သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းပြီး လူထုနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရပါသည်။ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၊ EAO များနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပြဋ္ဌာန်းထားသည့် ကြားကာလ တွင် ဆောင်ရွက်ရမည့် အစီအစဉ်များ ဖြစ်ပါသည်။
- အကျိုးသက်ဆိုင်သူများ လုပ်ငန်းစဉ်းများအား ရည်ညွှန်းသည့် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ဥပမာ – အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် တည်ဆဲမြေအသုံးချမှုစီမံကိန်းများနှင့် မြေပုံများကို အချိန်နှင့် တစ်ပြေးညီပြင်ဆင်ရာတွင် “အများပါဝင်သည့် နည်းလမ်းကိုလည်းကောင်း၊ ဒေသရှိ အကျိုးသက်ဆိုင်သူများ၊ အမျိုးသား၊ အမျိုးသမီးများ ညှိနှိုင်းတိုင်ပင်သည့် နည်းလမ်းကိုလည်းကောင်း အခြေခံ၍ ဆောင်ရွက်ရမည်” ဟု ဆိုထားပါသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၂၀၁၅) တွင်လည်းသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေး မိမိတို့ ကိုယ်စားလှယ်များ ပါဝင်နိုင်အောင် ဆောင်ရွက် ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။
- EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် စီမံချက်များသည် EIA လုပ်ငန်းအဆင့်တိုင်းတွင် သင့်လျော်သော ပြည်သူလူထုချပြရှင်လင်းခြင်းအား လုပ်ဆောင်ရန်လိုအပ်ပါသည်။
- မြန်မာနိုင်ငံ UN-REDD အစီအစဉ်မှ ပြုစုနေသည့် ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထား တောင်းခံခြင်း (FPIC) လမ်းညွှန်ချက်များတွင်လည်း REDD+ PaM များ အတွက် စီမံကိန်းများ ရေးဆွဲရာတွင် အကျိုးသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားပါသည်။ ( စံသတ်မှတ်ချက် ခ-၁ တွင် ဖတ်ရှုနိုင်ပါသည်)။
- ၂၀၁၇ မှ ၂၀၂၀ ခုနစ်အတွင်း နိုင်ငံအဆင့် REDD+ မဟာဗျူဟာ ရေးဆွဲလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များ တွင် ပုဂ္ဂလိကကဏ္ဍ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ EAO များနှင့် တိုင်ပင်ဆွေးနွေးပွဲပေါင်း ၄၃ ခု ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲများ တွင် အမျိုးသမီးပေါင်း ၆၂၁ ဦးနှင့် အမျိုးသားပေါင်း ၁,၅၃၄ ဦး (စုစုပေါင်း ၂,၁၅၅ ဦး) တက်ရောက်ခဲ့ပါသည်။ ၂၀၁၉ခုနစ်တွင် အွန်လိုင်းမှ အကြံပြုချက်များ တောင်းယူခဲ့သည့်ကာလအတွင်း မဟာဗျူဟာ၏ စာသားများနှင့်စပ်လျဉ်း၍ အကြံပြုချက်ပါင်း ၂၇၀ ခန့် လက်ခံ ရရှိခဲ့ပါသည်။
- REDD+ အကြောင်း အသိအမြင်ဖွင့်ပေးသည့် အထောက်အကူပစ္စည်းများကို ဘာသာစကားပေါင်း ၁၀ မျိုးဖြင့် ပြုစုထုတ်ဝေပေးထားပါပြီး (ချင်း၊ ကချင်၊ ကရင်၊ ကိုးကန့်၊ မွန်၊ ပအိုးဝ်၊ ‘ဝ’၊ ရှမ်း၊ ပလောင် နှင့် မြန်မာဘာသာစကားများ ဖြစ်ပါသည်) အလုပ်ရုံဆွေးနွေးပွဲများ အတွင်းနှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များမှတစ်ဆင့် ဖြန့်ဝေပေးထားပြီးဖြစ်ပါသည်။
- အဆင်သင့်ပြင်ဆင်ပြီး အဆင့်တွင် မြန်မာနိုင်ငံ UN-REDD အစီအစဉ်သည် အဖွဲ့ EAO ၁၀ ဖွဲ့၊ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် REDD+ လုပ်ငန်းစဉ်အကြောင်း မျှဝေအသိပေးသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထူထောင်ထားပြီးဖြစ်ပါသည်။
- မြေအသုံးချမှုနှင့် ဆက်စပ်နယ်ပယ်များအတွင်းရှိ ဆုံးဖြတ်ချက်ချမှတ်မှုများတွင် လူထုပါဝင်ဆောင်ရွက်မှုသည် အတန်အသင့် စိမ်းနေသေးသော သဘောတရားတစ်ခု ဖြစ်ပါသည်။ လူထုနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် တာဝန်ပေးထားသူများကိုလည်း စွမ်းရည်မြှင့်တင်ပေးရန် လိုအပ်နေပါသည်။ EIA လုပ်ထုံးလုပ်နည်းအကောင်အထည်ဖော်မှုသည် ပြည်စုံမှုမရှိဘဲ ထိခိုက်လွယ်သည့် အကျိုးသက်ဆိုင်သူများအနေဖြင့် တိုင်ပင်ဆွေးနွေးမှုများတွင် ဖော်ပြထားချက်များ အသေးစိတ် မပါရှိပါ။
- ထိခိုက်လွယ်သော၊ ပစ်ပယ်ခံရသော အကျိုးသက်ဆိုင်သူအုပ်စုများ (အမျိုးသမီးများအပါအဝင်) အတွက် စွမ်းရည်မြှင့်တင် မှုနှင့် ထောက်ပံ့ဖြည့်ဆည်းမှုများ လိုအပ်မည်ဖြစ်ပြီး REDD+ တွင် လူထုပါဝင်ဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များကို ဒီဇိုင်း ရေးဆွဲရာတွင် ၎င်းတို့၏ လိုအပ်ချက်များကို သီးသန့်ထည့်သွင်းစဉ်းစားရန် လိုအပ်နိုင်ပါသည်။
- တိုင်းဒေသကြီး/ပြည်နယ်နှင့် အောက်အဆင့်များတွင် မြေအသုံးချမှုနှင့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုအတွက် ကော်မတီနှင့် စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များ တစ်ခုထက်မကရှိနေခြင်း ကြောင့် REDD+ PaM များအတွက် စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာတို့တွင် အကျိုးသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
- REDD+ များကို စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မည့် အဖွဲ့အစည်းများအတွက် လမ်းညွှန်ချက်များကို အသေးစိတ်ရေးဆွဲပေးပြီး အကျိုးသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်နိုင်ရန် တရားဝင် လိုအပ်ချက်များကို ဖော်ပြထားရမည်။ REDD+အတွက် အကောင်းဆုံး ကျင့်သုံးမှုများ (ဥပမာ FPIC လုပ်ငန်းစဉ်များ၊ ပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ သာတူညီမျှဖန်တီးပေးခြင်းနှင့် ထိခိုက်လွယ်သော/ပစ်ပယ်ခံရသော အကျိုးသက်ဆိုင်သူအုပ်စု များ၊ အထူးသဖြင့် အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ပေးမှုများ) နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ထည့်သွင်းလမ်းညွှန်ပေးရပါမည်။
လိုက်နာကျင့်သုံး | ဃ.၁.၁။ ဖော်ထုတ်သိရှိသည့် လူထုပါဝင်ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်သော လူအ ရေအတွက် (ကျား/မ၊ တိုင်းရင်းသားလူမျိုးစု၊ မြေယာလုပ်ပိုင်ခွင့် အဆင့်အတန်း အလိုက် ခွဲခြား၍) |
ဃ.၁.၂။ PaM အတွက် စီမံကိန်းရေးဆွဲမှု နှင့်/သို့မဟုတ် အကောင်အထည်ဖော်မှုတွင် အကျိုး သက်ဆိုင်သူများ ပါဝင် ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးသည့် စွမ်းရည်မြှင့်တင်မှု လုပ်ငန်းများ ကို အစီအစဉ်ရေးဆွဲထားသော နှင့်/သို့မဟုတ် ဆောင်ရွက်ခဲ့သော PaM များ ရာခိုင်နှုန်း (ဃ.၃.၄ နှင့် ချိတ်ဆက်နိုင်မည့် အလားအလာရှိ)၊ | |
ဃ.၁.၃။ စွမ်းရည်မြှင့်တင်မှုများတွင် တက်ရောက်သူများနှင့် တက်ရောက်သည့် နေ့ရက်ကို မြှောက်ထားသော အရေအ တွက်၊ စွမ်းရည်မြှင့်တင်မှုများ ရရှိသူအုပ်စုအလိုက် (ကျား/မ၊ တိုင်းရင်းသား၊ မြေယာလုပ်ပိုင်ခွင့် အဆင့်အတန်း) ခွဲခြား၍။ (ခ.၄.၄ နှင့်ချိတ်ဆက်)၊ | |
ဃ.၁.၄။ သင်တန်းရရှိသူများပေးသည့် ပျှမ်းမျှ စိတ်ကျေနပ်မှု အဆင့် သတ်မှတ်ချက်များ၊ သင်တန်းလက်ခံရရှိသူအုပ်စု အလိုက် ခွဲခြား၍ |
စံသတ်မှတ်ချက် ဃ-၂။ မူဝါဒ သို့မဟုတ် နည်းလမ်းတစ်ခု အား အစီအစဉ်ရေးဆွဲရာတွင် အကျိုး သက်ဆိုင်သူများ တိုက်ရိုက်ပါဝင် ဆောင်ရွက်ရန် မဖြစ်နိုင်သော နေရာများ (ဥပမာ PaM ကို အကောင်အထည်ဖော်မည့် ဧရိယာ ကြီးမားခြင်းကြောင့်) သက်ဆိုင်ရာ အုပ်စုများမှ ၎င်းတို့အား ကိုယ်စား ပြုရန်အတွက် သင့်လျော်သည့် နည်းလမ်းဖြင့် ရွေးချယ်ခန့်အပ်ပေး သော အကျိုးသက်ဆိုင်သူ ကိုယ်စား လှယ်များ၏ ပါဝင်ဆောင်ရွက်မှုကို ရရှိအောင် ဆောင်ရွက်သင့်ပြီး ထိုကိုယ်စားလှယ်များ၏ ၎င်းတို့နှင့် သက်ဆိုင်ရာ အကျိုးသက်ဆိုင်သူ အုပ်စုအပေါ် ကျေပြွန်ရမည့် တာဝန် ဝတ္တရားများကို သတ်မှတ်သင့်ပါ သည်။ အကျိုးသက်ဆိုင်သူ ကိုယ်စား လှယ်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ကောင်းစွာ သိရှိနေအောင် ဆောင်ရွက်ပေးသင့်ပါသည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုး သက်ဆိုင်သူအုပ်စုများအား သတင်းအချက်အလက်များ မျှဝေပေး ပြီး ၎င်းတို့ထံမှ တုံ့ပြန်အကြံပြုမှုများ ကို ရယူသင့်ပါသည်။
- REDD+ စီမံချက်ဆောင်ရွက်သည့် နေရာဒေသအဆင့်တွင် ဒေသခံအကျိုးသက်ဆိုင်သူများ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် ဖြစ်နိုင်သော်လည်း နိုင်ငံအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်ရှိ ဆွေးနွေးမှုများတွင်ပါဝင်ရန် ကိုယ်စားလှယ် များကို လိုအပ်နိုင်ပါသည်။ ထိုကိုယ်စားလှယ်များကို သင့်လျော်သည့် လုပ်ငန်းစဉ်တစ်ခုဖြင့် ရွေးချယ်သင့်ပါသည်။ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံများကိုယ်စား တရားဝင်ဆွေးနွေး ပြောကြားနိုင်သည့် ကိုယ်စားလှယ်များကို မည်သို့ ရွေးချယ်သင့်သည်၊ ထိုကိုယ်စားလှယ်များသည် ၎င်းတို့၏ အကျိုးသက်ဆိုင်သူအုပ်စုများအပေါ် မည်သို့တာဝန်ခံမှု/တာဝန်ယူမှု ရှိသင့်သည်ဟူသည်တို့ကို ဆုံးဖြတ်ရန် အသုံးပြုနိုင်သည့် လုပ်ငန်းစဉ်များ သို့မဟုတ် ပြဋ္ဌာန်းချက်များမှာ အနည်းငယ်မျှသာရှိပါသည်။
- နိုင်ငံအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် EAO များသည် ၎င်းတို့၏ ကိုယ်စားလှယ်များကို ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်များအသုံးပြု၍ ရွေးချယ်ပါသည်။
- REDD+ အစီအစဉ်နှင့်စပ်လျဉ်း၍ နိုင်ငံအဆင့် REDD+ အထူးလုပ်ငန်းအဖွဲ့ နှင့် နည်းပညာဆိုင်လုပ်ငန်းအဖွဲ့ အဖွဲ့သုံးဖွဲ့ကို ဆုံးဖြတ်ချက်ချမှတ်မှုများတွင် အထောက်အပံ့ပေးရန်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းတို့၏လုပ်ငန်း တာဝန်ဖော်ပြချက် (TOR) ထဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ သို့မဟုတ် ကိုယ်စားပြုသည့် အကျိုးသက်ဆိုင်သူများထံ ပြန်လည်သတင်းပို့အစီရင်ခံခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ သို့မဟုတ် ကိုယ်စားပြုသည့် အကျိုးသက်ဆိုင်သူများနှင့် ထိရောက်စွာဆက်သွယ်ခြင်း၊ စာရွက်စာတမ်းများနှင့် ဆွေးနွေးတင်ပြချက်များကို သုံးသပ်လေ့လာ၍ သဘောထားမှတ်ချက်များ၊ အကြံဉာဏ်များ ပေးခြင်းတို့အပါအဝင် ၎င်းတို့၏ အခန်းကဏ္ဍများနှင့် တာဝန်များကို အသေးစိတ် ဖော်ပြထားပါသည်။
- ‘သစ်တောများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် REDD+ အတွက် မူဝါဒများနှင့် အစီအစဉ်များတွင် အကျိုးသက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ’ ထဲတွင် သတင်းအချက်အလက်များ (ဥပမာ အကျိုးသက်ဆိုင်သူများကို သတ်မှတ်ဖော်ထုတ်ရန်အတွက် ထည့်သွင်းစဉ်းစားချက်များ၊ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များတွင် အကျိုးသက်ဆိုင်သူများ၏ အခွင့်အရေးနှင့်တာဝန် နမူနာများ၊ ဆက်သွယ်ရေး လမ်းညွှန်များ) ပါဝင်ပါ သည်။
REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
- မြန်မာနိုင်ငံတွင် အကျိုးသက်ဆိုင်သူကိုယ်စားလှယ်များကို ရွေးချယ်ရန်အတွက် အားလုံးသဘောတူလက်ခံထားသည့် တရားဝင် လုပ်ငန်းများနှင့် ထိုကိုယ်စားလှယ်များကို အများလက်ခံယုံကြည်မှုနှင့် တာဝန်ခံမှု ရှိအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများအတွက် ကျင့်သုံးနေသည့် အလေ့အကျင့်ကောင်းများ ယခုမရှိပါ။
- အားလုံးအကျုံးဝင်သော ကိုယ်စားပြုမှုနှင့် ပါဝင်ဆောင်ရွက်မှုမျိုး ရရှိစေရန်အတွက် REDD+ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းများအတွက် အကျိုးသက်ဆိုင်သူများကို စုံလင်စွာ သတ်မှတ် ထည့်သွင်းရန် လိုအပ်ပါသည်။ အကျိုးသက်ဆိုင်သူများ သို့မဟုတ် အကျိုးသက်ဆိုင်သူအုပ်စုများတွင် ‘မိမိကိုယ်မိမိ အတည်ပြုဖော်ပြနိုင်ရန်’ နည်းလမ်း ရှိသင့်ပါသည်။
- အနာဂတ်တွင် ဆောင်ရွက်မည့် တိုင်ပင်ဆွေးနွေးမှုများ သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုများ သို့မဟုတ် REDD+ စီမံကိန်းရေးဆွဲမှု/အကောင်အထည်ဖော်မှုတွင် အကျိုးသက်ဆိုင်သူများသည် ၎င်းတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ၎င်းတို့ကိုယ်တိုင် ပွင့်လင်းမြင်သာစွာ ရွေးချယ်ရန် အားပေးသည့် လုပ်ငန်းစဉ်/ လမ်းညွှန် တစ်ခုကို စာရွက်စာတမ်းတစ်ခုအဖြစ် ရေးသားပြုစုထားသင့်ပါသည်။
- အကျိုးသက်ဆိုင်သူကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်ဖော်ပြချက် (Terms of reference) ထဲတွင် မိမိတို့ ကိုယ်စားပြုသောသူများနှင့် ထိရောက်စွာ ဆက်သွယ်ရန် တာဝန်များကို ထည့်သွင်းထားသင့်ပါသည်။
- ထို့ပြင် GRM လုပ်ငန်းစဉ်သည်လည်း အကျိုးသက်ဆိုင်သူများအတွက် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ရွေးချယ်မှုလုပ်ငန်းစဉ်တို့နှင့် ပတ်သက်၍ အကြံပြုချက်များ ပေးနိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။
လိုက်နာကျင့်သုံး | ဃ.၂.၁။ အကျိုးသက်ဆိုင်သူ ကိုယ်စားလှယ်များ ပါဝင်ဆောင် ရွက်သည့် PaM စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များထဲမှ အကျိုး သက်ဆိုင်သူကိုယ်စားလှယ်များကို ရွေးချယ်ခြင် း နှင့် ရှင်းလင်း တင်ပြပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာဆောင် ရွက်ထား ကြောင်းပြသသည့် စာရွက်စာတမ်းမှတ်တမ်းများ ရှိသည့် လုပ်ငန်းစဉ် ရာခိုင်နှုန်း၊ |
ဃ.၂.၂။ အကျိုးသက်ဆိုင်သူ ကိုယ်စားလှယ်များ ပါဝင်ဆောင် ရွက်သည့် PaM စီမံကိန်းရေးဆွဲမှုလုပ်ငန်းစဉ်များထဲမှ ကိုယ် စားလှယ်များနှင့် ၎င်းတို့၏ အကျိုးသက်ဆိုင်သူအုပ်စုများ ကြား နှစ်လမ်းသွား ဆက်ဆံပြောဆိုဆွေးနွေးမှုများ ရှိကြောင်း ပြသသည့် စာရွက်စာတမ်းမှတ်တမ်းများ ရှိသော လုပ်ငန်းစဉ် ရာခိုင်နှုန်း၊ | |
ဃ.၂.၃။ အကျိုးသက်ဆိုင်သူ ကိုယ်စားလှယ်များ ရွေးချယ်မှု၊ ၎င်းတို့၏ လုပ်ဆောင်မှုများနှင့့်စပ်လျဉ်းသည့် တိုင်ကြားမှုများ လက်ခံရရှိသည့် အရေအတွက်နှင့် ဖြေရှင်းဆောင်ရွက်ပေး ခဲ့သည့် အရေအတွက်၊ |
စံသတ်မှတ်ချက် ဃ-၃။ အကျိုးသက်ဆိုင်သူများ၊ အထူး သဖြင့် ဒေသခံပြည်သူများသည် မူဝါဒများနှင့် နည်းလမ်း များကို အကောင်အထည်ဖော်ခြင်း နှင့်/သို့မဟုတ် စောင့်ကြည့် လေ့လာခြင်းတို့တွင် (မူဝါဒနှင့် နည်းလမ်း၏ သဘာဝကို ထည့်သွင်း စဉ်းစား၍) ထိရောက်စွာ ပါဝင် ဆောင်ရွက်နိုင်သည်ဆိုပါက ၎င်းတို့အား ပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးသင့်ပါသည် (ယင်းအတွက် ဘာသာစကား အခက်အခဲနှင့် ဓလေ့ထုံးစံများကို ထည့်သွင်းစဉ်းစား၍ စွမ်းရည် မြှင့်တင်မှု၊ လုပ်ထုံးလုပ်နည်း ယန္တရားများ၊ ကွန်ရက်များ၊ စသည် တည်ထောင်မှုတို့ လိုအပ်နိုင် ပါသည်) ။
သစ်တောနှင့် မြေယာဆိုင်ရာများတွင် ပူးပေါင်းပါဝင်နိုင်မှုကို အထောက်အပံ့ပေးသော မြန်မာနိုင်ငံ၏ တရားဝင် မူဘောင် ဥပမာ – အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆) တွင် မြေသိမ်းယူမှုများကြောင့် ထိခိုက်နစ်နာသူများသည် သက်ဆိုင်ရာ စီမံချက်တွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိစေရန်အတွက် မြေယာနှင့်သက်ဆိုင်သောဥပဒေများကို ပြင်ဆင်သင့်သည်ဟု ဖော်ပြထားပါသည်။ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများကို အုပ်ချုပ်ရေးအာဏာပိုင်များနှင့်အတူ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်စီမံ အုပ်ချုပ်မှုကို ခွင့်ပြုထားပြီး ကြားခံနယ်မြေကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ကို ဆောင်ရွက်ရန် ခွင့်ပြုနိုင်သည့် နယ်မြေအဖြစ် ဖွင့်ဆိုထားပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၂၀၁၉) တွင် ဒေသခံပြည်သူများ အတွက် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းနှင့် တာဝန်ဝတ္တရားများစွာကို ပြဋ္ဌာန်းပေးထားပါသည်၊ အသုံးပြုသူများအဖွဲ့ (CFUGs) ၏ တာဝန်ဝတ္တရားများကို လည်း သတ်မှတ်ထားပြီး သစ်တောဦးစီးဌာနမှ ရရှိနိုင်သည့် အထောက်အပံ့များကိုလည်း ဖော်ပြထားပါသည်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ (၂၀၁၃) သည် တောင်သူ လယ်သမားများအား ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ စျေးကွက်နှင့် သတင်းအချက်အလက်များ၊ လုပ်ကွက်ငယ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးပါက ကူညီထောက်ပံ့မှုများ လက်လှမ်းမီရရှိအောင် ပံ့ပိုးကူညီပေးရန် ရည်ရွယ်ပါသည်။
- အမျိုးသားသစ် တောသယံဇာတဆန်းစစ်လေ့လာခြင်း (NFI) နှင့် သစ်တောသယံဇာတ စောင့်ကြည့်စစ်ဆေးခြင်း စနစ်တို့တွင် ဒေသခံအကျိုးသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ဥပမာ ဆန်းစစ်မှုမပြုမီ၊ ဆန်းစစ်နေစဉ် အတွင်းနှင့် ဆန်းစစ်ပြီးနောက် တိုင်ပင်ဆွေးနွေးမှုများနှင့် အချက်အလက် စုဆောင်းမှုများတွင် ပါဝင်ဆောင်ရွက်ကြပြီး ဗဟိုအစိုးရနှင့် ဒေသခံတိုင်းရင်းသားများကြား ပဋိပက္ခများဖြစ်ပွား နေဆဲဒေသများတွင် အလေးထား ဆောင်ရွက်ကြပါသည်။
- အဆိုပြု မူဝါဒများနှင့် နည်းလမ်းများ (PaMs) အချို့ကို ဒီဇီုင်းရေးဆွဲရာတွင် အများပါဝင်ဆောင်ရွက်သည့်နည်းလမ်းကို အတိအလင်း ထည့်သွင်းထားပြီးခဲ့ပြီး စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ရာတွင်လည်း အကျိုးသက်ဆိုင်သူများ ပါဝင်ဆောင် ရွက်နိုင်မည်ဖြစ် ပါသည်။ သဘာဝထိန်း သိမ်းရေးနယ်မြေ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများနှေင့် လူထုအခြေပြု စောင့်ကြည့်လေ့လာခြင်း ပါဝင်ပါသည်။
- အကျိုးသက်ဆိုင်သူများအတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သတင်းအချက်အလက်များကို စံသတ်မှတ်ချက် ခ-၄ တွင် ကြည့်ပါရန်။
- REDD+ PaMs ဆောင်ရွက်ခြင်းနှင့် ဤစံသက်မှတ်ချက်များနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်သေးပါ။
- တရားဝင် မူဘောင်နှင့် REDD+ ဆိုင်ရာ သီးသန့်လုပ်ငန်းစဉ်များသည် အကျိုးသက်ဆိုင်သူများ၊ အထူးသဖြင့် ဌာနေတိုင်း ရင်းသားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်နိုင်သည့် အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် သီးသီးသန့်သန့် အာရုံစုးစိုက်ခြင်း မရှိပါ။
အကျိုးသက်ဆိုင်သူများ၏ ပါဝင်ဆောင်ရွက်မှုအတွက် လမ်းညွှန်ချက်များ (စံသတ်မှတ်ချက် ဃ-၁ ကြည့်ပါရန်) တွင် မြေပြင်တွင် လုပ်ငန်းများ လက်တွေ့ အကောင်အထည် ဖော်ခြင်းနှင့် စောင့်ကြည့်စစ် ဆေး/အကဲဖြတ်ခြင်း အပါအဝင် PaM များ ရေးဆွဲအကောင်အထည် ဖော်သည့် အဆင့်များအားလုံးတွင် ပါဝင်နိုင်အောင် လမ်းညွှန်ပေးသင့်ပါသည်။ ထို့ပြင် လမ်းညွှန်ချက်များသည် အမျိုးသမီးများနှင့် အခြား ထိခိုက်လွယ်သော အုပ်စုများအတွက် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် နှင့် မြှင့်တင်ပေးရန်လည်း အားပေးသင့်ပါသည်။
စီမံဆောင်ရွက် | ဃ.၃.၁။ အကောင်အထည်ဖော်မှု နှင့်/သို့မဟုတ် စောင့်ကြည့် စစ်ဆေးမှုတို့တွင် အကျိုးသက်ဆိုင်သူများကို တက်ကြွစွာ ပါဝင်ခွင့်ပြုရန် ဒီဇိုင်းရေးဆွဲထားသော PaM များ အရေအတွက် (စုစုပေါင်းထဲမှ)၊ |
လိုက်နာကျင့်သုံး | ဃ.၃.၂။ အကျိုးသက်ဆိုင်သူများ တက်ကြွစွာ ပါဝင်ဆောင် ရွက်နိုင်သည့် အလားအလာ ရှိပြီး လက်တွေ့ ပါဝင်ဆောင် ရွက်နိုင်ပြီး ထိုဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားသော REDD+ လုပ်ဆောင်ချက်များ ရာခိုင်နှုန်း၊ |
ဃ.၃.၃။ PaM များ အကောင်အထည်ဖော်မှု နှင့်/သို့မဟုတ် စောင့်ကြည့်စစ်ဆေးမှုတွင် ပါဝင်ဆောင်ရွက်သူ အရေအတွက် (ပါဝင်သည့် အခန်းကဏ္ဍ၊ ကျား/မ၊ တိုင်းရင်းသား၊ မြေယာ လုပ်ပိုင်ခွင့်အဆင့်အတန်း၊ စသည်အလိုက် ခွဲခြား၍)၊ | |
ဃ.၃.၄။ PaM များတွင် ပါဝင်ဆောင်ရွက်ရန် စွမ်းရည်မြှင့်တင် မှုများ လက်ခံရရှိသည့်သူအရေအတွက်နှင့် အကောင်အထည်ဖော်မှု နှင့်/စောင့်ကြည့် စစ်ဆေးမှုတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့သောသူ အချိုး | |
ဃ.၃.၅။ များ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ခြင်းတို့တွင် ပါဝင်ဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် တိုင်ကြားမှုများ လက်ခံရရှိသည့် အရေအတွက်နှင့် ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် အရေအတွက်၊ |